Connect with us

Hi, what are you looking for?

LuduNwayOo

News

ဧပြီ ၁၃ရက် သက်ြန်အကြို​နေ့တစ်ရက်တည်းတွင် KIA နှင့် အာဏာသိမ်းစစ်​ကောင်စီတပ်တို့ ​နေရာငါးခုတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်​ကောင်စီဘက်မှ အနည်းဆုံး ၁၀၀ ​သေဆုံးခဲ့သည်။

ဧပြီ ၁၃ရက် တိုက်ပွဲဖြစ်ပွားမှုအ​ခြေအ​နေမှာ ​အောက်ပါအတိုင်းဖြစ်ပါသည်။
K. I. A တပ်မဟာ (၁ )ပူသာအိုခရိုင် ဆွမ်ပီယာန်ကျေးရွာမှရဲစခန်းတစ်ခု အားမိမိတို့ KIA မျိုးချစ်များရှောင်တခင်ဝင်ရောက်တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့
၎င်းနောက် ပူတာအိုဘက်မှဆင်းလာသော မအလစစ်ကားတစ်စီးအား ဖုန်အင်ယမ်ရွာအနားတွင်မိမိတို့KIAမျိုးချစ်များမှမိုင်းဆွဲတိုက်ခိုက်အောင်မြင်နိုင်ခဲ့။

ဧပြီ ၁၃ရက် တိုက်ပွဲဖြစ်ပွားမှုအ​ခြေအ​နေမှာ ​အောက်ပါအတိုင်းဖြစ်ပါသည်။
K. I. A တပ်မဟာ (၁ )ပူသာအိုခရိုင် ဆွမ်ပီယာန်ကျေးရွာမှရဲစခန်းတစ်ခု အားမိမိတို့ KIA မျိုးချစ်များရှောင်တခင်ဝင်ရောက်တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့
၎င်းနောက် ပူတာအိုဘက်မှဆင်းလာသော မအလစစ်ကားတစ်စီးအား ဖုန်အင်ယမ်ရွာအနားတွင်မိမိတို့KIAမျိုးချစ်များမှမိုင်းဆွဲတိုက်ခိုက်အောင်မြင်နိုင်ခဲ့။

KIA တပ်မဟာ ၂ လက်အောက်တပ်ရင်း ၁၄ နယ်မြေ ဟူးကောင်းတနိုင်းဒေသဘက်သို့ စားနပ် ရိက္ခာ နှင့် လက်နက်ခဲယမ်းအမြောက်အများသယ်ဆောင်လာသော စစ်ကားသုံးစီးအားတိန်းကောက် ရွာအနားတွင် မိမိတို့ KIA မျိုးချစ်များမှမိုင်းဆွဲတိုက်ခိုက် အောင်မြင်နိုင်ခဲ့။

KIA တပ်မဟာ (၉) နယ်မြေ ၊ဖါးကန့် မြို့နယ်အေးမြသာယာအနား CDM လုပ်ရှားနေသော Gen Z လူငယ်များအားအနှောက်အယှက်ပေးရန် ထွက်လာသောရဲကားနှစ်စီးအားမိမိတို့ KIA မျိုးချစ်များတိုက်ခိုက်ရာ ရဲအရာရှိတစ်ဦးနှင့် ရဲသား ၄ ဦးမိုးမျှော် ၊၁၀ ဦးထက်မနည်းဒဏ်ရာရရှိ။

အောက်ပြည်မှ အလောတောင်တိုက်ပွဲ စစ်ကူ ရန် ဗန်းမော်ဘက်သို့ ချီတက်လာသော မအလအကြမ်းဖက်တပ် ခလရ (၂၃၃) စစ်ကြောင်းများအား မိမိတို့ KIA တပ်မဟာ (၃ )မျိုးချစ်များမှ မိုင်းဆွဲတိုက်ခိုက်အောင်မြင် ။စစ်သည်အင်အား ၂၀ ပါသောကား တစ်စီးလုံးမီးလောင်ပျက်စီးကာ ကားတွင်းပါ မအလ၏ စစ်သည်၂၀ လုံးမိုးမျှော်။

အလော့ဘွမ်တောင် စခန်းမှာလေယာဥ်ဗုံးကြဲဒဏ်အလူးအလဲခံနေရသော်လည်းဘုရားသခင်၏ကွယ်ကာမှုနှင့်အတူ KIA မျိုးချစ်များ၏ရွံရွံ ချွန်ချွန် ကာကွယ်ပေးနိုင်မှုတို့ကြောင့် ပန်းပန်လျှက်ပါ။အလော့ဘွမ် တောင်ကျရှုံးခြင်းသတင်းလုံးဝအမှားပါ။

ရှမ်းမြောက် မူစယ်မြို့နယ် နမ့်အွမ် နှင့် တာလုံကြား နမ့်ဘော်တံတားရှိ မအလစခန်းအား မိမိတို့ရှမ်းမြောက် တပ်မဟာ ၆၊ ရင်း (၉)၊ တပ်ခွဲ (၂ )အဖွဲ့သားများ ဧပြီလ ၁၃ ရက်ညနေ ၆:၄၀ အချိန်တွင် ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ရာ ရန်သူဘက်မှ အငိုက်မိခံလိုက်ရကာအကျအရှုံးများ။တိုက်ခိုက်ရသည့် အကြောင်းရင်းမှာ လမ်းတံတားအတွင်း ဖြတ်သန်းသွားလာနေသောအများပြည်သူများအား အစစ်အဆေးအလွန် အမင်းများသောကြောင့် ဝင်ရောက်ဆုံးမလိုက်ခြင်းဖြစ်သည်။၎င်း စခန်းတွင် ရဲ၊ စစ်သားနှင့် ပြည်သူစစ်များစုစုပေါင်း( ၅၀) ဝန်းကျင် အမြဲနေထိုင်ကြောင်းလည်းသိရှိရသည်။တစ်ဝက်နီးပါးမိုးမျှော်နိုင်ခြေရှိ။

ဧပြီလ (၁၃)ရက်, တစ်ရက်ထဲပင်အလောတောင်တိုက်ပွဲအပါ ငါးနေရာ တိုက်ပွဲ၏ အောင်ပွဲရလဒ်များအရ မအလ၏အပေါင်းအပါစုစုပေါင်းမိုးမျှော်သူ ဦးရေ ၁၀၀ နှင့်အထက်ရှိနိုင်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မန်တုံမြို့တွင် စက်တင်ဘာ ၂၉ရက်က တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။ မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းကို KIA/PDF ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

စက်တင်ဘာ ၂၉ရက် နံနက်ပိုင်းကစတင်၍ မန်တုံအခြေစိုက် ခလရ(၁၃၀) တပ်ရင်းကို KIA/PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယခုဖမ်းမိသူ ခြောက်ဦးကို KIAနှင့်KPDF ပူး​ပေါင်းအဖွဲ့က စစ်ဆေးနေပြီး မကြာမီသတင်းထုတ်ပြန်မည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

သတင်း

အဆိုပါ ဘီယာဖာများကို အများပြည်သူရှေ့တွင် ဖျက်ဆီးခဲ့ပြီး နောက်နောင်တွင်လည်း စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ဖမ်းဆီးရမိပါက ဖျက်ဆီးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။