Connect with us

Hi, what are you looking for?

News

ရေဦး – ညောင်လှလမ်းပိုင်း PDF ပြန်ဖွင့်​ပေး

ရေဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက အင်အားအများအပြားဖြင့် လှုပ်ရှားနေပြီး မတ်လ ၁၂ရက်က ဖြစ်စဥ်တွင် အရပ်သားသုံးဦးအား သတ်ဖြတ်သွားခဲ့ပြီး နေအိမ်အချို့မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

People's Spring
People's Spring

ဒေသတွင်း လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းခွင့်တားမြစ်ထားခဲ့သည့် ရေဦး – ညောင်လှ လမ်းပိုင်းအား ယနေ့(မတ်လ၁၅ရက်) နံနက်မှစတင်၍ ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြန်လည်ဖွင့်လှစ်ပေးလိုက်သည်။

ရေဦး- ညောင်လှလမ်းပိုင်းအား မတ်လ ၁၂ရက် ည၈နာရီကစ၍ ဖြတ်သန်းခြင်းမပြုကြရန် ရေဦးပြည်သူ့ကာ ကွယ်ရေးအဖွဲ့က ကြေငြာခဲ့ခြင်းဖြစ်သည်။ ယခုအခါ ” ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်”ဟု ယနေ့ နံနက် ၈နာရီတွင် သတင်းထုတ်ပြန်ထားသည်။

ရေဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက အင်အားအများအပြားဖြင့် လှုပ်ရှားနေပြီး မတ်လ ၁၂ရက်က ဖြစ်စဥ်တွင် အရပ်သားသုံးဦးအား သတ်ဖြတ်သွားခဲ့ပြီး နေအိမ်အချို့မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ချောင်းရိုးကျေးရွာမှ အပြစ်မဲ့ပြည်သူနှစ်ဦး၊ စိမ်းစားကျေးရွာမှ အပြစ်မဲ့ပြည်သူတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး ချောင်းရွာကျေးရွာမှ အိမ်ခြေ (၁၅)လုံးခန့်လည်း မီးရှို့ဖျက်စီးခံခဲ့ရကြောင်း၊ချောင်းရိုးကျေးရွာမှ ခရစ်ယာန်ကျောင်းကိုပါ မီးရှို့ခဲ့သော်လည်း အချိန်မီငြှိမ်းနိုင်ခဲ့သဖြင့် အနည်းငယ်သာ ပျက်ဆီးခဲ့သည်ဟု ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။