Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့ကမျက်မမြင်အကြောပြင်ဆိုင်ဝင်ခိုးခံရ ဖုန်းနဲ့ငွေတွေပါသွား

စစ်ကိုင်းမြို့ပေါ်မှာ မျက််မမြင်အကြောပြင်ဆိုင်ကို သူခိုးဝင်ခိုးပြီး မျက်မမြင်အနှိပ်သည်ရဲ့ ဖုန်းနဲ့ငွေတွေ ခိုးယူသွားကြောင်း သတင်းရရှိပါတယ်။

စစ်ကိုင်းမြို့အဝင် တနေရာကို တွေ့ရစဥ်။ဓါတ်ပုံ-CJ

နိုဝင်ဘာ-၁၆၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းမြို့ပေါ်မှာ မျက််မမြင်အကြောပြင်ဆိုင်ကို သူခိုးဝင်ခိုးပြီး မျက်မမြင်အနှိပ်သည်ရဲ့ ဖုန်းနဲ့ငွေတွေ ခိုးယူသွားကြောင်း သတင်းရရှိပါတယ်။

နိုဝင်ဘာ ၁၅ ရက် မနက် ၁၁နာရီခွဲခန့်က စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ရှိ မျက်မမြင်အကြောပြင်ဆိုင်တဆိုင်သို့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကဝင်ရောက်ခိုးယူသွားရာ မျက်မမြင်အကြောပြင်ဆရာတဦးရဲ့ ကျပ်လေးသိန်းကျော်နဲ့ ဖုန်းတစ်လုံး ပါသွားတာလို့ဒေသခံအချို့က ပြောပါတယ်။

“လင်မယားနှစ်ယောက်လာ ခိုးသွားကြတာ။ မှတ်ပုံတင်တွေလည်းပါသွားတော့ ပြန်လည်းလုပ်မရတော့ တော်တော်အခက်အခဲတွေ့နေတယ်ပြောတယ်။”လို့ စစ်ကိုင်းမြို့ခံ အမျိုးသားတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းမြို့ပေါ်မှာ စစ်တပ်က လှည့်လည်စစ်ဆေးတာတွေ ပြုလုပ်နေပေမဲ့ ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်း၊ ​မြို့ပေါ်မှာ မကြာခဏ ပစ္စည်းခိုးယူခံရတာတွေ ဖြစ်ပေါ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာပါ နေ့ခင်းကြောင်တောင် ဓါးပြတိုက်မှု၊ လုယက်မှုတွေဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ