Connect with us

Hi, what are you looking for?

LuduNwayOo

News

CDM ရဲများစုဖွဲ့ပြီး ပြည်သူ့ရဲတပ်ဖွဲ့ Zoland ဖွဲ့စည်းကြောင်းကြေညာ

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်၏ အုပ်ချုပ်​ရေးယန္တရားများ ယိုယွင်းလာခဲ့ကြောင်း၊ မြန်မာပြည်တစ်ဝှမ်းရှိ ပြည်သူများ၏ လုံခြုံရေးနှင့် လွတ်လပ်စွာ နေထိုင်ခွင့်များ လုံး၀ပျက်စီးသွားခဲ့ပြီ ဖြစ်ကြောင်း ကြေညာ ချက်၌ ဖော်ပြထားသည်။

ချင်းပြည်နယ် တီးတိန်နှင့် တွန်းဇံမြို့နယ်ရှိ ပြည်သူ လူထု၏ အသက်အိုးအိမ် လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးအတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ရဲတပ်ဖွဲ့ဝင်များဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ Zoland ကို ဖွဲ့စည်းလိုက်ကြောင်း စက်တင်ဘာ ၂၅ရက်က ကြေညာခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်၏ အုပ်ချုပ်​ရေးယန္တရားများ ယိုယွင်းလာခဲ့ကြောင်း၊ မြန်မာပြည်တစ်ဝှမ်းရှိ ပြည်သူများ၏ လုံခြုံရေးနှင့် လွတ်လပ်စွာ နေထိုင်ခွင့်များ လုံး၀ပျက်စီးသွားခဲ့ပြီ ဖြစ်ကြောင်း ကြေညာ ချက်၌ ဖော်ပြထားသည်။

ထို့ကြောင့် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်ရှိ ပြည်သူလူထု၏ အသက်အိုးအိမ်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အမှန်တရား၏ ဘက်တော်သား CDM တွင် ပါဝင်ကြသော ရဲတပ်ဖွဲ့ဝင်များမှ ရဲတပ်ဖွဲ့ဝင်တို့၏ အဓိဌာန်အတိုင်း ပြည်သူ့တာဝန်များ ပြန်လည်ထမ်းဆောင်ရန် ပြည်သူ့ရဲတပ်ဖွဲ့( People’s Police Force Zoland) ကို စက်တင်ဘာ ၂၄ရက်တွင် ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။

PPF Zoland ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် သော်လည်းကောင်း၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် သော်လည်းကောင်း၊ ဒေသခံ ပြည်သူလူထုများနှင့်သော်လည်းကောင်း ပူးပေါင်းပြီး ရဲတပ်ဖွဲ့၏ ပင်မလုပ်ငန်း ဆောင်တာများကို ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တီးတိန်နင့် တွန်းဇံမြို့နယ်တွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF-Zoland) လှုပ်ရှားမှုရှိပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ထား သည်။ စက်တင်ဘာ ၂၄ရက် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ထိခိုက်သေဆုံးသ ၁၀ဦးခန့်ရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဆလိုင်းထက်နီ၏ပြောကြားချင်ကို CNFက ထုတ်ပြန်ခဲ့ရာ ချင်းပြည်နယ် ဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီဟု ပြောသည်။

သတင်း

တိုင်ကြားသူများထဲတွင် ၂၀၂၁ခုနှစ်စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့သည့် ပူးရဲလ်တူးသမီးလည်းပါဝင်သည်။ ပူးရဲလ်တူးသည် ပူးဟရမ်ကျင်းနှင့်အတူ ထန်တလန်မြို့က ထွက်ပြေးပြီး ဆေးဝါးများပြန်ယူစဉ် စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့သည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ကရင်နီ​တော်လှန်​ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှု​ကြောင့် စစ်သား ၂၀၀၀ ​ကျော်​သေဆုံးခဲ့​ကြောင်းသိ့ရသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။