Connect with us

Hi, what are you looking for?

LuduNwayOo

News

မံစီနှင့် စင်းခန်းတိုက်နယ်ရှိ အုပ်ကြီးနှင့်ရပ်​ကျေးဝန်ထမ်းများ မတ်လ ၂၂ရက် ​နောက်ဆုံးနှုတ်ထွက်ကြရန် ​ရွှေဂူ PDF သတိ​ပေး

ဖေဖော်ဝါရီအတွင်းကလည်း မဘိမ်းနှင့် မံစီမြို့နယ်ရှိ ကျေးရွာ ၃၃ခုမှ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ရန် PDF-ShweGu က သတိပေး ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်နှင့် စင်းခန်းတိုက်နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးဝန်ထမ်းများအားလုံး နှုတ်ထွက်ရန် PDF-ShweGuက ယနေ့(မတ်လ ၁၅) ထုတ်ပြန်သည်။

ယခုလ ၂၂ ရက် နောက်ဆုံးထား၍ စင်းခန်းတိုက်နယ်ရှိ စင်းခန်း၊ရွာသာယာနှင့် ဂဲမနိုင် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးဝန်ထမ်းများ နှုတ်ထွက်ရမည်ဟု ဆိုသည်။

Public Service Announcement

အလားတူ မံစီမြို့နယ်အတွင်းရှိ နမ့်သဲ၊နမ့်အူကြီး၊ဖြုတ်ကိုက်၊ပန့်သိုင်း၊မုန်းတိမ်ပါ၊မခေါ်ယမ်၊ ကောင်ဂျာ၊သံတံတား၊မလင် နှင့် စီကော် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးဝန်ထမ်းများသည် မတ်လ ၂၂ ရက် နောက်ဆုံးထားနှုတ်ထွက်ရန် PDF-ShweGu က သတိ ပေးသည်။

“ရှေ့လျှောက် တိုက်ပွဲတွေ ပိုစိပ်လာလိမ့်မယ်။ဒါကြောင့် မြေပြင်က စစ်ကောင်စီယန္တရားတွေကို အရင် ဖြိုပစ်ဖို့ ဦးစားပေးရှင်းလင်းနေတယ်။စာထုတ်သတိပေးတာ မလိုက်နာရင် နောက် ဆက်တွဲ ကိုယ့်တာဝန်ကိုယ်ယူကြရမယ်”ဟု ဗန်းမော်ခရိုင် PDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီအတွင်းကလည်း မဘိမ်းနှင့် မံစီမြို့နယ်ရှိ ကျေးရွာ ၃၃ခုမှ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ရန် PDF-ShweGu က သတိပေး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။