Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ကို ငွေပေးချေမှုတွေ ဆိုင်းငံ့မယ်လို့ Total ကုမ္ပဏီ ကြေညာ

ရတနာ ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ပတ်သက်တဲ့ ငွေကြေးတွေကို အာဏာသိမ်း မြန်မာစစ်တပ် အနေနဲ့ ရရှိတော့မှာ မဟုတ်ကြောင်း ပြင်သစ် စွမ်းအင် လုပ်ငန်းစုကြီး Totalက ထုတ်ပြန်လိုက်ပါတယ်။

Totalဟာ မြန်မာ အစိုးရပိုင် စွမ်းအင် ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး ရတနာ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို စီမံ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ မေလ ၁၂ ရက်က မုတ္တမ ဓာတ်ငွေ့ သယ်ယူဖြန့်ချိရေး ကုမ္ပဏီ လီမိတက် (MGTC)ရဲ့ ရှယ်ယာ ပိုင်ရှင်တွေနဲ့ တွေ့ဆုံ အစည်းအဝေး လုပ်ခဲ့ပြီးတဲ့နောက် ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာလို့ Totalက ဆိုပါတယ်။

MGTCမှာ Totalနဲ့အတူ တခြား ပြင်သစ် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Chevron၊ မြန်မာ အစိုးရပိုင် မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)တို့ ပူးပေါင်း မြှုပ်နှံထားကြပါတယ်။ MOGEဟာ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစလို့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေခဲ့ပါတယ်။

မြန်မာနိုင်ငံက မတည်ငြိမ်တဲ့ အခြေအနေတွေကို အကြောင်းပြုပြီး ရှယ်ယာရှင်တွေဆီ ငွေကြေး ခွဲဝေပေးနေတာကို ဆိုင်းငံ့ထားမှာဖြစ်ကြောင်း၊ ဒီဆုံးဖြတ်ချက်ဟာ ဧပြီ ၁ ရက်က စတင် အသက်ဝင်ကြောင်း Totalရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကြမ်းဖက် လုပ်ဆောင်မှုတွေကို ကန့်ကွက် ရှုတ်ချကြောင်း၊ အာဏာသိမ်း စစ်အစိုးရအပေါ် ဥရောပ သမဂ္ဂ၊ ဒါမှမဟုတ် အမေရိကန် အစိုးရက ချမှတ်လာနိုင်တဲ့ အရေးယူ ပိတ်ဆို့မှုတိုင်းကို လိုက်နာသွားမှာ ဖြစ်ကြောင်းလည်း Totalက ထည့်သွင်း ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက စစ်အစိုးရအတွက် ငွေကြေး ထောက်ပံ့တာတွေ ရပ်ဆိုင်းဖို့ Totalအပေါ် အပြင်းအထန် ဖိအားပေး တောင်းဆိုနေခဲ့ပါတယ်။ MGTCရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေတဲ့ ပိုက်လိုင်းဟာ ရတနာ ကမ်းလွန်ရေနံမြေက ဓာတ်ငွေ့တွေကို သယ်ယူဖို့ သွယ်တန်းထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။