Connect with us

Hi, what are you looking for?

News

မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်အုပ်ကြီးရုံး ​ဖောက်ခွဲခံရ

မြို့ပေါ်ရပ်ကွက်ဖြစ်ပြီး လူစည်ကားသည့် လယ်ကုန်းရပ်ကွက်မှ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးသည် နံနက် ၄နာရီခန့်တွင် ဖောက်ခွဲဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ယနေ့ (မတ်လ ၁၅) နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံလိုက်ရသည်။

မြို့ပေါ်ရပ်ကွက်ဖြစ်ပြီး လူစည်ကားသည့် လယ်ကုန်းရပ်ကွက်မှ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးသည် နံနက် ၄နာရီခန့်တွင် ဖောက်ခွဲဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။

Public Service Announcement

“မနက်စောစောမို့ လူထိခိုက်မှုမရှိခဲ့ဘူး။ ရုံးကတော့ မီးလည်းလောင်သွားတယ်”ဟု ဒေသခံတစ်ဦးက ပြော သည်။

အဆိုပါဖောက်ခွဲမှုအား မည်သည့်အဖွဲ့က ပြုလုပ်သည်ကို သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

မြစ်ကြီးနားမြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး မိုင်းဖောက်ခွဲခံရသလို ရွှေကူမြို့တွင်လည်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ရန် ယနေ့ နံနက် သတိပေးချက်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ နဘဲပင်ကျေးရွာမှာ စစ်မှုထမ်းကြေးကောက်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံးကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ ဒီနေ့ (အောက်တိုဘာလ ၂ ရက်) မနက်ပိုင်းကရွှေပန်းထိမ်ဆိုင်ကို အနုကြမ်းစီးမှုဖြစ်ပွားခဲ့ပြီး ကျုးလွန်သူလို့စွပ်စွဲခံရသူ အမျိုးသားနဲ့အမျိုးသမီးကို ဖမ်းမိခဲ့တယ်လို့ ဒေသခံအချို့ဆိကသိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။