Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်သားသစ် ၇ဦး KNDO ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေမှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၇ဦး ထပ်မံ အလင်းဝင်လာကြောင်း KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

KNDOထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ - KNU-KLHD

ဇန်နဝါရီ-၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေမှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၇ဦး ထပ်မံ အလင်းဝင်လာကြောင်း KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၈ရက်က KNU ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ် KNLA တပ်မဟာ (၃) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၃)ဆီကို အလင်းဝင်လာတာဖြစ်တယ်လို့ အသိပေးပါတယ်။

အလင်းဝင်လာသူတွေဟာ စစ်ကောင်စီတပ်က အဓမ္မ စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူတွေ ဖြစ်ပြီး ကျောက်ကြီးမြို့နယ် တုံးတံတား စခန်းမှာ တာဝန်ကျနေစဉ် KNDOထံ လက်နက်ချ လာတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသူ ၇ဦးဟာ ခလရ(၅၃) တပ်ရင်းက ဖြစ်ပြီး လက်နက်တွေ ယူလာခြင်းရှိမရှိကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

ဇန်နဝါရီ ၃ရက်ကလည်း KNLA တပ်မဟာ(၃) တပ်ရင်း(၈) ဆီကို စစ်ကောင်စီရဲ့ ခမရ(၅၉၉) တပ်က တပ်သား ၃ဦး အလင်းဝင်ခဲ့သလို ၂၀၂၅ ဒီဇင်ဘာလထဲမှာလည်း တပ်မဟာ(၃) ဆီကို အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေ ၁၀ဦးထက်မနည်းရှိခဲ့ပါတယ်။ အလင်းဝင်လာသူတွေအားလုံးဟာ စစ်ကောင်စီက အဓမ္မ စစ်သားစုဆောင်းထားတဲ့ သူတွေဖြစ်ပြီး KNU အနေနဲ့ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွင်းက အတင်းအဓ္ဓမစစ်မှုထမ်း စေခိုင်းခံရသူတွေ အနေနဲ့ KNUနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီ အလင်းဝင်ကြဖို့လည်း KNUက ထပ်မံ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook