Hi, what are you looking for?
ကချင်ပြည်နယ်ရွှေကူမြို့နယ်တိုက်ပွဲမှာ အာဏာသိမ်း စစ်တပ်ဘက်ကသေဆုံးထိခိုက်များပြားနေတယ်လို့ကချင်စစ်ရေးတသင်းရင်းမြစ်အချို့ကပြောပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေ တိုက်ဖျက်ရေးကို အကြောင်းပြုပြီး အာဏာသိမ်းစစ်တပ်နဲ့ အမေရိကန် အစိုးရကြား တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်တာမျိုး ဖြစ်လာနိုင်ခြေအပေါ် U.S. Campaign for Burma အပါအဝင် အရပ်ဖက် အဖွဲ့အစည်း နှစ်ဒါဇင်ကဇူလိုင် ၁ ရက်နေ့မှာ ပူးတွဲ ကန့်ကွက်လိုက်ကြပါတယ်။
စစ်ကောင်စီသည်တရားမဝင်အတုအယောင်ရွေးကောက်ပွဲတခုကို ဟန်ပြပြုလုပ်ပြီး အာဏာတည်မြဲရေးနှင့် ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့၊ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရေး ကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပြီး တော်လှန်ရေး အင်အားစုများ အားလုံးအနေဖြင့် စုစည်းညီညွတ်စွာဖြင့် ပြည်သူနဲ့အတူရပ်တည်ရင်း စစ်ကောင်စီ၏ ထောင်ချောက်ကို ဆန့်ကျင်ကျော်လွှားကြရန် တိုက်တွန်းသည်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ညွှန်ကြား ချက်နဲ့ ပဲခူးတိုင်းအစိုးရအဖွဲ့က တောင်ငူကေတုမတီမြို့ဟောင်းပြန်လည်တူးဖော်ရေးလုပ်ကိုင်ဖို့ အဆင့်ဆင့်ညွှန်ကြားလာတာဟာ နောက်ကွယ်မှာ အကျိုးစီးပွားအတွက် တွန်းအားပေးနေတာမျိုးတွေ ရှိနေနိုင်တယ်လို့ ဒေသခံတွေကြားသုံးသတ်မှုတွေ ရှိနေပါတယ်။
သြဂုတ်-၁၉၊၂၀၂၅။လူအေး/People’s Spring နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲများဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဉ် ၁၃၊၁၄ နှင့် ၁၅ သင်တန်းဆင်းများကို နတ်ရေကန်ဗျူဟာနှင့် အမ်း-ပဒါန်းလမ်းစစ်မြေပြင်သို့ဆက်တိုက်ပို့ဆောင်နေသည်။ အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များကအမ်း-ပဒါန်းလမ်း နှင့် နတ်ရေကန်ဗျူဟာကို ထိန်းချုပ်ရေး တိုက်ခိုက်နေပြီး စစ်တပ်ကလည်း စစ်မှုထမ်းသင်တန်းဆင်းများရာချီပို့၍ အင်အားဖြည့်တင်းလာခြင်းဖြစ်သည်။ “ပြီးခဲ့တဲ့ရက်တွေကအင်အား၆၀၀ -၅၀၀လောက် ရောက်တယ်။အခုရက်လည်း ရာဂဏန်းထပ်ရောက်လာတယ်။စစ်မှုထမ်းတွေကိုဆက်တိုက်ပို့...