Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြို့လယ်ခေါင်မှာ အလောင်းတွေ ချိတ်ဆွဲ ပြသထားစေတဲ့ တာလီဘန်တွေ

ဟီရတ်မြို့ရဲ့ ဒုတိယ မြို့တော်ဝန် မော်လ်ဝေရှားက အခုလို အလောင်းတွေ ချိတ်ဆွဲပြထားတဲ့အတွက် နောက်ထပ် ပြန်ပေးဆွဲမှုတွေ ဖြစ်မလာအောင် တားဆီးပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ မြို့ထဲမှာ အလောင်းတွေ ချိတ်ဆွဲပြထားတဲ့ ဓာတ်ပုံတွေက လူမှုကွန်ရက် မီဒီယာတွေပေါ်မှာလည်း ပျံ့နှံ့နေပါတယ်။

အာဖဂန် နစ္စတန်က မြို့တစ်မြို့မှာ ရာဇဝတ်သားလို့ စွပ်စွဲခံရသူ လေးယောက်ရဲ့ အလောင်းတွေကို လူမြင်ကွင်းမှာ တာလီဘန်တွေက ချိတ်ဆွဲ ပြသထားကြောင်း သိရပါတယ်။

အာဖဂန်မှာ မကြာသေးခင်က အာဏာသိမ်းလိုက်တဲ့ စစ်သွေးကြွတွေဟာ ပြည်သူလူထုကို အကြောက်တရား ကြီးစိုးမယ့် နည်းလမ်းတွေကို အသုံးပြုနေကြောင်း စွပ်စွဲ ခံနေရပါတယ်။ အခု သီတင်းပတ်မှာလည်း ဟီရတ်မြို့ထဲက လူစည်ကားရာ နေရာမှာ အလောင်းတွေကို ချိတ်ဆွဲထားတာ ဖြစ်ပါတယ်။

အဲဒီလေးယောက်ဟာ ပြန်ပေးသမားတွေလို့ တာလီဘန်တွေက ပြောပါတယ်။ တာလီဘန် ခေါင်းဆောင်တွေက ရာဇဝတ်မှု ကျူးလွန်သူတွေကို ခြေလက်ဖြတ်တောက်တာ၊ သေဒဏ်ပေးတာမျိုး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ စီရင် ချမှတ်သွားမယ်လို့ သတိပေးပြီး ရက်ပိုင်းအတွင်း အခုလို စက်ဆုပ်တုန်လှုပ်စရာ မြင်ကွင်းတွေ တွေ့လာရတာ ဖြစ်ပါတယ်။

အဲဒီလေးဦးဟာ တာလီဘန်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေမှာ သေဆုံးခဲ့တာပါ။ သူတို့ဟာ ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးနဲ့ သားဖြစ်သူကို ပြန်ပေးဆွဲခဲ့တယ်လို့ တာလီဘန်တွေက စွပ်စွဲခဲ့ပါတယ်။ အဲဒီထဲမှာ လူငယ်တစ်ယောက်လည်း ပါဝင်ပြီး သူ့အလောင်းကို ကရိန်းတစ်ခုကနေ ချိတ်ဆွဲ ပြသထားကြောင်း မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဟီရတ်မြို့ရဲ့ ဒုတိယ မြို့တော်ဝန် မော်လ်ဝေရှားက အခုလို အလောင်းတွေ ချိတ်ဆွဲပြထားတဲ့အတွက် နောက်ထပ် ပြန်ပေးဆွဲမှုတွေ ဖြစ်မလာအောင် တားဆီးပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ မြို့ထဲမှာ အလောင်းတွေ ချိတ်ဆွဲပြထားတဲ့ ဓာတ်ပုံတွေက လူမှုကွန်ရက် မီဒီယာတွေပေါ်မှာလည်း ပျံ့နှံ့နေပါတယ်။

တာလီဘန်တွေဟာ အာဖဂန် အစိုးရဆီက အာဏာကို ဩဂုတ် ၁၅ ရက် ကတည်းက ထိန်းချုပ် သိမ်းယူလိုက်ပါတယ်။ တာလီဘန်တွေက အရင်တစ်ကြိမ် အုပ်ချုပ်ခဲ့တုန်းကထက် ပိုပြီး ပျော့ပျောင်းညင်သာတဲ့ နည်းလမ်းတွေ အသုံးပြုသွားမယ်လို့ ကတိပေးထားပေမယ့် လက်ရှိ အခြေအနေအရတော့ အာဖဂန်မှာ လူ့အခွင့်အရေး ကဏ္ဍက မြန်မြန်ဆန်ဆန် ယိုယွင်း ဆုတ်ယုတ်လာနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်ရှိရွှေတချောင်းမြောင်းမှာဦးခေါင်းဒဏ်ရာတွေရပြီးသေဆုံးနေတဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကိုမနေ့ ( စက်တင်ဘာလ ၁ ရက် ) မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့လူမူကူညီရေး လုပ်ကိုင်သူတချို့ဆီက သိရပါတယ်။

နိုင်ငံတကာ

မလေးရှားက လေဆိပ်တစ်ခုကို ဆင်းသက်လာတဲ့ ခရီးသည်တင် လေယာဉ်ရဲ့ ဘီးအိမ်ထဲမှာ အမည်မသိ အလောင်းတစ်လောင်းကို ရှာတွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဖဂန် နစ္စတန်ကို တာလီဘန်တွေ ပြန်လည် အုပ်စိုးမှု ၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို မြို့တော် ကဘူးလ်မှာ ကျင်းပခဲ့ပါတယ်။

နိုင်ငံတကာ

နယ်စပ်တလျှောက် အာဖဂန် နစ္စတန် ပိုင်နက်ထဲက နေရာတချို့ကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အရပ်သား သေဆုံးမှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။