Hi, what are you looking for?
စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီး မင်းကင်းမောင်မြင့်က ပြည်ပရောက်အလုပ်သမားကူညီစောင့်ရှောက်ရေးဆိုတဲ့ခေါင်းစဥ်နဲ့နေပြည်တော်မှာ အစည်းအဝေးလုပ်ပြီး ပြည်ပရောက်အလုပ်သမားတွေ မိသားစုထံငွေပြန်လွှဲရေး အတွက် အေဂျင်စီတွေကိုတာဝန်ယူကြပ်မတ်ဖို့ ဖိအားပေးနေပါတယ် ။
အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်မှုများပြုလုပ်တော့မည်ဖြစ်၍ ကော့ကရိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီနှင့်ပူးပေါင်းနေသော ဒလန်များ၊ လောက်ကောင်များ၊ CDM မလုပ်သောဝန်ထမ်းများအနေဖြင့် မေလ၂၇ရက်နောက်ဆုံးထားပြီး ကော့ကရိတ်ခရိုင်းရှိမြို့နယ်များမှ ထွက်ခွာသွားရန် သတိပေးကြောင်း အဆိုပါခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ထုတ်ပြန်သည်။ ထို့အပြင် ကော့ကရိတ်ခရိုင်းရှိ မြို့ခံပြည်သူလူထုများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်သော ရုံးများ၊နေအိမ်များသို့ သွားလာခြင်းမှ ရှောင်ရှားကြရန် သတိပေးကြောင်း ထုတ်ပြန်သည်။
“လူစိတ်မရှိတဲ့လူတွေကို ဆန့်ကျင်ရင်းနဲ့ ကျွန်မတို့ကိုယ်တိုင် လူစိတ်ပျောက်မသွားဖို့လိုပါတယ်။ ဒီတော်လှန်ရေးကနေ ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာပြည့်စုံတဲ့ သူရဲကောင်းတွေ ထွက်ပေါ်လာရမှာပါ။ လူစိတ်ကင်းမဲ့တဲ့ လူတန်းစားတစ်ရပ်ထပ်ပြီးပေါ်ထွက်လာဖို့မဟုတ်ပါဘူး” —အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင် လူငယ်တွေကို ပြောကြားတဲ့ မိန့်ခွန်း ကောက်နှုတ်ချက်ဖြစ်ပါတယ်။