Connect with us

Hi, what are you looking for?

LuduNwayOo

News

မြို့သာလျှပ်စစ်ရုံး ဗုံးပစ်ခံရ၊ မီတာခ ​ကောက်ခံသူ များ၏အသက် စိတ်ချရမည်မဟုတ်ဟု PDF သတိ​ပေး

သတိပေးသည့်ကြားမှ မီတာကြေးဆက်လက်ကောက်မည်ဆိုပါက မီတာခ ကောက်ခံသူများ၏ အသက်ကို စိတ်ချရမည်မဟုတ်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R)က သတိပေးသည်။

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့တွင် အကြမ်းဖက်စစ်ကောင်စီက မီတာခများ ကောက်ခံရန်ပြင်ဆင်နေ၍ စစ်ကိုင်းတိုင်းမှ PDF အဖွဲ့တစ်ဖွဲ့က မြို့သာလျှပ်စစ်ရုံးအား လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်သတိပေးသွားကြောင်း ဒေသခံများက ပြောသည်။

မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ ပေါ်ရှိ လျှပ်စစ်ရုံးမှ ​အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများသည် မြို့သာပြည်သူများထံမှ မီတာကြေး ကောက်မည်ဟု သတင်းရသဖြင့် ယမန်နေ့(မတ်လ ၁၄ ရက်)ည ၇နာရီခွဲခန့် လက်ပစ်ဗုံးတစ်လုံး ပစ်ခွဲ၍ သတိပေး တားမြစ်ခဲ့ကြောင်း မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R)က သတင်းထုတ်ပြန်သည်။

သတိပေးသည့်ကြားမှ မီတာကြေးဆက်လက်ကောက်မည်ဆိုပါက မီတာခ ကောက်ခံသူများ၏ အသက်ကို စိတ်ချရမည်မဟုတ်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R)က သတိပေးသည်။

“ထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး”ဟု T.G.R အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R)သည် စစ်ကိုင်းတိုင်းအတွင်းသာမက မကွေးတိုင်း ရေစကြိုမြို့နယ်နှင့် မန္တလေးတိုင်း မြင်းခြံမြို့နယ်များကိုပါ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။