Connect with us

Hi, what are you looking for?

News

ရေဦး – ညောင်လှလမ်းပိုင်း PDF ပြန်ဖွင့်​ပေး

ရေဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက အင်အားအများအပြားဖြင့် လှုပ်ရှားနေပြီး မတ်လ ၁၂ရက်က ဖြစ်စဥ်တွင် အရပ်သားသုံးဦးအား သတ်ဖြတ်သွားခဲ့ပြီး နေအိမ်အချို့မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

People's Spring
People's Spring

ဒေသတွင်း လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းခွင့်တားမြစ်ထားခဲ့သည့် ရေဦး – ညောင်လှ လမ်းပိုင်းအား ယနေ့(မတ်လ၁၅ရက်) နံနက်မှစတင်၍ ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြန်လည်ဖွင့်လှစ်ပေးလိုက်သည်။

ရေဦး- ညောင်လှလမ်းပိုင်းအား မတ်လ ၁၂ရက် ည၈နာရီကစ၍ ဖြတ်သန်းခြင်းမပြုကြရန် ရေဦးပြည်သူ့ကာ ကွယ်ရေးအဖွဲ့က ကြေငြာခဲ့ခြင်းဖြစ်သည်။ ယခုအခါ ” ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်”ဟု ယနေ့ နံနက် ၈နာရီတွင် သတင်းထုတ်ပြန်ထားသည်။

ရေဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက အင်အားအများအပြားဖြင့် လှုပ်ရှားနေပြီး မတ်လ ၁၂ရက်က ဖြစ်စဥ်တွင် အရပ်သားသုံးဦးအား သတ်ဖြတ်သွားခဲ့ပြီး နေအိမ်အချို့မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ချောင်းရိုးကျေးရွာမှ အပြစ်မဲ့ပြည်သူနှစ်ဦး၊ စိမ်းစားကျေးရွာမှ အပြစ်မဲ့ပြည်သူတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး ချောင်းရွာကျေးရွာမှ အိမ်ခြေ (၁၅)လုံးခန့်လည်း မီးရှို့ဖျက်စီးခံခဲ့ရကြောင်း၊ချောင်းရိုးကျေးရွာမှ ခရစ်ယာန်ကျောင်းကိုပါ မီးရှို့ခဲ့သော်လည်း အချိန်မီငြှိမ်းနိုင်ခဲ့သဖြင့် အနည်းငယ်သာ ပျက်ဆီးခဲ့သည်ဟု ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ် ဗိုလ်မှူးအပါအဝင် ၄ဦးသေ၊ ၄ဦးအရှင်ဖမ်းမိဟု PDFဗျူဟာ(၃၃)ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် နယ်မြေချဲ့အထိုင်ချထားသည့် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ ကင်းစခန်းကို တိုက်ခိုက်ခဲ့ကြောင်း ကသာခရိုင်အမှတ်(၄)တပ်ရင်းက ပြောသည်။

သတင်း

စစ်ကောင်စီတိုက်​လေယာဥ်က စစ်သား​များကို မှားယွင်းဗုံးကြဲမိပြီးစက်သေနတ်ဖြင့်ပါပစ်ခတ်ဟု​ဒေသခံများ​ပြော

သတင်း

အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုအကျိုးအတွက်ဖိတ်ခေါ်ချက်ဟု ခေါင်းစဉ်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အပါအဝင် လက်နက်ကိုင်အဖွဲ့များ ရွေးကောက်ပွဲလမ်းကြောင်းကို ပူးပေါင်းရန် ဖိတ်ခေါ်ချက် ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ၏ လုပ်ရပ်သည် တော်လှန်ရေးအင်အားစုများအား သွေးခွဲရေးဗျူဟာဖြစ်ကြောင်း PDF၊ ဒေသကာကွယ်ရေးတပ်နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။