Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမှာ PDF အ‌ယောင်ဆောင်ပြီး စစ်ဆေးပိုက်ဆံတောင်းနေတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အ‌ယောင်ဆောင်ပြီး အရပ်သားတွေကို စစ်ဆေးပိုက်ဆံတောင်းနေတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

(ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ရဲဘော်တွေကို တွေ့ရစဉ်။ ရေစကြို ပကဖ)

ဇွန်-၂၈၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အ‌ယောင်ဆောင်ပြီး အရပ်သားတွေကို စစ်ဆေးပိုက်ဆံတောင်းနေတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ရေစကြိုမြို့ပေါ်ကနေ စစ်တပ်က အင်အား ၄၅ ဦးနဲ့ မြို့နဲ့ (၁)မိုင်ခွဲ၀န်းကျင်က ပေကုန်းကျေးရွာနားမှာ မနေ့က (ဇွန်လ ၂၇ ရက်) ညနေ ၆နာရီ၀န်းကျင်က PDF အယောင်ဆောင်ကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးပိုက်ဆံတောင်းနေတာလို့ ဆိုပါတယ်။

ဒါ့ကြောင့် ပေကုန်းကျေးရွာဘောလုံးကွင်းထိပ်မှာ ကာကွယ်ရေးရဲဘော်တွေက အနီးကပ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ဒဏ်ရာရသူတချို့ရှိတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ တိုက်ခိုက်မှုကို ရေစကြို ပကဖ နဲ့ အတူ ပခုက္ကူခရိုင် တပ်ရင်းအမှတ်(၉)တို့ပူးပေါင်းခဲ့တာလို့လည်း သိရပါတယ်။

“ထိတွေ့မှုက ၁၅မိနစ်လောက် ကြာခဲ့တယ်။စစ်တပ်ဘက် အထိခိုက်က နှစ်ယောက်ကတော့အပြင်းထန်ဒဏ်ရာရတယ်”လို့ အထက်ပါတာ၀န်ရှိသူက တိုက်ခိုက်မှုဖြစ်စဉ်ကို ရှင်းပြပါတယ်။

စစ်တပ်က ရေစကြိုမြို့နယ် ကာကွယ်ရေးအဖွဲ့တွေရဲ့ ယူနီဖောင်းဝတ်ဆုံတွေသုံးပြီး ဒေသခံတွေ ထင်ယောင်ထင်မှား ဖြစ်စေဖို့ စစ်ကြောင်းထိုးတာတွေ လည်းရှိတယ်လို့ သူက ပြောပါတယ်။

အခုဇွန်လ ၁၇ ရက်ကလည်း ရေစကြိုမြို့တောင်ဘက်က ၂၀၀၀ပြည့်ရပ်ကွက်အနီးမှာ စစ်တပ်ကင်းပတ်လာတာကို စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူ ၅ဦးရှိတယ်လို့ ရေစကြို ပကဖ က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဇွန်လ ၈ ရက်ကလည်း စစ်တပ်အတွက် တပ်သားသစ်တွေ စုဆောင်းပေးနေတဲ့ ရေစကြိုမြို့ အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့သားဖြစ်သူ ပျူစောထီးတို့ နေအိမ်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာရှိပါတယ်။

ရေစကြိုမြို့အနောက်ဘက် (၂)မိုင်၀န်းကျင်အကွာ ဖူလုံကျေးရွာအနီးမှာ စစ်တပ်ရဲ့ အမှတ်(၂၅၆၊၂၅၈၊၂၅၈) ခြေလျင်တပ်ရင်းတွေ ရှိပါတယ်။ဒါ့အပြင် ပခုက္ကူမြို့နယ်နဲ့ ဆက်စပ်နေတာကြောင့်လည်း တပ်မ(၁၀၁) ကနေ ရေစကြိုမြို့နယ်ကို မကြာခဏ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မြောက်ခြမ်း၊တလိုင်း(ထီးလှိုင်)ရွာကို စစ်တပ်က ဂျက်ဖိုက်တာတိုက်​လေယာဥ်​တွေနဲ့ ဒီက​နေ့မှာဗုံးကြဲတာ​ကြောင့်ကလေးငယ် တွေအပါအဝင် ပြည်သူ၈ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တိုက်ပွဲမှာ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေ အကြိမ်ပေါင်းများစွာ အသုံးပြု တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ရုရှားနိုင်ငံထုတ် Mi-17 ရဟတ်ယာဉ် ရပ်နေတုန်း နောက်ပိုင်းကို ဒရုန်းနဲ့တိုက်ခိုက်လိုက်တာကြောင့် အောက်ပိုင်းတွေပျက်စီးသွားတဲ့ ရဟတ်ယာဉ် စက်လုံးလုံးရပ်တန့်သွားချိန်မှာ ဦးခေါင်းပိုင်းကိုနောက်ထပ်ဒရုန်းတစ်စင်းက တိုက်ခိုက်လိုက်လို့ မီးလောင်ပေါက်ကွဲပြီးမီးခိုးလုံးထွက်လာပါတယ် ။ ဒရုန်း ၂ စင်းနဲ့ ထိထိမိမိ တိုက်ခိုက်ခံရတာမို့ စစ်သုံးသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် အကြီးအကျယ်ထိခိုက်ပျက်စီးသွားပါတယ် ။