Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်မှာ လေကြောင်းဗုံးကြဲခံရလို့ သေဆုံးရဲမေနာရေးမှာ ပြည်သူ ၂ဦးပစ်ခတ်ခဲ့တဲ့ ရဲဘော်ဟောင်းကို ဖမ်းဆီးအရေးယူ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ စစ်တပ်လေကြောင်းဗုံးကြဲလို့ သေဆုံးခဲ့ရတဲ့ ရဲမေတဦးရဲ့နာရေးမှာ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသူပြည်သူ ၂ဦးဟာ ဒလန်မဟုတ်ဘဲ သေဆုံးသူတွေရဲ့ မိသားစုဟာ တော်လှန်ရေးမှာပါဝင်နေသူတွေဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ကန်ပက်လက်က နိုဝင်ဘာ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သေဆုံးပြည်သူ၂ဦးဟာ ဒလန်မဟုတ်၊တော်လှန်ရေးမှာပါဝင်နေတဲ့ မိသားစုဝင်တွေဖြစ်ဟု CDFရှင်းလင်း

နိုဝင်ဘာ-၁၆၊ ၂၀၂၅။ ပုရစ်/People’s Spring

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ စစ်တပ်လေကြောင်းဗုံးကြဲလို့ သေဆုံးခဲ့ရတဲ့ ရဲမေတဦးရဲ့နာရေးမှာ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသူပြည်သူ ၂ဦးဟာ ဒလန်မဟုတ်ဘဲ သေဆုံးသူတွေရဲ့ မိသားစုဟာ တော်လှန်ရေးမှာပါဝင်နေသူတွေဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ကန်ပက်လက်က နိုဝင်ဘာ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၄ရက်က စစ်ကောင်စီဟာ ကန်ပက်လက်မြို့ တနေရာကို လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့ရာ ရဲမေ ၁ဦးနဲ့ ပြည်သူ ၂ဦး သေဆုံးကာ ပြည်သူ ၁၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကျဆုံးရဲမေအား သင်္ဂြိုလ်တဲ့အချိန်မှာ ရဲဘော်ဟောင်းတဦးက သောက်စားမှုးယစ်ပြီး ရဲဘော်တွေရဲ့ သေနတ်တွေကို လိုက်လံတောင်းယူခဲ့ရာ ရဲဘော်တွေက မပေးလို့ အလစ်အငိုက်မှာ ရဲဘော် ၁ဦးရဲ့ သေနတ်လုယူပြီး စည်းမဲ့ကမ်းမဲ့ပစ်ဖောက်ခဲ့လို့ ပြည်သူနှစ်ဦးသေဆုံးခဲ့ရကြောင်း CDFက ထုတ်ပြန်ပါတယ်။

” နာရေးမှာဖြစ်တဲ့ ဖြစ်စဉ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားတဲ့ ရဲမေလိုက်ပို့တဲ့သူက ရဲဘော်တဦးဆီကသေနတ်ယူပြီး ပစ်ဖောက်ရာမှာ သေနတ်မထိန်းနိုင်လို့ ရမ်းပြီးပစ်ဖောက်မိတဲ့နေရာကနေ ပြည်သူ့ကို ထိခိုက်သွားတာပါ။ ကျနော်တို့အနေနဲ့တော့ အရေးယူဆောင်ရွက်မှုလုပ်နိုင်ဖို့ အတွက်ဖမ်းဆီးချုပ်ထားတယ်။ ပြီးတော့ ပြည်သူဖြစ်တဲ့အတွက် ပြည်သူရဲတပ်ဖွဲ့နဲ့ အရပ်ဖက်တရားရေးကို လွှဲထားတာရှိပါတယ်” လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

ကျူးလွန်သူဟာ ၂၀၂၅ ဖေဖော်ဝါရီအထိသာ CDF တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး အနားယူနေသူဖြစ်တယ်လို့ CDFက ရှင်းလင်းပါတယ်။

ဒါ့အပြင် နာရေးမှာပစ်ခတ်ခံရလို့ သေဆုံးသူ ၂ဦးဟာ အချို့ သောသတင်းမီဒီယာများ ရေးသားဖော်ပြသလို သူလျှိုဒလန်များမဟုတ်ကြဘဲ တော်လှန်ရေး ကာလအတွင်းပေးဆပ်ထားတဲ့ မိသားစုဝင်များဖြစ်တဲ့အပြင် လက်ရှိအချိန်မှာလည်းတော်လှန်ရေးတွင်အဖက်ဖက်မှအားကိုးအားထားရသော တော်လှန်ရေးမိသားစုဝင်များဖြစ်ကြောင်း CDFက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ထောက်ပို့လုပ်ငန်းတွေမှာ အားကြိုးမာန်တက်ပါဝင်ကြသော မိသားစုဝင်များ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်းကျဆုံးသူတွေနဲ့ နောက်ဆက်တွဲဖြစ်စဉ် အတွင်း ထိခိုက်သေဆုံးရသောပြည်သူနှစ်ဦးအတွက်များစွာ ဝမ်းနည်းကြေကွဲကြောင်းလည်း CDF ကန်ပက်လက်က ဖော်ပြပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲဖြစ်စဉ်အတွင်း သေဆုံးသူပြည်သူနှစ်ဦးအတွက် တရားမျှတမှုရှိစေဖို့ တည်ဆဲဥပဒေအရဖြစ်စေ၊ ချင်းအက်ဥပဒေအရဖြစ်စေသက်ဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း အသိပေးထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ