Connect with us

Hi, what are you looking for?

News

မြန်မာကနေထွက်ခွာမယ့် ပြင်သစ်ရေနံကုမ္ပဏီတိုတယ်ရဲ့ရှယ်ယာကို ထိုင်း PTTEP ဝယ်ယူ

မြန်မာကနေ ထွက်ခွာမယ့် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးနှစ်ခု ရဲ့ ရှယ်ယာတွေကို ထိုင်း PTTEP ကုမ္ပဏီက ဝယ်ယူကာ ရတနာဓာတ်ငွေ့စီမံကိန်းမှာ ပိုင်ဆိုင်မှုအများဆုံးအနေနဲ့ ဆက်လက်လုပ်ကိုင်ဖွယ်ရှိနေတာပါ။

မြန်မာနိုင်ငံမှာ ပြင်သစ်ရေနံကုမ္ပဏီကြီး တိုတယ်လုပ်ကိုင်ခဲ့တဲ့ ရတနာဓာတ်ငွေ့စီမံကိန်းက ပိုင်ဆိုင်မှုရှယ်ယာတွေကို ထိုင်းရေနံကုမ္ပဏီ PTTEP က လွှဲပြောင်းဝယ်ယူမယ်လို့ ကုမ္ပဏီဘက်ကမနေ့ကမတ်လ ၁၄ ရက် ထုတ်ပြန်လာပါတယ်။

စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့် လူ့အခွင့်အရေးအခြေအနေတွေဆိုးရွားလာတဲ့အတွက် မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ပြင်သစ်ရေနံကုမ္ပဏီ တိုတယ်နဲ့ အမေရိကန်ရေနံကုမ္ပဏီ ရှက်ဗရွန် ဟာ ပြီးခဲ့တဲ့ လပိုင်းက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

မြန်မာကနေ ထွက်ခွာမယ့် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးနှစ်ခု ရဲ့ ရှယ်ယာတွေကို ထိုင်း PTTEP ကုမ္ပဏီက ဝယ်ယူကာ ရတနာဓာတ်ငွေ့စီမံကိန်းမှာ ပိုင်ဆိုင်မှုအများဆုံးအနေနဲ့ ဆက်လက်လုပ်ကိုင်ဖွယ်ရှိနေတာပါ။

လက်ရှိမှာတော့ တိုတယ်ရဲ့ရှယ်ယာတွေကို လွှဲပြောင်းရယူမယ်လို့ PTTEP ကြေညာလာပြီး အမေရိကန် ရေနံကုမ္ပဏီ ရှက်ဗရွန်ကလည်းသူရဲ့ရှယ်ယာတွေကို ရောင်းချဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ရတနာဓာတ်ငွေ့စီမံကိန်းက ထွက်ရှိတဲ့ဓာတ်ငွေ့ဟာ မြန်မာနဲ့ထိုင်းပြည်သူတွေအတွက်အရေးပါတာကြောင့် တိုတယ်ရဲ့ လုပ်ငန်းတွေကို လွှဲပြောင်းရယူဖို့ဆုံးဖြတ်ခဲ့တဲ့အကြောင်း PTTEP ကဆိုထားပါတယ်။

ကမ်းလွန်ပင်လယ်ပြင် ရတနာဓာတ်ငွေ့စီမံကိန်းမှာ ပြင်သစ်ရေနံကုမ္ပဏီ တိုတယ်က ၃၁ ဒဿမ ၂၄ ရာခိုင်နှုန်း ၊ အမေရိကန် ရေနံကုမ္ပဏီ ရှက်ဗရွန်ရဲ့လက်ခွဲ Unocal – Chevronက ၂၈ ဒဿမ ၂၆ ရာခိုင်နှုန်း ၊ ထိုင်းနိုင်ငံပိုင် PTTEP က ၂၅ ဒဿမ ၅ ရာခိုင်နှုန်း၊မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE)က ၁၅ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်ထားကြတာပါ။

မြန်မာနိုင်ငံအတွက် သဘာဝဓာတ်ငွေ့ဟာ ပြည်ပဝင်ငွေအဓိကရှာပေးတဲ့ ကဏ္ဍ ဖြစ်တာကြောင့် စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ထံ ဒီငွေတွေ ဆက်လက်မစီးဆင်းဖို့အတွက် တော်လှန်ရေးအင်အားစုတွေက နိုင်ငံတကာကိုတောင်းဆိုခဲ့တာရှိပါတယ်။

စစ်အုပ်စုဟာ သဘာဝဓာတ်ငွေ့ကရတဲ့ငွေနဲ့ လက်နက်တွေဝယ်ကာ ပြည်သူတွေကိုအကြမ်းဖက်သတ်ဖြတ်ရာမှာအသုံးချတဲ့အတွက် သွေးစွန်းငွေရပ်တန့်ရေးကမ်းပိန်းမျိုး လုပ်ဆောင်ခဲ့တာတွေရှိပါတယ်။

ဒါကြောင့်လည်း ပြင်သစ်ရေနံကုမ္ပဏီ တိုတယ်နဲ့ အမေရိကန်ရေနံကုမ္ပဏီ ရှက်ဗရွန် ဟာ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့အကြောင်းဖန်လာတာပါ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။