Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်အားလုံးပြီးဆုံး၊ ၃၂ သင်း ရှုံးထွက်ပွဲစဉ် စာရင်းထွက်ပေါ်လာ

လက်ရှိ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးရဲ့ အုပ်စုအဆင့် ပွဲစဉ်အားလုံး ပြီးဆုံးသွားပြီဖြစ်ပြီး ၃၂ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေ ထွက်ပေါ်လာပါတယ်။

လက်ရှိ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးရဲ့ အုပ်စုအဆင့် ပွဲစဉ်အားလုံး ပြီးဆုံးသွားပြီဖြစ်ပြီး ၃၂ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေ ထွက်ပေါ်လာပါတယ်။

အခုနှစ် ကမ္ဘာ့ဖလားမှာတော့ အုပ်စုပထမနဲ့ ဒုတိယ အသင်းတွေသာ မကဘဲ အုပ်စုတတိယ နေရာတွေက အကောင်းဆုံး အသင်း ၈ သင်းပါ ရှုံးထွက်အဆင့် တက်ရောက်ခွင့် ရခဲ့ကြပါတယ်။ အုပ်စုပွဲစဉ်တွေ နောက်ဆုံးယှဉ်ပြိုင်ရာမှာ အုပ်စု(J)ရဲ့ အယ်လ်ဂျီးရီးယားနဲ့ ဩစတြီးယားတို့က ၃ ဂိုးစီ သရေကျခဲ့တာကြောင့် နှစ်သင်းလုံး ရှုံးထွက်အဆင့်ကို အောင်အောင်မြင်မြင် တက်ရောက်သွားနိုင်ခဲ့ပါတယ်။ အုပ်စု (G)ရဲ့ တတိယ နေရာမှာ ရှိနေခဲ့တဲ့ အီရန်ကတော့ အဲဒီပွဲ ရလဒ်ကြောင့် အကောင်းဆုံး အုပ်စု တတိယ အသင်းတွေ စာရင်းမှာ နံပါတ် ၉ ဆီ ရောက်သွားပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ အစောပိုင်းတုန်းက အီရန်ဟာ နောက်တစ်ဆင့်တက်ဖို့ အတော်လေး မျှော်လင့်ချက် အားကောင်းနေခဲ့တာပါ။

အုပ်စုပွဲစဉ်တွေရဲ့ နောက်ဆုံး ရလဒ်တွေမှာတော့ လက်ရှိ ချန်ပီယံ အာဂျင်တီးနားကလည်း ဂျော်ဒန်ကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရပြီး အုပ်စုပွဲစဉ် ၃ ခုလုံး ရာနှုန်းပြည့် အနိုင်ရလဒ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အခုနှစ် ကမ္ဘာ့ဖလားမှာ အုပ်စုပွဲစဉ် အားလုံး အနိုင်ရခဲ့တဲ့ အသင်းတွေက အာဂျင်တီးနား၊ ပြင်သစ်နဲ့ ပူးတွဲအိမ်ရှင် မက္ကဆီကိုတို့ ၃ သင်းသာ ရှိခဲ့ပါတယ်။ အာဂျင်တီးနားနဲ့ ပြင်သစ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ကြဖူးပါတယ်။

ဇွန်လ ၂၇ ရက်နေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွေမှာ နာမည်ကြီး အင်္ဂလန်ကလည်း ပနားမားကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး အုပ်စု(L)ရဲ့ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပါတယ်။ တခြား နာမည်ကြီး အသင်းတစ်သင်းဖြစ်တဲ့ ပေါ်တူဂီကတော့ ကိုလံဘီယာနဲ့ ဂိုးမရှိ သရေကျခဲ့ပြီး အုပ်စု ဒုတိယ နေရာနဲ့သာ နောက်တစ်ဆင့်ကို တက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေကို ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင် ၃ ရက်နေ့ထိ ယှဉ်ပြိုင်ကြမှာပါ။ အဲဒီပွဲစဉ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

တောင်အာဖရိက – ကနေဒါ
ဘရာဇီး – ဂျပန်
ဂျာမနီ – ပါရာဂွေး
နယ်သာလန် – မော်ရိုကို
ပေါ်တူဂီ – ခရိုအေးရှား
အိုင်ဗရီကို့စ် – နော်ဝေး
ပြင်သစ် – ဆွီဒင်
မက္ကဆီကို – အီကွေဒေါ
အင်္ဂလန် – ကွန်ဂို
ဘယ်လ်ဂျီယမ် – ဆီနီဂေါ
အမေရိကန် – ဘော့စ်နီးယား
စပိန် – ဩစတြီးယား
ဆွစ်ဇာလန် – အယ်လ်ဂျီးရီးယား
ဩစတြေးလျ – အီဂျစ်
အာဂျင်တီးနား – ကိပ်ဗာဒီ
ကိုလံဘီယာ – ဂါနာ

ကိုးကား: FIFA

ဓာတ်ပုံ – Reuters, Getty Images, AP, EPA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟယ်ရီကိန်း အဂ်န်ကစားသမား​တွေထဲ ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံးဖြစ်လာပြီး ၊မက်ဆီက ​ရွှေဖိနပ်ဆုအတွက် ၂ ဂိုးအသာနဲ့ဆက်လက်ဦး​ဆောင်

နိုင်ငံတကာ

ကမ္ဘာ့ဖလားကို ပွဲဦးထွက် ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့ အာဖရိက အသင်းငယ်လေး ကိပ်ဗာဒီရဲ့ အိပ်မက်တွေက ဆက်ပြီး ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ဆော်ဒီအာရေးဘီးယားနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ် အပြီးမှာတော့ အာဖရိကတိုက် အနောက်ဖက် ကမ်းလွန်က ကျွန်းနိုင်ငံ သေးသေးလေးဟာ အုပ်စု(H)ရဲ့ ဒုတိယ နေရာမှာ...

နိုင်ငံတကာ

အုပ်စုအောက်ဆုံးအီ​ကွေ​ဒေါကဂျာမနီကိုအနိုင်ယူပြီးရှုံးထွက်တက်ဖို့အ​ခြေအ​နေ​ကောင်း

နိုင်ငံတကာ

ဒီနေ့ မနက်မစောပိုင်းက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု-A၊ B နဲ့ C တို့ အုပ်စုနောက်ဆုံးပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ကြရာ အိမ်ရှင်နိုင်ငံတွေဖြစ်တဲ့ မက္ကဆီကို၊ ကနေဒါတို့ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အုပ်စု A ရဲ့ အုပ်စုဗိုလ်အဖြစ် မက္ကဆီကို၊ ဒုတိယနေရာက တောင်အာဖရိက၊ အုပ်စု B...