Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းတပ်သား ၁ဦး လက်နက်ယူလာပြီး KNDO ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ထံ စစ်မှုထမ်းတပ်သားသစ် ၁ဦး အလင်းဝင်လာကြောင်း KNU က ထုတ်ပြန်ပါတယ်။

(စစ်မှုမထမ်းမ​​နေရ ဥပ​ဒေနဲ့စု​ဆောင်းထားခံရတဲ့စစ်သားသစ် က KNDOထံအလင်းဝင်စဥ်။ဓါတ်ပုံ-KNU )

ဇွန် ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ထံ စစ်မှုထမ်းတပ်သားသစ် ၁ဦး အလင်းဝင်လာကြောင်း KNU က ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ ခမရ(၅၉၆) တပ်ရင်းက တပ်သား ပြည့်စုံအောင်ဟာ ဇွန် ၂၇ရက်မှာ KNU ညောင်လေးပင်ခရိုင်အတွင်းရှိ KNDO တပ်ရင်း (၃) ထံကို အလင်းဝင်လာတာလို့ အသိပေးပါတယ်။

အလင်းဝင်လာတဲ့ တပ်သားက MA-1 သေနတ် (၁)နဲ့ ကျည်ခဲယမ်းတွေ ယူလာကြောင်း သလို အဲဒီတပ်သားကို KNU ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)က ဆုငွေ ကျပ် ၁၀ သိန်း ပေးအပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာတဲ့ တပ်သားဟာ စစ်တပ်ရဲ့အတင်းအဓမ္မ စစ်သားစုဆောင်းမှုကြောင့် စစ်မှုထမ်းနေရသူဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်အတွင်း ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံနေရတဲ့ တပ်သား၊ တပ်ဖွဲ့ဝင်များ အနေနဲ့ မိမိတို့ရဲ့ အသက်အန္တရာယ်နဲ့ အနာဂတ်ကို ကာကွယ်နိုင်ဖို့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်ရောက်ကြဖို့လည်း KNU က ထပ်မံ တိုက်တွန်းထားပါတယ်။

တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ KNU လက်အောက်ခံ တပ်ဖွဲ့တွေဆီကို အရင်ကလည်း စစ်ကောင်စီတပ်သားတွေ ၁ ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ အလင်းဝင်ရောက်မှုတွေ မကြာခဏ ရှိခဲ့ပြီး လက်နက်ပါလာသူတွေ ရှိသလိုလက်နက်မဲ့ အလင်းဝင်လာသူတွေလည်း ရှိပါတယ်။

ဇွန်လ ၉ရက်က ကော့သောင်းအခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၅၉၅)တပ်ရင်းက တပ်သား ၅ဦး KNU တပ်ရင်း(၃)ထံ အလင်းဝင်ခဲ့သလို ဇွန်လ ၁၅ရက်မှာလည်း ပေါက်ခေါင်းမြို့ ခမရ (၅၃)တပ်ရင်းက တပ်သား၁၁ ဦးဟာလည်းKNDOတပ်ရင်း(၃)ထံ အလင်းဝင်ရောက်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကော့သောင်းမြို့နယ်မှာ စစ်တပ်က စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ် ၂ဦးနဲ့ စစ်မှုထမ်းတပ်သား ၁ဦးကို ကယ်တင်ထားတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook