Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်ရေးအဆိုကို ဖယ်ရှားပေးဖို့ ကုလထံ အာဆီယံတောင်းဆို

မြန်မာ့အရေးအတွက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ညှိနှိုင်းနေတဲ့ ကြေညာချက်မှာ မြန်မာစစ်တပ်ဆီ လက်နက် ရောင်းချခွင့် ပိတ်ပင်ရေးဆိုတဲ့ အချက်ကို ဖယ်ထုတ်ဖို့ အာဆီယံ နိုင်ငံတွေက တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

မြန်မာ မပါဝင်ဘဲ အာဆီယံ အဖွဲ့ဝင် ၉ နိုင်ငံက ကုလသမဂ္ဂဆီ ပေးပို့တဲ့ စာထဲမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အနေနဲ့ မြန်မာစစ်တပ်ဆီ လက်နက်ရောင်းချခွင့် ပိတ်ပင်ရေးဆိုတဲ့ အချက်ကို ဖယ်ရှားစေလိုကြောင်း ဖော်ပြထားတယ်လို့ ဥရောပ နိုင်ငံတစ်ခုရဲ့ သံအရာရှိ တစ်ဦးက BenarNews သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းယူမှု အပြီးမှာ ပြည်သူ ၈၀၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို စစ်လက်နက် ပစ္စည်းတွေ၊ ခဲယမ်းမီးကျောက်တွေ တင်ပို့ရောင်းချနေတာကို ချက်ချင်း ရပ်ဆိုင်းသင့်တယ်ဆိုတဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဖယ်ရှားစေလိုကြောင်း အာဆီယံ နိုင်ငံတွေက တောင်းဆိုခဲ့တယ်လို့ လိချ်တန်စတိန်းနိုင်ငံရဲ့ သံအရာရှိ ဂျော့ဂျ်စပါဘာက ပြောကြားသွားပါတယ်။

ဒီစာဟာ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံထဲမှာ မြန်မာမပါဘဲ တခြား ၉ နိုင်ငံဆီက စုပေါင်း ပေးပို့ထားတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ စပါဘာက စာမှာ ပါရှိတဲ့ အဲဒီအချက်ကို မှတ်တမ်းသဘော ပြသခဲ့ပေမယ့် စာတစ်စောင်လုံးရဲ့ မိတ္တူကို အသိပေး ထုတ်ပြန်ဖို့တော့ ငြင်းဆိုသွားပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ညှိနှိုင်း သဘောတူ ကြေညာချက်တစ်ခု ထုတ်ပြန်နိုင်ဖို့ ကြိုးစားနေပေမယ့် လတ်တလောမှာတော့ မဲပေးမယ့် ကိစ္စကို ယာယီ ဆိုင်းငံ့ထားပါတယ်။ မြန်မာ့အရေး ဆုံးဖြတ်မယ့် မူကြမ်းကို လိချ်တင်စတိန်း အပါအဝင် ၄၈ နိုင်ငံက စုပေါင်း အဆိုပြုခဲ့တာပါ။

Public Service Announcement

Public Service Announcement

အာဆီယံ အဖွဲ့ဝင်တွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားတို့ကတော့ အခုကိစ္စနဲ့ ပတ်သက်လို့ BenarNews သတင်းဌာနရဲ့ အီးမေးလ်ပေးပို့ ဆက်သွယ် မေးမြန်းမှုကို အကြောင်းမပြန်ခဲ့ပါဘူး။ ပြီးခဲ့တဲ့လမှာ အာဆီယံ အဖွဲ့ဟာ မြန်မာ့အရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး သဘောတူညီမှု ၅ ချက်ကို ထုတ်ပြန်ထားပေမယ့် အာဏာသိမ်း စစ်အစိုးရအပေါ် ထိထိရောက်ရောက် ဖိအားပေးတာမျိုး မရှိတဲ့အတွက် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။