Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လူ ၄၀၀ ကျော်ဖမ်းခံရ

ရွေးကောက်ပွဲကျင်းပတာနှောင့်ယှက်ဟန့်တားတယ်ဆိုတဲ့စွပ်စွဲချက် လူ ၄၀၀ ကျော်ကိုဖမ်းဆီးထားတယ်လို့အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထဲ ရေးဝန်ကြီး က ဇန်နဝါရီလ ၂၀ ရက် မှာ နေပြည်တော်မှာရှိတဲ့ ရဲဌာနချုပ်မှာ ထုတ်ပြောလိုက်ပါတယ်။

ဇန်နဝါရီ – ၂၁ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ရွေးကောက်ပွဲကျင်းပတာနှောင့်ယှက်ဟန့်တားတယ်ဆိုတဲ့စွပ်စွဲချက် လူ ၄၀၀ ကျော်ကိုဖမ်းဆီးထားတယ်လို့အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထဲ ရေးဝန်ကြီး က ဇန်နဝါရီလ ၂၀ ရက် မှာ နေပြည်တော်မှာရှိတဲ့ ရဲဌာနချုပ်မှာ ထုတ်ပြောလိုက်ပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ပျက်ပြားစေဖို့ နည်းအမျိုးမျိုးနဲ့ ကျုးလွန်သူတွေကို အရေးယူရာမှာ ဇန်နဝါရီလ ၁၉ ရက်အထိ ၃၁၁ မှု ရှိခဲ့တယ်လို့ စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကဆိုပါတယ်။

အဲဒီအမှုတွေကို ရွေးကောက်ပွဲကာ ကွယ်တားဆီးရေးဆိုင်ရာ ဥပဒေ နဲ့အရေးယူထားတာပါ။

Public Service Announcement

Public Service Announcement

အရေးယူခံရသူတွေထဲမှာ အမျိုးသား ၃၂၄ ဦး ၊ အမျိုးသမီး ၈၀ ဦး စုစုပေါင်း ၄၀၄ ဦးပါဝင်ပါတယ်။

ဘာကြောင့်အရေးယူရတာလဲဆိုတာနဲ့ အရေးယူတဲ့ပုဒ်မ ကိုတော့အသေးစိတ်ဖော်ပြတာမရှိပါဘူး။

ဒါပေမယ့် ရွေးကောက်ပွဲကို ထိခိုက်စေမ​ယ့် လှုံ့ဆော်မှုတွေ ၊ ဝါဒဖြန့်ဝေမှုတွေ လုပ်ဆောင်သူတွေကို ဆက်လက်အရေးယူသွားမယ်လို့ စစ်ကောင်စီပြည်ထဲရေးဝန်ကြီးက ခြိမ်းခြောက်ထားပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာသူကျင်းပတဲ့ရွေးကောက်ပွဲကိုနှောက်ယှက်ရင်ဖမ်းဆီးထောင်ချဖို့အတွက်ရွေးကောက်ပွဲနှောက်ယှက်ဟန့်တားဖျက် ဆီးတာကနေကာကွယ်ပေးရေးဥပဒေကိုပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းက ပြဌာန်းခဲ့တာပါ။

ဓာတ်ပုံ – စစ်ကောင်စီ 

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။