Connect with us

Hi, what are you looking for?

LuduNwayOo

News

ရက်ပေါင်း ၂၀ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀ ခန့် သေဆုံးဟု KNU ထုတ်ပြန်

ယခုမေလ ပထမပတ်မှစ၍ ရက်ပေါင်း ၂၀ အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု နှင့် တိုက်ပွဲဖြစ်ပွားမှု ၁၉၃ ကြိမ် ရှိခဲ့ရာ အကြမ်းဖက်စစ်အုပ်စု ဘက်မှ (၁၂၈) ဦး သေဆုံးခဲ့ဟုကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းနှင့် ပြန်ကြားရေးဌာန Thoolei News က ယနေ့ညပိုင်းတွင် သတင်းဖော်ပြသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်(မူတရော် ခရိုင်) KNU တပ်မဟာ(၅) နယ်မြေအတွင်း စစ်ကောင်စီတက်နှင့် နေ့စဉ်နှင့်အမျှ တိုက်ပွဲ ဖြစ်ပွားခဲ့‌ေကြာင်း‌ ဖော်ပြကာ မေလ (၅)ရက် နေ့မှ (၂၆)ရက် နေ့အထိ တိုက်ပွဲများ၌ နှစ်ဖက် ထိခိုက်မှု အခြေအနေများကို KNUက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်မှ သေဆုံးသူများထဲတွင် တပ်ကြပ်ကြီး (၁) ဦး၊ ဗိုလ် (၁) ဦး၊ ဗိုလ်ကြီး (၁) ဦး စုစုပေါင်း အရာရှိ (၃) ဦး သေဆုံး ခဲ့ကြောင်း၊ စစ်ကောင်စီဘက်က ဒဏ်ရာရသူ (၁၈၀) ဦး ရှိခဲ့ပြီး ရိက္ခာသယ်ဆောင်သော မြင်း (၁၂) သေဆုံးကာ ကား (၉) စီး ပျက်စီးခဲ့ကြောင်း Thoolei News က သတင်းဖော်ပြသည်။

KNU ဘက်မှ (၂) ဦးကျဆုံးကာ ထိခိုက်ဒဏ်ရာ ရသူ (၉) ဦးရှိခဲ့ကြောင်း၊ပြည်သူ (၁)ဦးသေဆုံးပြီး ဒဏ်ရာ ရသူ (၅) ဦး ရှိခဲ့‌ေကြာင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက် စစ်အုပ်စု အနေဖြင့် ကျေးရွားအနီးအနားသို့ လည်းကောင်း၊ ဒေသခံများ ၏ လုပ်ငန်းခွင်များ သို့ လည်းကောင်း လက်နက်ကြီးများ ကို နေ့စဉ် လိုလို ပစ်ခတ် နေကြောင်း ပါရှိသည်ထို့ပြင် စစ်အုပ်စုသည် ဒေသခံများ ၏ ဥစ္စာပစ္စည်းများ ကို မတရား ယူငင်ခြင်း၊ ဒေသခံ လုပ်ငန်းခွင်များ သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြောက်လှန့်ခြင်း၊ နေစရာ အဆောက်အဦးများ သို့ ပစ်ခတ်ခြင်းများ စုစုပေါင်း (၉၈) လုံး ခန့် ရှိ‌​ကြောင်းထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စု မှ အာဏာသိမ်းပြီးနောက်ပိုင်း တပ်အင်အား တိုးချဲ့ခြင်း၊ လက်နက်ကြီးများ နှင့် လက်နက်ကြီးစစ်သည်များ ပို့ဆောင်ခြင်း များလုပ်‌​​ဆောင်ခဲ့​​ကြောင်းလည်း ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း KNU တပ်မဟာ(၅)အနေဖြင့် ၎င်းတို့ ဒေသရှိ စစ်ကောင်စီ တပ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု များ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။