Connect with us

Hi, what are you looking for?

သတင်း

ထန်းတပင်မြို့နယ်မှာ စစ်တပ်ဗုံးကြဲလို့ အဘွားအိုအပါအဝင် အမျိုးသမီး ၂ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၂)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူသေဆုံးထိခိုက်မှု ရှိခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။

ထန်းတပင်မြို့နယ်မှာ စစ်တပ်ဗုံးကြဲလို့ သေဆုံးဒဏ်ရာရသူတချို့နဲ့ ထိခိုက်ပျက်စီးမှုတွေ။ ဓာတ်ပုံ - KNU

ဇန်နဝါရီ-၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၂)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူသေဆုံးထိခိုက်မှု ရှိခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၉ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီ လေတပ်က တောင်ငူခရိုင် ထန်းတပင်မြို့နယ် မော်နေဘွာကျေးရွာအုပ်စု ဇီဒေါခိုရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး အသုံးပြုပြီး ဗုံး ၂ကြိမ်ကြဲချခဲ့ရာ လေကြောင်း တိုက်ခိုက်မှုကြောင့် ဇီဒေါခို ကျေးရွာနေ အသက် ၈၅ နှစ်အရွယ် အဘွားအို ၁ဦးနဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ၁ဦး တို့ သေဆုံးကာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၂ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၆လုံး ပျက်စီးခဲ့ကြောင်း အသိပေးထားပြီး ဒေသခံ ပြည်သူတွေလည်း ထိတ်လန့်ကြောက်ရွံ့ကာ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေ အရေးပေါ်လူသားချင်းစာနောက်ထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျက် ရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၉ ရက်မှာပဲ KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေမှာ ဒရုန်းနဲ့တိုက်ခိုက်တာ ၊ လေကြောင်း ဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ် လှေဒုံးရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ကြဲလို့ အမျိုးသား ၁ဦး ဒဏ်ရာရခဲ့သလို ကွီးဒိုခေါ် ဒေသကို လေကြောင်း တိုက်ခိုက်ခဲ့လို့ နွားအချို့ထိခိုက်ခဲ့ပါတယ်။

စစ်ကောင်စီက အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်နေလို့ ပြည်သူတွေထိခိုက်သေဆုံးတာ အိုးအိမ်ပျက်စီးတာတွေ ကြုံနေရကြောင်း KNUက ထုတ်ပြန်ထားပြီးပြည်သူတွေ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ သွားလာနေထိုင်နေကြရတယ်လို့ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်က တလိုင်းတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။