Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့တိုက်ပွဲမှာ စစ်အုပ်စုရဲ့အသေခံဒရုန်း ၃စီးကို ​တော်လှန်​ရေးတပ်တွေသိမ်းရ

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့တိုက်ပွဲမှာ စစ်တပ်နဲ့ ရှမ်းနီတပ်(SNA)ရဲ့ အသေခံဒရုန်း ၃စီးကို​တော်လှန်​ရေးတပ်​တွေကသိမ်းရတယ်လို့ ဗန်းမောက်မြို့နယ်စစ်ရေးတာဝန်ရှိသူအချို့က ပြောပါတယ်။

ဗန်းမောက်မြို့တိုက်ပွဲအတွင်း စစ်အုပ်စုရဲ့အသေခံဒရုန်း ၃စီး သိမ်းရထားစဉ်။ ဓာတ်ပုံ - ပေးပို့

နိုဝင်ဘာ-၁၆၊၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့တိုက်ပွဲမှာ စစ်တပ်နဲ့ ရှမ်းနီတပ်(SNA)ရဲ့ အသေခံဒရုန်း ၃စီးကို​တော်လှန်​ရေးတပ်​တွေကသိမ်းရတယ်လို့ ဗန်းမောက်မြို့နယ်စစ်ရေးတာဝန်ရှိသူအချို့က ပြောပါတယ်။

စစ်​ကောင်စီတပ်နဲ့ SNA တပ်တို့က လေကြောင်းပစ်ကူနဲ့ ဗန်းမောက်မြို့အနီး တိုးလာတာကြောင့် တိုက်ပွဲဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

“မနေ့က နတလ(နယ်စပ်ဒေသနဲ့တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတတ်ရေးသင်တန်းကျောင်း)ဘက်ခြမ်းမှာ ထိတွေ့မှုဖြစ်တယ်။ခြံစည်းရိုးနားကုန်းကို ကပ်လာတာ”လို့ ဗန်းမောက်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ SNAတို့ ထိခိုက်မှုရှိပြီး ပြန်ဆုတ်သွားရတယ်လို့ အသိပေးပါတယ်။

စစ်အုပ်စုက ဗန်းမောက်မြို့ တန်ပြန်ထိုးစစ်အပေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပကဖအပါအဝင်​တော်လှန်​ရေးတပ်တွေက ခုခံကာကွယ်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ၁၅ရက် တိုက်ပွဲအတွင်း စစ်ကောင်စီက Y12 လေယာဥ်နဲ့ ဗုံးအလုံး ၆၀ ဝန်းကျင်အပြင် ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ ဗန်းမောက်မြို့မှာရှိနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မြို့အနောက်ဘက်ခြမ်းကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်မှာ အင်အား ၅၀၀ ဝန်းကျင်ရှိပြီး စစ်ကိုင်းအခြေစိုက် တပ်မ(၃၃)လက်အောက်ခံတပ်ရင်းအချို့အားဖြည့်ထားတဲ့အပြင် အရင်မြို့နယ်အတွင်း တပ်စွဲခဲ့တဲ့ တပ်မ(၇၇) လက်အောက်ခံတပ်ရင်းတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့ကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ရက်က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် စစ်ဆင်ရေးလုပ်ငန်းတွေ အတွက် ဗန်းမောက်မြို့မှာ ညမထွက်ရအမိန့် ရက်အကန့်အသတ်မရှိ ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ