သတင်း ငလျင်ဘေးအလှူငွေနဲ့ ပြည်သူတွေ ဗုံးကြဲနေတဲ့ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ငလျင်ဘေး အလှူငွေနဲ့ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၁၈)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။ ludunwayooဩဂုတ် 19, 2025
သတင်း နန်းမားမြို့တွင် ရဲနှစ်ဦး ပစ်သတ်ခံရ၊ မိုးညှင်း-နန်းမားလမ်းပိုင်း စစ်ကောင်စီ ပိတ်ထား ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊နန်းမားမြို့တွင်ယနေ့ ဩဂုတ် ၁၈ရက်က စစ်ကောင်စီလက်အောက်ခံ ရဲနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းဒေသခံများကပြောပြီး ဒေသတွင်း၌ တိုက်ပွဲဖြစ်နေ၍ ညပိုင်းတွင် စစ်ကောင်စီက မိုးညှင်း-နန်းမားလမ်းပိုင်းအား ပိတ်လိုက်ကြောင်း သတင်းရရှိသည်။ ludunwayooဩဂုတ် 19, 2025
သတင်း စစ်ကောင်စီတပ်က အာရှလမ်းကနေ မြဝတီဘက်စစ်ကြောင်းထိုးဖို့ကြိုးစားနေပေမယ့်ရှေ့မရောက် စစ်ကောင်စီတပ်ဟာ မြဝတီမြို့ကို ဖြတ်လေးဖြတ်လုပ်ပြီး အာရှလမ်းပိုင်းကနေ စစ်ကြောင်းသုံးကြောင်းနဲ့ ရှေ့တိုးဖို့ကြိုးစာယနေပေမယ့် ရှေ့ကိုရွေ့မလာဘူးလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayooဩဂုတ် 19, 2025
သတင်း အာဏာသိမ်းခေါင်းဆောင်က အမျိုးသမီးဘောလုံးအသင်းကို ချန်ပီယံဆုယူပေးရန်မှာကြား ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲတက်ရောက်သွားသော မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ချန်ပီယံဆု ရယူပြီး နိုင်ငံ့ဂုဏ်ဆောင်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ကမှာကြားခဲ့သည်။ ludunwayooဩဂုတ် 19, 2025
သတင်း အင်းတော်ကြီးဒေသတိုက်ပွဲ စစ်ကောင်စီပူးပေါင်းတပ်၏ ဂျန်မာယာဉ် KIA သိမ်းရ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ရွာတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ် အသုံးပြုနေသည့် ဂျန်မာ(Jammer)တင်ယာဉ်ကို ကချင်လွတ်လပ်ရေတပ်မတော်(KIA)ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့ဟု စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။ ludunwayooဩဂုတ် 19, 2025
သတင်း မိုးကုတ်မြို့ကို စစ်ကောင်စီ ထပ်မံ လေကြောင်းတိုက်ခိုက် တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့်မိုးကုတ်မြို့ကိုအာဏာ သိမ်းစစ်ကောင်စီတပ်က ယနေ့ ဩဂုတ်၁၈ရက် မွန်းလွဲပိုင်း၌ လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး ဒဏ်ရာရရှိခဲ့ဟု TNLAက ထုတ်ပြန်သည်။ ludunwayooဩဂုတ် 19, 2025
သတင်း မိုးကုတ်မြို့ကို စစ်ကောင်စီ ဗုံးထပ်ကြဲ၊ နောင်ပိန်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ် တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသော မိုးကုတ်မြို့ကို စစ်ကောင်စီက ယနေ့ ထပ်မံဗုံးကြဲခဲ့ပြီး ကျောက်မဲမြို့နယ် နောင်ပိန်ရွာကိုလည်း လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားထိခိုက်မှုရှိခဲ့သည်။ ludunwayooဩဂုတ် 19, 2025
သတင်း မန္တလေးမြို့ပျူတွေက VPN စစ်ဆေးငွေညှစ်တာတွေပိုလုပ်လာ မန္တလေးမြို့မှာ ၊စစ်တပ်လက်အောက်ခံပျူစောထီးခေါင်းဆောင်ဘုန်းကြီးပေါက်ကိုယ်တော်နဲ့ တပည့်တွေ ကြီးစိုးတဲ့ပြည်ကြီးတံခွန်မြို့နယ်ထဲမှာပြည်သူတွေကို ဖုန်းတွေထဲ VPNသုံး၊မသုံးစစ်ဆေးပြီးဖမ်းဆီးငွေညှစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ludunwayooဩဂုတ် 19, 2025
သတင်း ဒီပဲယင်း၊မူးကမ်းကြီးရွာဘုန်းကြီးကျောင်းဗုံးကြဲခံရသံဃာတစ်ပါးအပါအဝင် ၇ ဦးသေဆုံး စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းကိုစစ်တပ်က ဒီကနေ့လေကြောင်းတိုက်ခိုက်ခဲ့လို့ သံဃာတော်တစ်ပါး အပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။ ludunwayooဩဂုတ် 19, 2025
သတင်း မော်ချီးဒေသ လေကြောင်းတိုက်ခိုက်မှု အရပ်သား ၃၂ ဦး သေဆုံး၊ ပျောက်ဆုံးနေသူအချို့ရှိနေ ကရင်နီပြည်နယ်၊မော်ချီးဒေသလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အရပ်သား ၃၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာပျောက်ဆုံးနေသူအချို့ရှိနေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ယနေ့(ဩဂုတ် ၁၈ရက်) ထုတ်ပြန်သည်။ ludunwayooဩဂုတ် 19, 2025