Connect with us

Hi, what are you looking for?

News

မြို့သာလျှပ်စစ်ရုံး ဗုံးပစ်ခံရ၊ မီတာခ ​ကောက်ခံသူ များ၏အသက် စိတ်ချရမည်မဟုတ်ဟု PDF သတိ​ပေး

သတိပေးသည့်ကြားမှ မီတာကြေးဆက်လက်ကောက်မည်ဆိုပါက မီတာခ ကောက်ခံသူများ၏ အသက်ကို စိတ်ချရမည်မဟုတ်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R)က သတိပေးသည်။

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့တွင် အကြမ်းဖက်စစ်ကောင်စီက မီတာခများ ကောက်ခံရန်ပြင်ဆင်နေ၍ စစ်ကိုင်းတိုင်းမှ PDF အဖွဲ့တစ်ဖွဲ့က မြို့သာလျှပ်စစ်ရုံးအား လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်သတိပေးသွားကြောင်း ဒေသခံများက ပြောသည်။

မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ ပေါ်ရှိ လျှပ်စစ်ရုံးမှ ​အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများသည် မြို့သာပြည်သူများထံမှ မီတာကြေး ကောက်မည်ဟု သတင်းရသဖြင့် ယမန်နေ့(မတ်လ ၁၄ ရက်)ည ၇နာရီခွဲခန့် လက်ပစ်ဗုံးတစ်လုံး ပစ်ခွဲ၍ သတိပေး တားမြစ်ခဲ့ကြောင်း မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R)က သတင်းထုတ်ပြန်သည်။

သတိပေးသည့်ကြားမှ မီတာကြေးဆက်လက်ကောက်မည်ဆိုပါက မီတာခ ကောက်ခံသူများ၏ အသက်ကို စိတ်ချရမည်မဟုတ်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R)က သတိပေးသည်။

“ထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး”ဟု T.G.R အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R)သည် စစ်ကိုင်းတိုင်းအတွင်းသာမက မကွေးတိုင်း ရေစကြိုမြို့နယ်နှင့် မန္တလေးတိုင်း မြင်းခြံမြို့နယ်များကိုပါ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။