သတင်း စစ်တပ်တိုက်လေယာဥ် ဗုံသွားကြဲရင်းမှော်ဘီမှာပျက်ကျတာဖြစ်ပြီး ၁ ဦးသေဟုစစ်ရေးသတင်းရင်းမြစ်အချို့ပြော မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ လေ့ကျင့်ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီးလေယာဥ်ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦးသေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့ကပြောပါတယ်။ ludunwayooဩဂုတ် 4, 2026
သတင်း စစ်တပ်နဲ့တွေ့ဆုံခဲ့မှုမှာအဓိကတာဝန်ရှိတဲ့ အဖွဲ့ဥက္ကဋ္ဌ ကို တာဝန်မှ ရပ်စဲလိုက်ကြောင်း CNO ထုတ်ပြန် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟုကြေညာ ludunwayooဩဂုတ် 4, 2026
သတင်း ရန်ကုန်မှာလသားအရွယ်အမွှာကလေးလေးနှစ်ဦးကိုစွန့်ပစ်ထား ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။ ludunwayooဩဂုတ် 4, 2026
သတင်း ခြောက်လအတွင်းနိုင်ငံရဲ့အရှေ့တောင်ပိုင်းဒေသတွေမှာစစ်တပ်လက်ချက်နဲ့အရပ်သား၇၀ နီးပါးသေဆုံး အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 4, 2026
သတင်း ဝက်လက်မှာစပါးရောင်းထားတဲ့အိမ်ဓားပြတိုက်ခံရပြီး အမျိုးသားဖြစ်သူသတ်ဖြတ်ခံရ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ludunwayooဩဂုတ် 4, 2026
သတင်း ငပလီကိုစစ်တပ်ကလေယာဉ်အုပ်နဲ့ ဗုံးအလုံး ၆၀ကျော်ကြဲ၊အရပ်သားအနည်းဆုံး ၂ ဦးဒဏ်ရာရ သံတွဲမှာ ၁၁ ရက်အတွင်းစစ်တပ်ဗုံးကြဲလို့ ၇ ဦးသေပြီး ၃၆ ဦး ဒဏ်ရာရ ludunwayooဩဂုတ် 4, 2026
သတင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အရေးကြီးအချက်အလက်တွေကို ပွင့်လင်းစွာထုတ်ပြန်ပေးဖို့ ICRC ကို PPNM တောင်းဆို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အရေးကြီးအချက်အလက်တွေကို ICRC အနေနဲ့ အများပြည်သူ သိရှိနိုင်ဖို့ ပိုမိုပွင့်လင်းမြင်သာစွာ ထပ်မံထုတ်ပြန်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တောင်းဆိုပါတယ်။ ludunwayooဩဂုတ် 4, 2026
သတင်း ဒေါနတောင်အရှေ့ခြမ်းတိုက်ပွဲစစ်တပ်ကခမရ(၂၀၃)တပ်ရင်း စစ်ကြောင်းမှူးအပါအ၀င် စစ်ကြောင်း တစ်ကြောင်းလုံးနီးပါး ပြုတ် လက်နက်မျိုးစုံ ၁၀ လက်နဲ့ခဲယမ်းတွေသိမ်းဆည်းရရှိ ludunwayooဩဂုတ် 4, 2026
သတင်း မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း ဒေသခံတွေရဲ့ နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီး မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 4, 2026
သတင်း ရေတိုက်စားမှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားတစ်စင်း ပျက်စီး ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပိုင်းဆက်သွယ်ထားတဲ့ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။ ludunwayooဩဂုတ် 4, 2026