Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးစစ်ကိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၁၆) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB

နိုဝင်ဘာ-၁၆၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၁၆) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မြို့အဝင် ဆိုင်း ဘုတ်မှာ ကျောင်းသားသမဂ္ဂ ရဲဘော်တွေက “လုံးဝအုပ် ချုပ်ခွင့်မရ” စာသားချိတ်ဆွဲပြီး စစ်ကောင်

စီရဲ့ ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကသာမြို့နယ်မှာလည်း ၅/ကသာလူထုသပိတ်စစ်ကြောင်းက “No Votes Under Guns Reject The Junta’s Sham” စာသားနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက ”No Votes Under Guns Reject The Junta’s Sham” နဲ့ “အုပ်ချုပ်ခြင်း(၅)မျိုး ဆန့်ကျင်ရေး (၁)ကြောက်လန့်တုန်လှုပ်အောင် အုပ်ချုပ်ခြင်း၊ (၂)ဆင်းရဲမွဲတေအောင် အုပ်ချုပ်ခြင်း (၃)ပညာမတက်အောင် အုပ်ချုပ်ခြင်း၊ (၄)သတင်းအမှောင်ချ၍ အုပ်ချုပ်ခြင်း၊ (၅)စာရိတ္တပျက်ပြားအောင် အုပ်ချုပ်ခြင်းစတဲ့စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့အတူ စစ်ကောင်စီ​ရွေးကောက်ပွဲအလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ