Hi, what are you looking for?
အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။