Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုစစ်အုပ်စုထိခိုက်မှုရှိဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ပြော

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ခမရ(၁၅)တပ်ရင်းအနီး လယ်သစ်ကျေးရွာကစစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Zeroပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။

လယ်သစ်ရွာစစ်ကောင်စီဂိတ်ကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ-Zero

နိုဝင်ဘာ ၅၊ ၂၀၂၅။ မေရီ၊ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ခမရ(၁၅)တပ်ရင်းအနီး လယ်သစ်ကျေးရွာကစစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Zeroပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။

နိုဝင်ဘာ ၄ရက် နေ့လယ် ၂ နာရီခန့်က မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာရှိ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေ ပူးပေါင်းထားတဲ့ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲချိန် မိနစ် ၂၀ ကျော်ကြာခဲ့ကြောင်း Zeroပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။

“မြင်းခြံ-တံတားဦး-မန္တလေးလမ်းပေါ်မှာ ရှိတဲ့ရွာ။ မြင်းခြံကနေထွက်တာနဲ့ ပထမဆုံးရွာ။ မြင်းခြံ ခမရ(၁၅)နဲ့ နှစ်မိုင်ပဲဝေးတယ်။ အင်အားကတော့ လေးငါးဆယ်လောက်ရှိမယ်လို့ ခန့်မှန်းတယ်။”လို့ ကိုသက်ကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း ဂိတ်ဘန်ကာအတွင်းပြေးဝင်ပုန်းတဲ့ စစ်ကောင်စီတပ်သားတွေကို ရဲဘော်တစ်ဦးက RPG နဲ့ ဘန်ကာကို တိကျစွာပစ်နိုင်ခဲ့လို့ သေဆုံးထိခိုက်တာတွေများခဲ့တယ်လို့ အသိပေးပါတယ်။

လက်နက်ဝင်ကောက်မယ့်အချိန် ခမရ (၁၅)က စစ်ကူကား ၃စီးနဲ့ စစ်ကူလာလို့ ပြန်ဆုတ်ခဲ့ပြီး ဆုတ်ခွာချိန် စစ်ကောင်စီသတင်းပေး ၂ ဦးကိုဖမ်းဆီးပြီး သက်ဆိုင်ရာအပ်နှံခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့က အသိပေးပါတယ်။

နယ်မြေခံတွေပြောပြချက်အရ စစ်အုပ်စုဝင် ၈ ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရပြီး လယ်သစ်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ငမင်း(ခ)ကိုမင်းလည်း သေဆုံးကြောင်း၊ သူ့ရဲ့နာရေးကို ဒီမနက် ပြုလုပ်ခဲ့ကြောင်း Zeroပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို မြင်းခြံခရိုင်၊တပ်ရင်း(၇)၊zeroပြောက်ကျားတပ်ဖွဲ့နဲ့ ရွှေကံသားစစ်ကြောင်း (မြင်းခြံမြို့နယ်၊ပကဖ) တို့ပူးပေါင်းပြီး စစ်သူကြီး (ဒေါင်းစစ်သည် – zero – column – 5 – )က စစ်ကြောင်းမှူးအဖြစ်ဆောင်ရွက်ကာ ရန်ကုန်အကြီးကောင်စစ်ကြောင်း(၁) – ရွှေကံသားစစ်ကြောင်း(၂)တို့နဲ့ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မနေ့ကမနက်ပိုင်းကလည်း Zero ပြောက်ကျားတပ်ဖွဲ့ ၊ တပ်ရင်း(၁) မြင်းခြံခရိုင်နှင့်မြင်းခြံခရိုင် ပကဖ တို့ပူးပေါင်းစစ်ကြောင်းဟာ မြင်းခြံတောင်ဘက်ရှိ အထိုင်စခန်းတခုကိုလည်း စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ လုံခြုံရေးအခြေအနေအရ အသေးစိတ်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ခံရတဲ့ လယ်သစ်ကျေးရွာ စစ်ကောင်စီဂိတ်ဟာ ခရီးသွားတွေကို မကြာခဏ စစ်ဆေးငွေညှစ်တဲ့နေရာမှာ နာမည်ကြီးကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လ အောက်တိုဘာ ၂၁ ရက်က နွားထိုးကြီး – မြင်းခြံ လမ်းပိုင်းပေါ်မှာ စစ်ကောင်စီယာဥ်တန်းကို Zero ပြောက်ကျားတပ်က တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားအချို့သေဆုံးပြီး လက်နက်သုံးလက် ရရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

Facebook