Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်ရေးအဆိုကို ဖယ်ရှားပေးဖို့ ကုလထံ အာဆီယံတောင်းဆို

မြန်မာ့အရေးအတွက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ညှိနှိုင်းနေတဲ့ ကြေညာချက်မှာ မြန်မာစစ်တပ်ဆီ လက်နက် ရောင်းချခွင့် ပိတ်ပင်ရေးဆိုတဲ့ အချက်ကို ဖယ်ထုတ်ဖို့ အာဆီယံ နိုင်ငံတွေက တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

မြန်မာ မပါဝင်ဘဲ အာဆီယံ အဖွဲ့ဝင် ၉ နိုင်ငံက ကုလသမဂ္ဂဆီ ပေးပို့တဲ့ စာထဲမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အနေနဲ့ မြန်မာစစ်တပ်ဆီ လက်နက်ရောင်းချခွင့် ပိတ်ပင်ရေးဆိုတဲ့ အချက်ကို ဖယ်ရှားစေလိုကြောင်း ဖော်ပြထားတယ်လို့ ဥရောပ နိုင်ငံတစ်ခုရဲ့ သံအရာရှိ တစ်ဦးက BenarNews သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းယူမှု အပြီးမှာ ပြည်သူ ၈၀၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို စစ်လက်နက် ပစ္စည်းတွေ၊ ခဲယမ်းမီးကျောက်တွေ တင်ပို့ရောင်းချနေတာကို ချက်ချင်း ရပ်ဆိုင်းသင့်တယ်ဆိုတဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဖယ်ရှားစေလိုကြောင်း အာဆီယံ နိုင်ငံတွေက တောင်းဆိုခဲ့တယ်လို့ လိချ်တန်စတိန်းနိုင်ငံရဲ့ သံအရာရှိ ဂျော့ဂျ်စပါဘာက ပြောကြားသွားပါတယ်။

ဒီစာဟာ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံထဲမှာ မြန်မာမပါဘဲ တခြား ၉ နိုင်ငံဆီက စုပေါင်း ပေးပို့ထားတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ စပါဘာက စာမှာ ပါရှိတဲ့ အဲဒီအချက်ကို မှတ်တမ်းသဘော ပြသခဲ့ပေမယ့် စာတစ်စောင်လုံးရဲ့ မိတ္တူကို အသိပေး ထုတ်ပြန်ဖို့တော့ ငြင်းဆိုသွားပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ညှိနှိုင်း သဘောတူ ကြေညာချက်တစ်ခု ထုတ်ပြန်နိုင်ဖို့ ကြိုးစားနေပေမယ့် လတ်တလောမှာတော့ မဲပေးမယ့် ကိစ္စကို ယာယီ ဆိုင်းငံ့ထားပါတယ်။ မြန်မာ့အရေး ဆုံးဖြတ်မယ့် မူကြမ်းကို လိချ်တင်စတိန်း အပါအဝင် ၄၈ နိုင်ငံက စုပေါင်း အဆိုပြုခဲ့တာပါ။

Public Service Announcement

Public Service Announcement

အာဆီယံ အဖွဲ့ဝင်တွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားတို့ကတော့ အခုကိစ္စနဲ့ ပတ်သက်လို့ BenarNews သတင်းဌာနရဲ့ အီးမေးလ်ပေးပို့ ဆက်သွယ် မေးမြန်းမှုကို အကြောင်းမပြန်ခဲ့ပါဘူး။ ပြီးခဲ့တဲ့လမှာ အာဆီယံ အဖွဲ့ဟာ မြန်မာ့အရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး သဘောတူညီမှု ၅ ချက်ကို ထုတ်ပြန်ထားပေမယ့် အာဏာသိမ်း စစ်အစိုးရအပေါ် ထိထိရောက်ရောက် ဖိအားပေးတာမျိုး မရှိတဲ့အတွက် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ​ပြည်ပရောက်မြန်မာများစုပေါင်း၍ မြန်မာစစ်တပ်ကို ကူညီနေသည့် တရုတ်အစိုးရအား ဆန့်ကျင်​​သည့်ဆန္ဒပြပွဲကို ယနေ့ (မေလ ၁၈)ပြုလုပ်ခဲ့သည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တံတားညီနောင်ကျေးရွာ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့(မေလ ၁၈ရက်) တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၈)မှာ စစ်ကောင်စီကို ILOရဲ့ ပုဒ်မ ၃၃ အရ အရေးယူနိုင်ဖို့ နိုင်ငံတကာကို မဲပေးကြရန် တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီက အပစ်ရပ်ရေး ထုတ်ပြန်ချက်များကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှု (Crime Against Humanity)နှင့်စစ်ရာဇဝတ်မှုများ(War Crimes)ကို ဆက်တိုက်ကျူးလွန်နေ၍ ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတို့က လူသားချင်းစာနာမှုဖြင့် တားဆီး၊ အရေးယူဆောင်ရွက်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDက တိုက်တွန်းလိုက်သည်။