Connect with us

Hi, what are you looking for?

News

ပြည်သူများအ​နေဖြင့် NUG အစိုးရ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဉ်များတွင် အင်တိုက်အားတိုက်ပါဝင်ကြရန် ဖယ်ခုံ PDF တိုက်တွန်း

ဖယ်ခုံ PDF သည် NUG အစိုးရဦးဆောင်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်​ရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီ​မိုက​ရေစီစနစ် ထူ​ထောင်​ရေးလုပ်ငန်းတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိ​နေ​​ကြောင်းလည်း အသိပေးသည်။

(ဖယ်ခုံ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

ပြည်သူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဉ်များတွင် အင်တိုက်အားတိုက်ပူးပေါင်းပါဝင်ကြရန် ဖယ်ခုံ PDFက ယနေ့(မတ်လ ၁၅) တိုက်တွန်းထုတ်ပြန်သည်။

“အဓိကတော့ NUGရဲ့ ဦးဆောင်မှုသည် ကောင်းမွန်နေတယ်ဆိုတာ ပြည်သူတွေ ဒီထက်ပိုယုံ ကြည်မှုရှိစေချင်တယ်။ ပြီးတော့ တော်လှန်ရေးရဲ့ အသက်ဖြစ်တဲ့ ဘဏ္ဍာရန်ပုံငွေတွေကို ပြည်သူတွေ ဒီထက်ပိုပြီး ပါဝင်ကြဖို့ တိုက်တွန်းတာပါ”ဟု ဖယ်ခုံ PDFမှ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

ဖယ်ခုံ PDF သည် NUG အစိုးရဦးဆောင်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်​ရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီ​မိုက​ရေစီစနစ် ထူ​ထောင်​ရေးလုပ်ငန်းတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိ​နေ​​ကြောင်းလည်း အသိပေးသည်။

NUG၏ ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လမ်းညွန်မှု၊ ကွပ်ကဲမှုအောက်မှ စစ်အာဏာရှင်အမြစ်ပြတ် တိုက်ဖျက်ရေးအတွက် စွမ်းစွမ်းတမှန် ဆောင်ရွက်နေရာတွင် ပြည်တွင်း၊ပြည်ပ တစ်ဦးချင်းသော် လည်းကောင်း၊ အသင်းအဖွဲ့ သော်လည်း ကောင်း တော်လှန်ရေးရန်ပုံငွေ ပူးပေါင်းထည့်ဝင်ပေးသည့်အတွက်များစွာ ကျေးဇူးတင်ဂုဏ်ပြုကြောင်းလည်း ဖယ်ခုံ PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုနည်းတူ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီပေးမှုများကိုလည်း ဖယ်ခုံ PDF မှ လက်ခံရရှိကြောင်းလည်း ဖော်ပြထားသည်။

လိုအပ်လျက်ရှိသော တော်လှန်ရေးရန်ပုံငွေကို ဖယ်ခုံ PDF ထံ တိုက်ရိုက်ပါဝင်လှူဒါန်းနိုင်သည့်အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တော်လှန်ရေး ရန်ပုံငွေ ရှာဖွေရေး လုပ်ငန်းစဉ်တွင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်းသည်။

အလားတူ စစ်အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ပေါ်ထွန်းရေး အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍသည် အင်မတန်အရေးကြီးသလိုအဓိက အခန်းကဏ္ဍတွင်လည်း ရှိနေသည်ဟု မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် Mobye PDF က ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ပြည်သူ့ခုခံစစ်စတင်သည်ဟု ကြေညာပြီးနောက် ခြောက်လအတွင်း ပြည်တွင်း၊ပြည်ပမှ ပြည်သူများ၏ ထောင်ပံ့ လှူဒါန်းမှုအရ ဒေါ်လာ သန်း၃၀ကျော်ရရှိထားပြီး ထိုအနက် ၈၅ရာခိုင်နှုန်းသည် စစ်လက်နက်ခဲယမ်း၊ဝယ်ယူမှုနှင့် ထုတ်လုပ်မှုအတွက် အသုံးပြုခဲ့သည်ဟု သိရသည်။

ထိုငွေပမာဏသည် တစ်နိုင်ငံလုံးအတိုင်းအတာရှိသည့် PDFများအတွက် လုံလောက်မှုမရှိဘဲ အနည်းငယ်မျှသာရှိကြောင်း နွေဦးတော်လှန်ရေးဦးဆောင်သူများက မှတ်ချက်ပြုသည်။

ဘဏ္ဍာရန်ပုံငွေသည် ပြည်သူ့တော်လှန်ရေး အလျင်အ မြန်အောင်မြင်ရေးတွင်အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပြီး ပြည်သူ့ရဲဘော်များ အဓိက လိုအပ်နေသော စစ်လက်နက်ခဲယမ်းပစ္စည်းများ ပိုမိုဖြည့်တင်းနိုင်ရန် ပြည်တွင်း၊ပြည်ပရှိ ပြည်သူများ၊လုပ်ငန်းရှင်များနှင့် ငွေကြေးဓန တက်စွမ်းနိုင်သူများအနေဖြင့် ဆထပ်ထမ်း ပိုးတိုး၍ ကူညီထောက်ပံ့ရန် NUG ကာကွယ်ရေးဝန်ကြီးက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook