Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်းမှာ စစ်တပ်ရွေးကောက်ပွဲအပိုင်း(၃)ကို​စောလုပ်​နေ

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်း အရှေ့ခြမ်းက မြို့နယ်တွေမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို သတ်မှတ်ရက်ထက် စောပြီးလုပ်​နေသလိုကြိုတင်မဲ​တွေဖိအား​ပေးပြီး ​ပေးခိုင်းနေတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

ပဲခူးတိုင်းအ​နောက်ခြမ်း ၊ရန်ကုန်-မန္တ​လေးလမ်း​ဟောင်းတ​နေရာမှာ PDF တပ်ဖွဲ့ဝင်​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-MOD/NUG

■ပြည်သူနဲ့ စစ်​ကောင်စီဝန်ထမ်း​တွေကိုလည်းကြိုတင်မဲ​ပေးဖို့ဖိအား​ပေး​

ဇန်နဝါရီ-၂၆၊၂၀၂၆။ဒလပန်း/People’s Spring

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်း အရှေ့ခြမ်းက မြို့နယ်တွေမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို သတ်မှတ်ရက်ထက် စောပြီးလုပ်​နေသလိုကြိုတင်မဲ​တွေဖိအား​ပေးပြီး ​ပေးခိုင်းနေတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

ကျောက်တံခါးမြို့နယ်မှာ စစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၃ အတွက် သတ်မှတ်ရက်ထက်စောပြီး ဇန်နဝါရီ ၁၉ ရက်ကစပြီး မဲ​ပေးခိုင်း​နေတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ကြိုတင်မဲပေးပိုင်ခွင့်ရှိသူရယ်လို့ မဟုတ်ဘူး​။ ပေးချင်တဲ့သူ ပေးလို့ရတဲ့ သဘောပဲ။ အဲ့တာကိုလုပ်တယ်။ ကျောက်တံခါးမြို့ပေါ်မှာတော့ လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်ထဲက အထက ကွင်းအနောက်ရပ်မှာပေးတယ်။ ကျန်တဲ့ ကျေးရွာတွေမှာလည်း အဲ့လိုပေးခိုင်းတယ် “ လို့ပြောပါတယ်။

စစ်တပ်ရွေးကောက်ပွဲ အပိုင်း ၃ ဇန်နဝါရီလ ၂၅ ရက်မှာလုပ်မယ်လို့​ကြေညာထားတာဖြစ်ပါတယ်။

စစ်တပ်ရွေးကောက်ပွဲ အပိုင်း ၃ မှာတော့ ပဲခူးတိုင်း အရှေ့ခြမ်းက ဝေါ၊ ကျောက်တံခါး၊ ဖြူး ၊ အုတ်တွင်း ၊ ကျောက်ကြီးနဲ့ ပဲခူးတိုင်း အနောက်ခြမ်းက သဲကုန်း၊ ကြို့ပင်ကောက်၊ အုတ်ဖို မြို့နယ်တွေ ပါဝင်ပါတယ်။

ကြို့ပင်ကောက်မြို့နယ်မှာလည်း စစ်​ကောင်စီဝန်ထမ်းတွေကို ကြိုတင်မဲပေးဖို့ ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

“တလောက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတော့ ကြို့ပင်ကောက်မှာ မဲရုံတွေကို မလာရဲကြတော့ဘူး။ ဒါ့ကြောင့် စစ်တပ်က အစိုးရဝန်ထမ်းတွေကို ကြိုတင်မဲပေးရမယ်ဆိုပြီးဖိအားပေး ခြိမ်းခြောက်နေပါတယ်။အဓိကစည်ပင်ဝန်ထမ်းတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေကို သူတို့ရဲ့ သက်ဆိုင်ရာ လူကြီးတွေက ခေါ်ပြီး ကြိုတင်မဲပေးခိုင်းထားတယ်လို့ သိရပါတယ်။ ခုလာမယ့် ဇန်နဝါရီ ၂၂ နဲ့ ၂၃ နှစ်ရက်ကို ကြိုတင်မဲ ပေးရမယ်လို့ ကြားပါတယ်။ အဲ့နှစ်ရက်ကို ခရီးသွားခွင့်၊ ပုံမှန်ခွင့်ယူခွင့်တောင် မပေးထားဘူးလို့ သိရပါတယ်” လို့ ကြို့ပင်ကောက်မြို့နယ်နေ ပြည်သူတစ်ဦးက ​ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကြို့ပင်ကောက်နဲ့ ဇီးကုန်းကြား ရှမ်းကွင်းရွာ လမ်းဆုံရှိ စစ်ကောင်စီဂိတ်ကို PDF တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ပွဲ​တွေဖြစ်​နေတာကြောင့် စစ်တပ်ရွေးကောက်ပွဲ မဲရုံတွေမှာ မဲရုံ​စောင့်လုပ်ဆောင်ပေးသူ မရှိ​တော့လို့ ပိုက်ဆံပေးစောင့်ခိုင်းသူ ရှာဖွေနေတယ်လို့လည်း ဒေသခံပြည်သူအချို့က ဆိုပါတယ်။

“ပြီးခဲ့တဲ့ ရက်က စစ်တပ်ဂိတ်တောင် အပစ်ခံထားရတော့ အခု မဲရုံကို အုပ်ကြီးက အစ သွားစောင့်ပေးဖို့ ကြောက်နေတယ်။ ဘယ်သူမှ မစောင့်ရဲကြဘူး။ ဟိုတလောက ပစ်ခံရတဲ့ ရှမ်းကွင်းတို့၊ ကံကြီးတို့ ဘက်မှာဆို မဲရုံစောင့်ပေးရင်း ပိုက်ဆံဘယ်လောက်ပေးမယ် ဆိုပြီး လိုက်ရှာနေရတယ်လို့ ကြားပါတယ်။ အဲ့ဘက်က ရွာသူ၊ရွာသား အများစုကလည်း တိုက်ပွဲရန် ကြောက်လို့ ရှောင်နေကြတဲ့ မဲပေးမယ့်သူတောင် မရှိသလောက်ပါပဲ” လို့ ကြို့ပင်ကောက်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

အလားတူဖြူ ဖြူးမြို့နယ်မှာလည်း စစ်တပ်လက်​အောက်ခံအုပ်ချုပ်​ရေးမှူး​တွေက ​ကျေးရွာအချို့ကပြည်သူ​တွေကို ဇန်နဝါရီ ၁၇ရက်ကစပြီး ကြိုတင်မဲ​ပေးဖို့ ဖိအား​ပေး​နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

“ ကြိုတင်မဲတွေပေးခိုင်းနေတာပါမထည့်ရင်အရေးယူမယ်လို့လဲပြောနေပါတယ်။ကျီးမနိုး ဥက္ကဌ ကားအပြတ်ငှားပြီးတော့ ဖြူးမြို့စည်ပင်သာယာ ခန်းမ မှာ ကြိုတင်မဲတွေပေးခိုင်းနေတာပါ။​ကျီးမနိုးဥက္ကဌအမည်သိန်းလှိုင်ပါ။မဲပေးသူဦးရေ မပြည်မှီရင်အထက်လူတွေကရပ်ကျေးအုပ်ချုပ်ရေးမှူးဖြစ်တဲ့ သိန်းလှိုင်ကိုအရေးယူမယ်လို့ဆိုတာကြောင့် ဖောကားအပြတ်ငှားပြီး ရွာသားတွေကို စည်ပင်သာယာခန်းမ ကို ခေါ်သွားကြပါတယ်” လို့​ဒေသခံတဦးက​ပြောပါတယ် ။

ကြိုတင်မဲ​ပေးဖို့ ရွာအုပ်ချုပ်​ရေးမှူးက ရွာသူရွားသား​တွေကိုတစ်အိမ်တက် ၊တစ်အိမ်ဆင်း လက်မှတ်​တွေ လိုက်ထိုးခိုင်းပြီးဖိအား​ပေးတာလို့​ဒေသခံ​တွေက​ပြောပါတယ် ။

စစ်ကောင်စီက ပဲခူးတိုင်းကမြို့နယ်တချို့မှာရွေးကောက်ပွဲကိုကြိုလုပ်​နေသလိုတဖက်မှာလည်းအဲ့ဒီဒေသတွေမှာ ​တော်လှန်​ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာတွေလည်းရှိပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်း ဒေသ အောင်မြင်စစ်ဆင်ရေး အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဇန်နဝါရီလ (၉) ရက်မှာ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၄ ကိုတိုက်ခိုက်ခဲ့ကြပါတယ်။

ဇန်နဝါရီ ၁၈ရက်မှာလည်း ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့တောင်ဘက် ညောင်လွင့်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ရသလို လမ်းပိုင်းတွေလည်း ယာယီပိတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါအပြင် မနေ့ ဇန်နဝါရီ ၂၀ ရက် နေ့လည်ပိုင်းအချိန်မှာ စစ်ကောင်စီတပ်က ပဲခူးတိုင်း၊ဖြူးမြို့နယ် လှေဒုံးကျေးရွာအုပ်စု၊ မအူပင်ကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၂ ရက်ကစလို့ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ရန်ကုန် – မန္တလေးလမ်းဟောင်းအနီးရှိ ကြိမ်ခါးကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း ကျေးရွာအတွင်းက ပစ္စည်းတွေကို ခိုးယူတာ နေအိမ်တွေကို မီးရှို့တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစစ်ကြောင်းထိုးဝင်ရောက်တာကြောင့် ကြိမ်ခါးကုန်း၊ အင်ကုန်း၊ ကြိမ်ခါးကုန်း ကုန်တောတိုက်၊ ကညင်ချောင်း၊ ဘုရားကုန်းသစ်စတဲ့ ကျေးရွာက ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ စစ်တပ်ဝါဒဖြန့်မှုသတိထားရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က မီးရှို့တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရဖို့ သေချာသလောက် ဖြစ်လာတဲ့နောက် ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် ဦးဆောင်တဲ့ ဘွန်ဂျိုင်ထိုင်း (BJT) ပါတီဟာ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေးကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ဆွေးနွေးမှုတွေ စတင်လာဖွယ် ရှိနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

​ဖေ​ဖော်ဝါရီ-၇၊၂၀၂၆။People’s Spring ရွေးကောက်ပွဲအကြို နောက်ဆုံး အားထည့်မှု အနေနဲ့ ထိုင်းနိုင်ငံရေး ပါတီတွေက အပြိုင်အဆိုင်မဲဆွယ်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့က ဘန်ကောက်မြို့တော်မှာ အဓိက အင်အားကြီး ပါတီသုံးခုကို ကိုယ်စားပြုတဲ့ အပြာရော၊ လိမ္မော်ရောင်နဲ့ အနီရောင်တွေ နေရာအနှံ့ လူစုပြီး...

Facebook