Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​​ဘေး​ရှောင်များကို ​ဆေးကုသ​ပေး​နေ​သော ဆရာဝန်အပါအဝင်သုံးဦးကို စစ်​ကောင်စီဖမ်းဆီး

ဒေါက်တာဇော်ထွယ်အောင်သည် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် လူထုအားပစ်ခတ်နှိမ့်နင်းရာတွင် ဒဏ်ရာရသည့် အရပ်သားများကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လိုက်လံဆေးကုသမှုပေးနေသူဖြစ်​ကြောင်း အရပ်ဘက်အရေးလှုပ်ရှားသူများက ပြောသည်။

စစ်ဘေးရှောင်များကို နယ်လှည့်ဆေးကုသမှုပေးနေသည့် မုံရွာမြို့မှ ကချင်တိုင်းရင်းသား ဆရာဝန်တစ်ဦးအပါ အဝင်သုံးဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

မုံရွာမြို့ ချမ်းမြဝတီရပ်မှ ဒေါက်တာဇော်ထွယ်အောင်၏ ကချင်ရိုးရာ စားသောက်ဆိုင်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့(စက်တင်ဘာ ၂၅)တွင်ဝင်ရောက်ကာ ဒေါက်တာဇော်ထွယ်အောင်နှင့် ဆိုင်ဝန်ထမ်းနှစ်ဦးကို ဖမ်းသွားခြင်း ဖြစ်သည်။

ဒေါက်တာဇော်ထွယ်အောင်သည် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် လူထုအားပစ်ခတ်နှိမ့်နင်းရာတွင် ဒဏ်ရာရသည့် အရပ်သားများကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လိုက်လံဆေးကုသမှုပေးနေသူဖြစ်​ကြောင်း အရပ်ဘက်အရေးလှုပ်ရှားသူများက ပြောသည်။

“ဆရာဒေါက်တာဇော်ထွယ်အောင်ကို နေအိမ်မှာ ရှိနေစဉ် ဖက်ဆစ်စစ်တပ်မှ မည်သည့်အကြောင်းပြချက်မှ မပေးပဲ အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးသွားပါသည်။ဖမ်းဆီးခံရချိန်မှာ နေမကောင်းဖြစ်နေပြီး လက်ကောက်ဝတ်ရိုးကျိုး သည့် ဒဏ်ရာ ကို ခံစားနေရပါသည်။အခုလက်ရှိမှာလည်း စစ်ကြောရေးမှာ ရောက်နေပြီး နှိပ်စက် ခံနေရတယ်လို့ သတင်းကြားသိထားရတဲ့ အတွက် ဆရာကျန်းမာရေးအတွက် အထူးစိုးရိမ်မိပါသည်။ဆရာအတွက် ကျန်းမာရေးစောင့်ရှောက်မှု အထူးလိုအပ်လျက်ရှိပါသည်” ဟု Chindwin Medical Network က ထုတ်ပြန်ထားသည်။ Chindwin Medical Network သည် စစ်​ဘေးဒုက္ခသည်များများကို နယ်လှည့် ဆေးကုသ​ပေး​နေ​သော ကွန်ယက်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

အသက် ၅၅ နှစ်အရွယ် ​တောင်သာမြို့နယ်ဇာတိ၊ ဒေါက်တာသက်အောင်သည် မန္တလေးအထွေထွေရောဂါကုဆေးရုံအုပ်ကြီးဖြစ်သည်။ Non CDM တစ်ဦးဖြစ်ပြီး စက်တင်ဘာလ ၈ရက်တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

သတင်း

အလစ်အငိုက် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ ၂၀ဦးခန့်ထိခိုက်သေဆုံးခဲ့ကြောင်းဒေသခံက ပြောကြားပြီးယင်းသေဆုံးမှု အခြေအနေကို People's Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

ယနေ့( ဇူလိုင် ၄ )ရက် နံနက် ၂ နာရီခန့်က ဒီး​မော့ဆို မြို့နယ် အ​နောက်ခြမ်းရှိစစ်ဘေးရှောင် ပြည်သူများ၏စစ်ရှောင်စခန်းတစ်နေရာတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

သတင်း

ဖမ်းဆီးထားတဲ့သူတွေရဲ့ ဓာတ်ပုံတွေကို စစ်ကောင်စီရဲ့သတင်းတွေကိုဖြန့်ဝေပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ ၊ဖေ့ဘွတ်ခ်လူမှုကွန်ရက်တွေမှာတင်ထားတာတွေ့ရပါတယ်။