Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံးကိုးရှိ စစ်ရှောင်စခန်းတွင် စစ်ဘေးဒုက္ခသည် ၁၀၀ ခန့်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ

မုံးကိုးစစ်ဘေးရှောင်စခန်းတွင် စက်တင်ဘာ ၂၄ရက် ညအထိ ‌စစ်ဆေးချက်အရ ပိုးတွေ့လူနာ ၉၃ဦးရှိနေပြီဖြစ်သည်။ ၉၃ဦးအနက် ၆ ဦးမှာ သင်းအုပ်ဆရာများဖြစ်သည်။

People's Spring
People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲအတွင်းရှိ စစ်ဘေးရှောင်စခန်းတွင် ကိုဗစ်ရောဂါ ကူးစက်မှုဆိုးရွားနေပြီး စစ်ဘေးဒုက္ခသည် ၁၀၀ခန့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်။

“စစ်ဘေးရှောင်နေရသူ ခုနှစ်ရာကျော်မှာ တစ်ရာလောက်ပိုးတွေ့ထားတယ်။ စစ်ဆေးဆဲလူ‌တွေလည်း ကျန်သေးတယ်။ ဆေးဝါးလုံလောက်မှုလည်း မရှိဘူး”ဟု စစ်ဘေးရှောင်နေရသူတစ်ဦးက ပြောသည်။

မုံးကိုးစစ်ဘေးရှောင်စခန်းတွင် စက်တင်ဘာ ၂၄ရက် ညအထိ ‌စစ်ဆေးချက်အရ ပိုးတွေ့လူနာ ၉၃ဦးရှိနေပြီဖြစ်သည်။ ၉၃ဦးအနက် ၆ ဦးမှာ သင်းအုပ်ဆရာများဖြစ်သည်။

မုံးကိုးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ကိုးကန့်အဖွဲ့ (MNDAA)သည် ဩဂုတ်ကစတင်၍ တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပြီး ယနေ့အချိန်အထိလည်း မကြာ ခဏတိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် လူမှုကူညီရေးအဖွဲ့များက မုံးကိုးတွင်လတ်တလော ရင်ဆိုင်နေရသော ကမ္ဘာ့ကပ်ရောဂါဘေးကို ကူညီဖြေရှင်းပေးရန် ဒေသခံများနှင့် စစ်ဘေးရှောင်များက တောင်းဆိုသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

သတင်း

ယခုအခါ စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်တောင်ပေါ်၌ အခိုင်အမာစခန်းတည်ဆောက်ထားပြီး စခန်းပတ်ချာလည်ရှိ ဒေသခံများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

သတင်း

နိုဝင်ဘာလ ၇ ရက်တွင် မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့က ဖော်ဆောင်ခဲ့သည့် စစ်ဆင်ရေး သတင်းများကို ဖော်ပြရာ၌ အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

MNDAAနှင့် AAက သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်စခန်း ၁၂၀၊ TNLAက သိမ်းပိုက်ထားသည့်စစ်ကောင်စီတပ်စခန်း ၃၃ ခုရှိပီး စုစုပေါင်း တပ်စခန်း ၁၅၃ခုကိုသိမ်းပိုက်ရရှိထားသည်ကိုညီနောင်မဟာမိတ် ၃ဖွဲ့၏ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။