Connect with us

Hi, what are you looking for?

News

ကလေး – ဂန့်ဂေါလမ်းရှိ နတ်ချောင်းရွာကို စစ်ကောင်စီတပ် ထပ်မံမီးရှို့နေဟု ဒေသခံပြော

ဂန့်ဂေါ -ကလေးလမ်းရှိ နတ်ချောင်းရွာကို စစ်ကောင်စီတပ်က ၂၀၂၁ ဒီဇင်ဘာက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့၍ ဒေသခံအများစု စစ်ဘေးရှောင်နေရသည့် နတ်ချောင်းရွာ နယ်မြေ(၁)ကို အကြမ်းဖက်စစ်တပ်က ယနေ့ ထပ်မံဝင်ရောက်မီးရှို့နေကြောင်း၊ အိမ်ခြေ မည်မျှ မီးရှို့ခံရသည်ကို စုံစမ်းဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းရှိ နတ်ချောင်းရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် မီးရှို့နေကြောင်း အဆိုပါရွာခံတစ်ဦးက ပြောသည်။

ဂန့်ဂေါ -ကလေးလမ်းရှိ နတ်ချောင်းရွာကို စစ်ကောင်စီတပ်က ၂၀၂၁ ဒီဇင်ဘာက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့၍ ဒေသခံအများစု စစ်ဘေးရှောင်နေရသည့် နတ်ချောင်းရွာ နယ်မြေ(၁)ကို အကြမ်းဖက်စစ်တပ်က ယနေ့ ထပ်မံဝင်ရောက်မီးရှို့နေကြောင်း၊ အိမ်ခြေ မည်မျှ မီးရှို့ခံရသည်ကို စုံစမ်းဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

“နတ်ချောင်းနယ်မြေ (၁)မှာ မီးစရှို့နေတယ်လို့ ကြားတယ်။ လွန်ခဲ့တဲ့ ၂နာရီလောက်က စပြီးတော့။ နယ်မြေ(၁) ဆိုတာ ပြီးခဲ့တဲ့ ၁၂လပိုင်းလောက်က တိုက်ပွဲဖြစ်တော့ သူတို့ စတည်းချတဲ့ စာသင်ကျောင်းနားလောက်ပေါ့။ အိမ်ခြေ ခန့်မှန်းခြေတော့ မသိရသေးဘူး။ဘယ်လိုအခြေအနေကြောင့် ရှို့တာလဲတော့ မသိဘူး။ ဒီဘက်က စပစ်တာမျိုးတော့ မရှိဘူး။ သူတို့ဘာသာ သူတို့ ရှို့တာပေါ့။ မနေ့ကတုန်းကလည်း နတ်ချောင်းမရောက်ခင် စည်သာမှာ သူတို့ စစ်ကြောင်း သုံးကြောင်း ထိုးတယ်လို့ ကြားတယ်။ အိမ်ခြေ ခန့်မှန်းခြေတော့ မသိရသေးဘူး စုံတော့ စုံစမ်းနေတုန်းပဲ” ဟု ဒေသခံက ပြောသည်။

အင်အား ၃၀ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့တစ်ခုသည် နတ်ချောင်းရွာအနီးရှိ နတ်မြောင်းရွာ အရှေ့ဘက်ခြမ်းသို့ ရောက်ရှိနေပြီး နတ်ချောင်း စာသင်ကျောင်း၌လည်း စစ်ကောင်စီတပ်ဖွဲ့ တစ်ခုရောက်ရှိနေကြောင်း၊ နတ်မြောင်းရွာမြောက်ဘက် နှင့် နတ်ချောင်းနယ်မြေ(၁)အား စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးကို ကိုးကားပြီး သတင်းရင်းမြစ် တစ်ဦးက သတင်း ပေးပို့လာသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook