Connect with us

Hi, what are you looking for?

News

CDM ရဲများစုဖွဲ့ပြီး ပြည်သူ့ရဲတပ်ဖွဲ့ Zoland ဖွဲ့စည်းကြောင်းကြေညာ

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်၏ အုပ်ချုပ်​ရေးယန္တရားများ ယိုယွင်းလာခဲ့ကြောင်း၊ မြန်မာပြည်တစ်ဝှမ်းရှိ ပြည်သူများ၏ လုံခြုံရေးနှင့် လွတ်လပ်စွာ နေထိုင်ခွင့်များ လုံး၀ပျက်စီးသွားခဲ့ပြီ ဖြစ်ကြောင်း ကြေညာ ချက်၌ ဖော်ပြထားသည်။

ချင်းပြည်နယ် တီးတိန်နှင့် တွန်းဇံမြို့နယ်ရှိ ပြည်သူ လူထု၏ အသက်အိုးအိမ် လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးအတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ရဲတပ်ဖွဲ့ဝင်များဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ Zoland ကို ဖွဲ့စည်းလိုက်ကြောင်း စက်တင်ဘာ ၂၅ရက်က ကြေညာခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်၏ အုပ်ချုပ်​ရေးယန္တရားများ ယိုယွင်းလာခဲ့ကြောင်း၊ မြန်မာပြည်တစ်ဝှမ်းရှိ ပြည်သူများ၏ လုံခြုံရေးနှင့် လွတ်လပ်စွာ နေထိုင်ခွင့်များ လုံး၀ပျက်စီးသွားခဲ့ပြီ ဖြစ်ကြောင်း ကြေညာ ချက်၌ ဖော်ပြထားသည်။

ထို့ကြောင့် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်ရှိ ပြည်သူလူထု၏ အသက်အိုးအိမ်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အမှန်တရား၏ ဘက်တော်သား CDM တွင် ပါဝင်ကြသော ရဲတပ်ဖွဲ့ဝင်များမှ ရဲတပ်ဖွဲ့ဝင်တို့၏ အဓိဌာန်အတိုင်း ပြည်သူ့တာဝန်များ ပြန်လည်ထမ်းဆောင်ရန် ပြည်သူ့ရဲတပ်ဖွဲ့( People’s Police Force Zoland) ကို စက်တင်ဘာ ၂၄ရက်တွင် ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။

PPF Zoland ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် သော်လည်းကောင်း၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် သော်လည်းကောင်း၊ ဒေသခံ ပြည်သူလူထုများနှင့်သော်လည်းကောင်း ပူးပေါင်းပြီး ရဲတပ်ဖွဲ့၏ ပင်မလုပ်ငန်း ဆောင်တာများကို ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တီးတိန်နင့် တွန်းဇံမြို့နယ်တွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF-Zoland) လှုပ်ရှားမှုရှိပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ထား သည်။ စက်တင်ဘာ ၂၄ရက် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ထိခိုက်သေဆုံးသ ၁၀ဦးခန့်ရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး