Connect with us

Hi, what are you looking for?

News

စစ်​​ဘေး​ရှောင်များကို ​ဆေးကုသ​ပေး​နေ​သော ဆရာဝန်အပါအဝင်သုံးဦးကို စစ်​ကောင်စီဖမ်းဆီး

ဒေါက်တာဇော်ထွယ်အောင်သည် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် လူထုအားပစ်ခတ်နှိမ့်နင်းရာတွင် ဒဏ်ရာရသည့် အရပ်သားများကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လိုက်လံဆေးကုသမှုပေးနေသူဖြစ်​ကြောင်း အရပ်ဘက်အရေးလှုပ်ရှားသူများက ပြောသည်။

စစ်ဘေးရှောင်များကို နယ်လှည့်ဆေးကုသမှုပေးနေသည့် မုံရွာမြို့မှ ကချင်တိုင်းရင်းသား ဆရာဝန်တစ်ဦးအပါ အဝင်သုံးဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

မုံရွာမြို့ ချမ်းမြဝတီရပ်မှ ဒေါက်တာဇော်ထွယ်အောင်၏ ကချင်ရိုးရာ စားသောက်ဆိုင်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့(စက်တင်ဘာ ၂၅)တွင်ဝင်ရောက်ကာ ဒေါက်တာဇော်ထွယ်အောင်နှင့် ဆိုင်ဝန်ထမ်းနှစ်ဦးကို ဖမ်းသွားခြင်း ဖြစ်သည်။

ဒေါက်တာဇော်ထွယ်အောင်သည် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် လူထုအားပစ်ခတ်နှိမ့်နင်းရာတွင် ဒဏ်ရာရသည့် အရပ်သားများကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လိုက်လံဆေးကုသမှုပေးနေသူဖြစ်​ကြောင်း အရပ်ဘက်အရေးလှုပ်ရှားသူများက ပြောသည်။

“ဆရာဒေါက်တာဇော်ထွယ်အောင်ကို နေအိမ်မှာ ရှိနေစဉ် ဖက်ဆစ်စစ်တပ်မှ မည်သည့်အကြောင်းပြချက်မှ မပေးပဲ အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးသွားပါသည်။ဖမ်းဆီးခံရချိန်မှာ နေမကောင်းဖြစ်နေပြီး လက်ကောက်ဝတ်ရိုးကျိုး သည့် ဒဏ်ရာ ကို ခံစားနေရပါသည်။အခုလက်ရှိမှာလည်း စစ်ကြောရေးမှာ ရောက်နေပြီး နှိပ်စက် ခံနေရတယ်လို့ သတင်းကြားသိထားရတဲ့ အတွက် ဆရာကျန်းမာရေးအတွက် အထူးစိုးရိမ်မိပါသည်။ဆရာအတွက် ကျန်းမာရေးစောင့်ရှောက်မှု အထူးလိုအပ်လျက်ရှိပါသည်” ဟု Chindwin Medical Network က ထုတ်ပြန်ထားသည်။ Chindwin Medical Network သည် စစ်​ဘေးဒုက္ခသည်များများကို နယ်လှည့် ဆေးကုသ​ပေး​နေ​သော ကွန်ယက်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။

နိုင်ငံတကာ

လူနာကို လက်သီးနဲ့ အငြှိုးတကြီး ထိုးခဲ့တဲ့ အိန္ဒိယ ဆရာဝန်ဟာ ဆေးကုသခွင့် ဆိုင်းငံ့ခံထားရကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုကြောင့် ဂါဇာက ဆရာဝန် တစ်ယောက်ရဲ့ ကလေး ၁၀ ယောက်ထဲက ၉ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။

မေးမြန်းခန်း

ဖျက်အားပြင်း​မြေငလျင်ဒဏ်ဆိုးဝါးစွာရွာခံခဲ့ရတဲ့​ မန္တလေးမြို့မှာ ငလျင်သင့်ပြည်သူ​တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ CDM ဆရာဝန်တစ်ဦးကို People's Spring ကဧပြီ ၂ ရက်​နေ့မှာ ဆက်သွယ်​မေးမြန်းထားပါတယ်။