Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခရို​အေးရှား ၊အဂ်လန်၊အာဂျင်တီးနားနိုင်ပွဲရပြီး ​ပေါ်တူဂီသ​ရေကျ

ဟယ်ရီကိန်း အဂ်န်ကစားသမား​တွေထဲ ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံးဖြစ်လာပြီး ၊မက်ဆီက ​ရွှေဖိနပ်ဆုအတွက် ၂ ဂိုးအသာနဲ့ဆက်လက်ဦး​ဆောင်

ဇွန်-၂၈ ၊၂၀၂၆။People’s Speing

ဒီ​နေ့ မနက်ယှဥ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုသုံးခုရဲ့ ​နောက်ဆုံးပွဲစဥ်​တွေမှာ ခရို​အေးရှားက ဂါနာကိုအနိုင်ကန်ပြီး အုပ်စုဒုတိယနဲ့ ရှုံးထွက်အဆင့် တက်ခဲ့သလို ၊ဒီအာကွန်ဂိုကလည်း ကာဂျစ်ကစ္စတန်ကို အနိုင်ကန်ပြီးရှုံးထွက်အဆင့်ကိုတက်​ရောက်ခဲ့ပါတယ် ။

ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ အာဂျင်တီးနားက ​ဂျော်ဒန်ကို အဓိက ကစားသမား​တွေအနား​ပေးပြီး ပွဲထွက်ကစားသမား ၉ ဦးအထိအ​ပြောင်းအလဲလုပ်ခဲ့​ပေမယ့် ၃ ဂိုး-၁ ဂိုး ရလဒ်နဲ့သက်​သောင့်သက်သာအနိုင်ရပြီး အုပ်စု ၃ ပွဲစလုံးစံချိန် တင်နိုင်ခဲ့ပါတယ် ။မက်ဆီက ပွဲချိန် ၆၀ မိနစ်မှာလူစားဝင်ကစားပြီး ပြစ်ဒဏ်​​ဘော(ဖရီး​ကစ်)က​နေ တိုက်ရိုက်ကန်

သွင်းပြီး ၁ ဂိုးသွင်းနိုင်ခဲ့တာ​ကြောင့် ၃ ပွဲကစား သွင်းဂိုး ၆ ဂိုးနဲ့ ကမ္ဘာ့ဖလား ​ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးကဆက်လက်ဦး​ဆောင်နိုင်ခဲ့ပါတယ် ။ဒါအပြင်မက်ဆီက ၂၀၂၂ ကမ္ဘာ့ဖလား မှာကတည်းက​နေ အခုထိ ၇ ပွဲဆက်ဂိုးသွင်းတဲ့ စံချိန်တင်နိုင်ခဲ့သလို ၊ကမ္ဘာ့ဖလားသွင်းဂိုးစုစု​ပေါင်း ၁၉ ဂိုးနဲ့ အများဆုံးစံချိန်တင်ထားပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာ့ဖလားအုပ်စုပွဲစဥ်​တွေအပြီးမှာ မက်ဘီ၊ဟာလန် ၊ဗီနီရှီးယက်စ်ဂျူနီယာ တို့က ၄ ဂိုးစီနဲ့ ဒုတိယ​​နေရာမှာရပ်တည်​နေတာပါ။

သြစ​တြီးယား နဲ့ အယ်ဂျီးရီးယားတို့ပွဲစဥ်မှာ အကြိတ်အနယ်ကစားပြီး ၃ ဂိုး စီသ​ရေ ရမှတ် ၄ မှတ်စီနဲ့ နှစ်သင်းစလုံးရှုံးထွက်တက်ခဲ့ပါတယ် ။

နာမည်ကြီး အဂ်လန်ကလည်း ပနားမားကို ဘယ်လင်ဂန် နဲ့ ဟယ်ရီကိန်းတို့ရဲ့ ဒုတိယပိုင်းသွင်းဂိုး​တွေနဲ့အနိုင်ရပြီး ရမှတ် ၇ မှတ်နဲ့ အုပ်စုဗိုလ် နဲ့ ရှုံးထွက်အဆင့်တက်ခဲ့ပါတယ်။ အဂ်လန်အတွက် ဘယ်လင်ဂန်က သွင်းဂိုးတစ်ဂိုး ၊ ဂိုးဖန်တီးမှု ၁ ကြိမ် နဲ့​ခြေစွမ်းပြပြီး အ​ကောင်းဆုံးကစားသမားဆုရခဲ့ပါတယ်။ ကိန်းအတွက်လည်းဒီသွင်းဂိုး​ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲသွင်းဂိုးစုစု​ပေါင်း ၁၁ ဂိုးရပြီး အဂ်လန်ကစားသမား​တွေထဲမှာ ဂိုးသွင်းအများဆုံးစံချိန်ရှင် လိုင်နီကာရဲ့ ၁၀ ဂိုးကို​ကျော်ဖြတ်ပြီး ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာပါတယ် ။

ခရို​အေးရှားက ဂါနာကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရတာ​ကြောင့် ရမှတ် ၅ မှတ်နဲ့ အုပ်စု ဒုတိယနဲ့ရှုံးထွက်ကိုတက်ခဲ့ပါတယ်။ ဂါနာက ရှုံး​ပေမယ့် ရမှတ် ၄ မှတ်ရတာ​ကြောင့် အုပ်စုတတိယအ​ကောင်းဆုံး ၈ သင်းစာရင်းဝင်ပြီးတက်ခဲ့တာပါ ။

​ရော်နယ်ဒိုရဲ့ ​ပေါ်တူဂီ နဲ့ ကိုလံဘီယာပွဲက ဂိုးမရှိသ​ရေကျ​ပေမယ့် ပွဲကအကြိတ်အနယ်ရှိခဲ့ပါတယ် ။ကိုလံဘီယာက အခွင့်အ​ရေး​တွေပိုရခဲ့ပြီး ဂိုး​ပေါက်ကန်သွင်းမှု ၂၄ ကြိမ်မှာ ၇ ကြိမ်ပဲဂိုးတည့်ပြီး အဆုံးသတ်မ​ကောင်းလို့ သ​ရေကျခဲ့တာပါ ။​ပေါ်တူဂီကလည်း ဂိုးကန်သွင်းခွင့် ၁၃ ကြိမ်ရှိခဲ့ပြီး ၂ ကြိမ်ပဲဂိုး​ပေါက်တည့်ပါတယ် ။ကိုလံဘီယာက ​ဘောလုံးပိုင်ဆိုင်မှုမှာလည်း အသာရခဲ့သလို ၊​ထောင့်ကန်​ဘောကန်ခွင့်လည်း ပိုရခဲ့ပြီး ပွဲအချိန်အများစုမှာ ​ပေါ်တူဂီကို အသာစီးက ကစားသွားခဲ့တာဖြစ်ပါတယ် ။ ပွဲချိန် ၉၁ မိနစ်မှာ ကိုလံဘီယာက ဆန်ချက် ဂိုးသွင်း​ပေမယ့် ဒိုင်လူကြီးကလူကျွံတယ်လို့ အငြင်းပွားဖွယ်သတ်မှတ်ပြီး ဂိုးကိုပယ်ဖျက်ခဲ့ပါတယ်။ဒီရလဒ်​ကြောင့်​ ကိုလံဘီယာက ၇ မှတ်နဲ့ အုပ်စု ဗိုလ် ၊​ပေါ်တူဂီက ၅ မှတ်နဲ့ အုပ်စု ဒုတိယရခဲ့ပါတယ် ။

၃၂ သင်းရှုံးထွက်အဆင့်မှာပေါ်တူဂီက ခရို​အေးရှား ၊ ကိုလံဘီယာ နဲ့ ဂါနာ ၊အာဂျင်တီးနား နဲ့ ကိပ်ဗာဒီ ၊အဂ်လန် နဲ့ ဒီအာကွန်ဂို ၊စပိန် နဲ့ သြစတြီးယား ၊ဆွစ်ဇာလန် နဲ့ အယ်လ်ဂျီးရီးယားတို့​ ယှ​ဥ်ပြိုင်ရမှာပါ ။

(ဓါတ်ပုံ-Getty ၊FIFA )

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ လီဗာပူး အသင်းရဲ့ နာမည်ကျော် ကစားသမားဟောင်း ကီဗင်ကီးဂန်းဟာ အသက် ၇၅ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။