Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဓာတ်ခွဲခန်းက ဗိုင်းရပ်စ် စပျံ့တာဟုတ်မဟုတ် အမေရိကန် စုံစမ်းမှုကို တရုတ် ဝေဖန်

ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ် ဓာတ်ခွဲခန်း တစ်ခုကနေ စတင် ပျံ့နှံ့လာသလား ဆိုတာ အမေရိကန်က စုံစမ်းနေတဲ့အပေါ် တရုတ်က ဝေဖန် ပြစ်တင်သွားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေ အနေနဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ဟာ တရုတ် ဓာတ်ခွဲခန်း တစ်ခုကနေ စတင် ပျံ့နှံ့လာတာ ဖြစ်နိုင်တယ်ဆိုတဲ့ မှန်းဆ သီအိုရီနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ပိုမို အားထည့် ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။

အဲဒီကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ Covid-19 ရောဂါဆိုးဟာ ကမ္ဘာ့ ကပ်ရောဂါကြီးတစ်ခု ဖြစ်လာပြီး အခုဆိုရင် လူပေါင်း ၃ သန်းခွဲကျော်ထိ အသက်ဆုံးရှုံးစေခဲ့ပြီးပါပြီ။ အမေရိကန်ကတော့ ရောဂါဒဏ်ကို အဆိုးဆုံး ခံစားရတဲ့ နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

တရုတ် အစိုးရကတော့ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ စတင်လာတဲ့ ကပ်ရောဂါဟာ ဝူဟန်မြို့မှာရှိတဲ့ သားစိမ်းငါးစိမ်း စျေးတန်း တစ်ခုကနေ ပျံ့နှံ့လာတာလို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ ပညာရှင်အဖွဲ့တစ်ခု သွားရောက် စစ်ဆေးခဲ့တဲ့ ရလဒ်တွေအရ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလရင်းမြစ်ဟာ သားစိမ်းငါးစိမ်း စျေးတန်းရဲ့ အပြင်ဖက်မှာ ဖြစ်ကောင်း ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆတွေလည်း ရှိလာပါတယ်။

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် လက်ထက်မှာ ကတည်းက ဝူဟန်မြို့၊ ဓာတ်ခွဲခန်း တစ်ခုကနေ ဗိုင်းရပ်စ် စပျံ့တယ်ဆိုတဲ့ ခန့်မှန်း သီအိုရီကို မစွန့်ပယ်ခဲ့သလို လက်ရှိ သမ္မတ ဘိုင်ဒန်ကလည်း အဲဒီ ကိစ္စကို ဆက်လက် စုံစမ်းစေချင်တဲ့ သဘောထားမျိုး ပြသလာပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒါဟာ တရုတ်အပေါ် အမေရိကန်က နိုင်ငံရေးအရ ထိုးနှက်ဖို့နဲ့ အပြစ်ရှာဖို့ ကြိုးစားနေတာသာ ဖြစ်တယ်လို့ တုံ့ပြန်လာခဲ့ပါတယ်။ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ရှောင်လီကျန်းက အမေရိကန်ဟာ အမှန်တရားကို ဂရုမစိုက်ကြောင်း၊ သိပ္ပံနည်းကျ လေ့လာမှုတွေကိုလည်း စိတ်မဝင်စားကြောင်း၊ အဲဒီအစား ကပ်ရောဂါကို အကြောင်းပြုပြီး တရုတ်ကို ထိုးနှက်ဖို့သာ စိုင်းပြင်းနေကြောင်း ဝေဖန်ခဲ့ပါတယ်။

ပြီးတော့ အမေရိကန် ထောက်လှမ်းရေးဟာ သတင်းမှားတွေ ဖြန့်ဝေတဲ့ ဆိုးရွားတဲ့ အတိတ်မှတ်တမ်းတွေ ရှိနေတယ်လို့လည်း တရုတ် အာဏာပိုင် တစ်ဦးက စွပ်စွဲသွားခဲ့ပါသေးတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ် ဓာတ်ခွဲခန်းကနေ ပျံ့နှံ့လာတယ်ဆိုတဲ့ ခန့်မှန်း သီအိုရီနဲ့ ပတ်သက်လို့ တိကျတဲ့ သိပ္ပံနည်းကျ အချက်အလက်တွေ မပြသနိုင်သေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က မှတ်ချက် ပေးထားဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။