Connect with us

Hi, what are you looking for?

News

ရက်ပေါင်း ၂၀ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀ ခန့် သေဆုံးဟု KNU ထုတ်ပြန်

ယခုမေလ ပထမပတ်မှစ၍ ရက်ပေါင်း ၂၀ အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စု နှင့် တိုက်ပွဲဖြစ်ပွားမှု ၁၉၃ ကြိမ် ရှိခဲ့ရာ အကြမ်းဖက်စစ်အုပ်စု ဘက်မှ (၁၂၈) ဦး သေဆုံးခဲ့ဟုကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းနှင့် ပြန်ကြားရေးဌာန Thoolei News က ယနေ့ညပိုင်းတွင် သတင်းဖော်ပြသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်(မူတရော် ခရိုင်) KNU တပ်မဟာ(၅) နယ်မြေအတွင်း စစ်ကောင်စီတက်နှင့် နေ့စဉ်နှင့်အမျှ တိုက်ပွဲ ဖြစ်ပွားခဲ့‌ေကြာင်း‌ ဖော်ပြကာ မေလ (၅)ရက် နေ့မှ (၂၆)ရက် နေ့အထိ တိုက်ပွဲများ၌ နှစ်ဖက် ထိခိုက်မှု အခြေအနေများကို KNUက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်မှ သေဆုံးသူများထဲတွင် တပ်ကြပ်ကြီး (၁) ဦး၊ ဗိုလ် (၁) ဦး၊ ဗိုလ်ကြီး (၁) ဦး စုစုပေါင်း အရာရှိ (၃) ဦး သေဆုံး ခဲ့ကြောင်း၊ စစ်ကောင်စီဘက်က ဒဏ်ရာရသူ (၁၈၀) ဦး ရှိခဲ့ပြီး ရိက္ခာသယ်ဆောင်သော မြင်း (၁၂) သေဆုံးကာ ကား (၉) စီး ပျက်စီးခဲ့ကြောင်း Thoolei News က သတင်းဖော်ပြသည်။

KNU ဘက်မှ (၂) ဦးကျဆုံးကာ ထိခိုက်ဒဏ်ရာ ရသူ (၉) ဦးရှိခဲ့ကြောင်း၊ပြည်သူ (၁)ဦးသေဆုံးပြီး ဒဏ်ရာ ရသူ (၅) ဦး ရှိခဲ့‌ေကြာင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက် စစ်အုပ်စု အနေဖြင့် ကျေးရွားအနီးအနားသို့ လည်းကောင်း၊ ဒေသခံများ ၏ လုပ်ငန်းခွင်များ သို့ လည်းကောင်း လက်နက်ကြီးများ ကို နေ့စဉ် လိုလို ပစ်ခတ် နေကြောင်း ပါရှိသည်ထို့ပြင် စစ်အုပ်စုသည် ဒေသခံများ ၏ ဥစ္စာပစ္စည်းများ ကို မတရား ယူငင်ခြင်း၊ ဒေသခံ လုပ်ငန်းခွင်များ သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြောက်လှန့်ခြင်း၊ နေစရာ အဆောက်အဦးများ သို့ ပစ်ခတ်ခြင်းများ စုစုပေါင်း (၉၈) လုံး ခန့် ရှိ‌​ကြောင်းထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စု မှ အာဏာသိမ်းပြီးနောက်ပိုင်း တပ်အင်အား တိုးချဲ့ခြင်း၊ လက်နက်ကြီးများ နှင့် လက်နက်ကြီးစစ်သည်များ ပို့ဆောင်ခြင်း များလုပ်‌​​ဆောင်ခဲ့​​ကြောင်းလည်း ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း KNU တပ်မဟာ(၅)အနေဖြင့် ၎င်းတို့ ဒေသရှိ စစ်ကောင်စီ တပ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု များ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။