Connect with us

Hi, what are you looking for?

သတင်း

ရေဦးမြို့က ဗိုလ်ချုပ်ကြေးရုပ်ကိုလည်း စစ်အုပ်စုကဖျက်ဆီးပြန်

စစ်ကိုင်းတိုင်းရေဦးမြို့မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ယမန်နေ့(ဇွန်လ ၂၇ရက်) ညနက်ပိုင်းမှာ စစ်အုပ်စုက ဘူဒိုဇာနဲ့ထိုးပြီး ဖြိုချဖျက်ဆီးသွားပါတယ်။

(​ရေဦးမြို့က ဗိုလ်ချုပ်ရုပ်ထု မဖျက်ဆီးခံရစဥ်။ဓါတ်ပုံ-CJ )

ဇွန်-၂၈၊၂၀၂၆။စိုင်းနောင်/People’s Spring

စစ်ကိုင်းတိုင်းရေဦးမြို့မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ယမန်နေ့(ဇွန်လ ၂၇ရက်) ညနက်ပိုင်းမှာ စစ်အုပ်စုက ဘူဒိုဇာနဲ့ထိုးပြီး ဖြိုချဖျက်ဆီးသွားပါတယ်။

ရေဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို လူခြေတိတ်ချိန်မှာဖျက်ဆီးသွားတာလို့ မြို့ခံအချို့ကပြောပါတယ်။

“ဒေသခံပြည်သူတွေကိုယ်တိုင် ငွေကြေးတွေထည့်ဝင်ပြီးတည်ဆောက်ခဲ့တာ။ ကျနော်တို့ယုံကြည်လေးစားရတဲ့ဗိုလ်ချုပ်ရဲ့အမှတ်တရပုံရိပ်ကိုဖျက်ဆီးသွားတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရေဦးမြို့ကဗိုလ်ချုပ်ကျေးရုပ်ကို အမျိုးသားဒီမိုကရေစီအစိုးရလက်ထက် ၂၀၁၈ခုနှစ်မှာ ဌာနဆိုင်ရာနဲ့ပြည်သူတွေပူးပေါင်းပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဗိုလ်ချုပ်ရုပ်တုကိုဖြိုချဖျက်ဆီးသွားတဲ့လုပ်ရပ်ကို မြို့ခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ရှုတ်ချနေကြပါတယ်။

“နှစ်ပေါင်းများစွာအတွက်ကြိုတင်စဉ်းစားပြီးမှ ကားလမ်းမကြီးနဲ့လွတ်အောင်လည်း ပိုက်ဆံတွေအကုန်ခံပြီးမှ အကုန်လုံးတွက်ချက်ပြီးတည်ဆောက်ခဲ့တာ။ သေသေချာချာ အခန်းခမ်းနားနားတည်ဆောက်ခဲ့တဲ့ဗိုလ်ချုပ်ရုပ်ထုဖြစ်တယ်။ ညကတော့ ဖြိုချသွားပါပြီ” လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌဦးမြင့်ထွေးကပြောပါတယ်။

ဗိုလ်ချုပ် အောင်ဆန်းအပေါ်ပြည်သူလူထုရဲ့ချစ်ခင်မှုကိုအာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနာလိုတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမိုင်းကိုဖျောက်ဖျက်ချင်လို့ ဖျက်ဆီးနေတာလို့ ပြည်သူအချို့ကမှတ်ချက်ပြုပါတယ်။ နိုင်ငံအနှံ့မှာရှိနေတဲ့ဗိုလ်ချုပ် ကြေးရုပ်တွေကို စစ်အုပ်စုကလိုက်လံဖျက်ဆီးနေပြီး ဇွန်လ ၇ရက်နေ့ကလည်းတောင်ငူမြို့ ၁၇ ရပ်ကွက်၊ ကန်လမ်းအတက်၊ ဗိုလ်ချုပ်ရင်ပြင်မှာထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို စစ်အုပ်စုက ဖျက်ဆီးသွားခဲ့ပါတယ်။

ရေဦးမြို့မှာ လက်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းတွေနဲ့အင်အားဖြည့်ထားပါတယ်။ တိုင်းရင်းဆေးရုံနဲ့ မြို့အဝင်က အရပ်သားပြည်သူတွေပိုင်တဲ့အဆောက်အအုံတွေမှာ စစ်တပ်က ကတုပ်ကျင်းတွေတူးပြီးအခိုင်မာတပ်စွဲထားပါတယ်။ပြီးခဲ့တဲ့ဇွန်လလယ်က စစ်မှုထမ်းဖို့အတွက်ဖမ်းဆီးခံထားရတဲ့ အမျိုးသားခုနစ်ဦးဟာ ရေဦးမြို့နယ် ပကဖထံကို ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

‎ကချင်ပြည်နယ်က မြစ်ဆုံရေကာတာစီမံကိန်း လုပ်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့အာဏာသိမ်းစစ်အုပ်စုက လူထုစည်းရုံးလှုံ့ဆော်မှုတွေကို ကြိမ်ပေါင်းများစွာပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်လို့ ပြည်သူတွေအနေနဲ့ အဲဒီလုပ်ငန်းတွေမှာပါဝင်ခြင်းမပြုဖို့ ကချင်လူအခွင့်အရေးစောင့်ကြည့်အဖွဲ့ (KHRW)က ဒီကနေ့သြဂုတ်၁၁ရက်မှာပြည်သူသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ သရက်-မင်းတုန်းလမ်းပိုင်းမှာ စစ်အုပ်စုကိုတိုက်ခိုက်ရာ သေဆုံးသူတွေရှိကာ လက်နက်နဲ့ခဲယမ်းတချို့ သိမ်းရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ