Hi, what are you looking for?
ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးသန်းဝင်းဟာ ကိုယ့်ကိုယ်ကိုယ် ကတ်ကြေးနဲ့ထိုးပြီး သေကြောင်းကြံလို့ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံမှာ အရေးပေါ် ကုနေရပါတယ်။
ခိုလှုံရောက်ရှိလာသော CDM မိသားစုဝင်များ၏ လုံခြုံ ရေး၊ စားဝတ်နေရေးအဝဝကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ ဝက်လက်မြို့နယ်အတွင်း ပြည်သူ့ရင်ခွင် ခိုလှုံချင်သော ပြည်သူ့စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်-ဝက်လက် ဖေ့စ်ဘွတ်ခ်စာမျက်နှာ message box သို့ ဆက်သွယ်နိုင်ကြောင်း ပြည်သူ့ရင်ခွင်-ဝက်လက်အဖွဲ့က အသိပေးသည်။
မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် မင်းအောင်လှိုင်လက်ပါး စေ အကြမ်းဖက်စစ်သားများသည် ချင်းဆိုင်ရွာဘက်သို့ ကြောက်လန့်တကြား ရမ်းသမ်းပစ်ခတ်ကာ မိုင်းထိမှန်ထားသော ယာဉ်များကို ချန်ရစ်ပြီး ကျန်ယာဉ်များပေါ်သို့ ရုပ်အလောင်းများ တင်ဆောင်ကာ ကလေးမြို့တွင်းသို့ အမြန်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း ထပ်မံဖော်ပြထားသည်။