Connect with us

Hi, what are you looking for?

News

ရေးမြို့နယ် အခြေစိုက် ခမရ(၅၉၁)တပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်မှ ၄ဦးသေ၊ သေဆုံးသူများထဲတွင် တပ်မိသားစုဝင်တစ်ဦးပါဝင်

ရေးဘီးလူးအဖွဲ့အနေဖြင့် စစ်ကောင်စီတပ်များ၊ စစ်ကောင်စီသတင်းပေးဒလန်များ၊ စစ်ကောင်စီအပေါင်းအပါများအားလုံးကို သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မွန်ပြည်နယ် ရေးမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၉၁) တပ်ကို ယနေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မိသားစုဝင် တစ်ဦး အပါအဝင် ၄ဦးသေဆုံးခဲ့ကြောင်း ရေးဘီးလူး ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

မေလ ၁၀ရက် နံနက် ၁၁နာရီ ၄၀ မိနစ်တွင် ရေးဘီလူးအဖွဲ့မှ အဆိုပါ စစ်ကောင်စီတပ်ကို ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ပြန်လည် ပစ်ခတ်ခြင်းမပြုမီ ရေးဘီးလူးအဖွဲ့သားများ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

“ ဒီနေ့ မေလ ၁၀ရက်နေ့မှာ ကျောင်းရွာမှာရှိတဲ့ ၅၉၁ တပ်ရင်းတစ်ခုကို ကျွန်တော်တို့ ရေးဘီးလူးအဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့မှာ ထိခိုက်ကျဆုံးမှုမရှိဘဲ ကျွန်တော်တို့ ဆုတ်လမ်း အောင်မြင်စွာနဲ့ ကျွန်တော်တို့ရဲ့ လွတ်မြောက်နယ်မြေတစ်ခုကို ပြန်ရောက်ရှိနေတာဖြစ်ပါတယ်” ဟု ရေးဘီးလူး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရုပ်သံမှတစ်ဆင့်ပြောကြားသည်။

ရေးဘီးလူးအဖွဲ့အနေဖြင့် စစ်ကောင်စီတပ်များ၊ စစ်ကောင်စီသတင်းပေးဒလန်များ၊ စစ်ကောင်စီအပေါင်းအပါများအားလုံးကို သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်