Connect with us

Hi, what are you looking for?

News

မံစီနှင့် စင်းခန်းတိုက်နယ်ရှိ အုပ်ကြီးနှင့်ရပ်​ကျေးဝန်ထမ်းများ မတ်လ ၂၂ရက် ​နောက်ဆုံးနှုတ်ထွက်ကြရန် ​ရွှေဂူ PDF သတိ​ပေး

ဖေဖော်ဝါရီအတွင်းကလည်း မဘိမ်းနှင့် မံစီမြို့နယ်ရှိ ကျေးရွာ ၃၃ခုမှ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ရန် PDF-ShweGu က သတိပေး ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်နှင့် စင်းခန်းတိုက်နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးဝန်ထမ်းများအားလုံး နှုတ်ထွက်ရန် PDF-ShweGuက ယနေ့(မတ်လ ၁၅) ထုတ်ပြန်သည်။

ယခုလ ၂၂ ရက် နောက်ဆုံးထား၍ စင်းခန်းတိုက်နယ်ရှိ စင်းခန်း၊ရွာသာယာနှင့် ဂဲမနိုင် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးဝန်ထမ်းများ နှုတ်ထွက်ရမည်ဟု ဆိုသည်။

Public Service Announcement

အလားတူ မံစီမြို့နယ်အတွင်းရှိ နမ့်သဲ၊နမ့်အူကြီး၊ဖြုတ်ကိုက်၊ပန့်သိုင်း၊မုန်းတိမ်ပါ၊မခေါ်ယမ်၊ ကောင်ဂျာ၊သံတံတား၊မလင် နှင့် စီကော် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးဝန်ထမ်းများသည် မတ်လ ၂၂ ရက် နောက်ဆုံးထားနှုတ်ထွက်ရန် PDF-ShweGu က သတိ ပေးသည်။

“ရှေ့လျှောက် တိုက်ပွဲတွေ ပိုစိပ်လာလိမ့်မယ်။ဒါကြောင့် မြေပြင်က စစ်ကောင်စီယန္တရားတွေကို အရင် ဖြိုပစ်ဖို့ ဦးစားပေးရှင်းလင်းနေတယ်။စာထုတ်သတိပေးတာ မလိုက်နာရင် နောက် ဆက်တွဲ ကိုယ့်တာဝန်ကိုယ်ယူကြရမယ်”ဟု ဗန်းမော်ခရိုင် PDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီအတွင်းကလည်း မဘိမ်းနှင့် မံစီမြို့နယ်ရှိ ကျေးရွာ ၃၃ခုမှ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ရန် PDF-ShweGu က သတိပေး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။