Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောင်ကောင်က လူစည်ကားရာ နေရာမှာ ခွေးလေးတွေကို ခွေးကြီးတစ်ကောင် ကိုက်သတ်၊ ပိုင်ရှင်ကို ရဲတပ်ဖွဲ့ဖမ်းဆီး

ဟောင်ကောင်မှာ အိမ်မွေးခွေးလေး နှစ်ကောင်ကို ခွေးကြီးတစ်ကောင်က ရက်ရက်စက်စက် ကိုက်သတ်ခဲ့တဲ့နောက် ပိုင်ရှင်ဖြစ်သူကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ဟောင်ကောင်မှာ အိမ်မွေးခွေးလေး နှစ်ကောင်ကို ခွေးကြီးတစ်ကောင်က ရက်ရက်စက်စက် ကိုက်သတ်ခဲ့တဲ့နောက် ပိုင်ရှင်ဖြစ်သူကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ဩဂုတ် ၁၇ ရက်နေ့ ညနေပိုင်းတုန်းက ဟောင်ကောင်ရဲ့ YOHO စျေးဝယ်စင်တာနားမှာ မျိုးစပ်ခွေး တစ်ကောင်လို့ ယူဆရတဲ့ ခွေးညိုကြီးက ၁၇ နှစ်အရွယ် poodle ခွေးလေး တစ်ကောင်ကို တိုက်ခိုက်ခဲ့တာကြောင့် ခွေးလေး အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။ ခွေးလေးရဲ့ ပိုင်ရှင်တွေက နီးရာ တိရစ္ဆာန် ဆေးကုခန်း တစ်ခုဆီ အဆောတလျင် ပို့ဆောင်ခဲ့ပေမယ့် အသက်မမီခဲ့ပါဘူး။

နောက်ထပ် မိနစ် ၂၀ လောက် အကြာမှာတော့ အဲဒီခွေးကြီးကပဲ ၄ နှစ်အရွယ် Bichon Frise ခွေးလေးတစ်ကောင်ကို အနီးက ပန်းခြံတစ်ခုနားမှာ ကိုက်ခဲ့ပြန်ပါတယ်။ အဲဒီခွေးလေးလည်း ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

ရန်လိုတိုက်ခိုက်ခဲ့တဲ့ ခွေးညိုကြီးက ကီလိုဂရမ် ၆၀ လောက် အလေးချိန်ရှိပြီး အကိုက်ခံရတဲ့ ခွေးလေးတွေကတော့ ၅ ကီလိုဂရမ်လောက်သာ အသီးသီး အလေးချိန် ရှိခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာဟာ လူစည်ကားတဲ့ နေရာတွေမှာပါ။ အဲဒီလို နေရာမျိုးတွေမှာ အရွယ်အစား ကြီးမားပြီး ရန်လိုတဲ့ ခွေးတစ်ကောင် လွတ်လွတ်လပ်လပ် သွားလာနေတယ် ဆိုတာက ထိတ်လန့်စရာ ဖြစ်လာသလို လူမှုကွန်ရက်ပေါ်မှာလည်း ဒီအကြောင်း ဝေဖန်မှုတွေ ကျယ်လောင်လာပါတယ်။

ဟောင်ကောင် ရဲတပ်ဖွဲ့ဟာ နောက်ဆုံးမှာ အဲဒီခွေးညိုကြီးကို ဖမ်းမိခဲ့ပြီး စိုက်ပျိုးရေး၊ ရေလုပ်ငန်းနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနဆီ လွှဲပေးခဲ့ပါတယ်။ ဌာနရဲ့ အရာရှိတွေက ခွေးကြီးဟာ လေလွင့်ခွေးတစ်ကောင် မဟုတ်ဘဲ ပိုင်ရှင်ရှိတယ် ဆိုတာကို လည်ပင်းက မိုက်ခရိုချစ်ပ်အရ အတည်ပြုနိုင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ တာဝန်ရှိသူတွေက ခွေးပိုင်ရှင်ကို လိုက်ရှာခဲ့ပြီး ဩဂုတ် ၁၈ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။ ခွေးပိုင်ရှင်ကလည်း အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေး မေးမြန်းမှုတွေမှာ လိုလိုလားလား ပူးပေါင်းပေးနေတယ်လို့ ဆိုပါတယ်။ ခွေးပိုင်ရှင်ဟာ တရားဝင် လိုင်စင်ယူပြီး ခွင့်ပြုချက်နဲ့အညီ မွေးထားတာလို့ ရဲတွေက ပြောပါတယ်။

ဒါပေမဲ့ လူစည်ကားရာ နေရာမှာ ခွေးကြီးကို အထိန်းကြိုး မပါဘဲ လွှတ်ထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ ပိုင်ရှင်က ကျိန်းသေပေါက် ဖြေရှင်းရမယ့် သဘောပါ။ လက်ရှိ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းတွေအရ ကီလိုဂရမ် ၂၀ ထက် ပိုလေးတဲ့ ခွေးတွေဟာ လူစည်ကားတဲ့ နေရာတွေမှာ ၂ မီတာထက် မပိုတဲ့ သိုင်းကြိုးနဲ့ ချည်နှောင်ထားဖို့ လိုအပ်ပါတယ်။ ခွေးလေးနှစ်ကောင်ကို ကိုက်သတ်ခဲ့တဲ့ ခွေးကြီးကို သီးခြား ဘယ်လို အရေးယူမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ကိုးကား: Standard

ဆက်စပ်သတင်းများ

ဆောင်းပါး

မှောင်စပျိုးပြီဆိုတာနဲ့ မြို့လမ်းမပေါ်သွားလာလူပ်ရှားသူ တွေတစတစလျော့နည်းလာခဲ့ပြီး တဖြေးဖြေးနဲ့ရှင်းလင်း ၊တိတ်ဆိတ်မူတွေဆီဦးတည်ကာ အထီးကျန်စရာကောင်း တဲ့ ရန်ကုန်မဆန်တဲ့ ရန်ကုန်ညရောက်ရှိလာပါတယ်။

ဆောင်းပါး

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ပြီးနောက်ပိုင်း သူမရဲ့ တခြားဘယ်မိသားစုဝင်မှ တိုက်ချီဒိုလောက် နှစ်အကြာကြီး အတူမနေခဲ့ရပါဘူး။ တိုက်ချီဒိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ၁၁ နှစ်လောက်အတူနေခဲ့ပြီး သူ့အသက် ၁၆ နှစ်အရွယ်မှာ သူ့မိခင်ကြီး ပြန်လည်လွတ်မြောက်လာမယ့်ရက်ကို စောင့်ဆိုင်းရင်း ဒီနေ့ ဇွန်လ ၂၁ ရက် ညဦးပိုင်းမှာ...

နိုင်ငံတကာ

တောင်ကိုရီးယား တိရစ္ဆာန်ရုံ တစ်ခုကနေ ထွက်ပြေး လွတ်မြောက်သွားတဲ့ ဝံပုလွေကို ၉ ရက် အကြာမှာ အောင်အောင်မြင်မြင် ပြန်လည် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ခိုးယူသွားသူတွေ လက်ထဲကနေ အပြန်အလှန် ဖေးမရင်း စုစုစည်းစည်းနဲ့ အိမ်ပြန်လာနိုင်ခဲ့တဲ့ ခွေးလေး ၇ ကောင်ရဲ့ ခရီးစဉ်ဟာ တရုတ် လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။

Facebook