Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့အုပ်ကြီးစိုးဝေနဲ့ သက်တော်စောင့် စစ်သားကို တော်လှန်ရေးပူးပေါင်းတပ် ပစ်ခတ်

တနင်္သာရီတိုင်း၊ ပုလောမြို့အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးဝေနဲ့ သက်တော်စောင့် စစ်ကောင်စီတပ်သားကို ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ် ခရိုင်အမှတ်(၁)တပ်ရင်းက နိုဝင်ဘာ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

ပုလောမြို့အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးဝေနဲ့ သက်တော်စောင့် ပစ်ခတ်အပြီးသိမ်းရသော လက်နက်၊ ဓာတ်ပုံ - မြိတ်ခရိုင်ရင်း-၁

နိုဝင်ဘာ-၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးဝေနဲ့ သက်တော်စောင့် စစ်ကောင်စီတပ်သားကို ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ် ခရိုင်အမှတ်(၁)တပ်ရင်းက နိုဝင်ဘာ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၃ရက် မနက်က ပုလောမြို့ ကျောက်စုဂိတ်အနီးမှာ ပုလောမြို့အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးဝေနဲ့ သက်တော်စောင့်ဖြစ်တဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ဦးကို မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ပူးပေါင်း မဟာမိတ်အဖွဲ့က ပစ်ခတ်ခဲ့တဲ့ အခြေအနေကို အသိပေးထုတ်ပြန်တာဖြစ်ပါတယ်။

“အုပ်ကြီးက ပစ္စတိုကို ဟန်ပြကိုင်ပြီး ပြည်သူတွေကို ခြိမ်းခြောက်နေတယ်။ ကျနော်တို့ ပစ်ခတ်ပြီး သိမ်းဆည်းချိန်မှ အတုဖြစ်နေတာကို သိခဲ့ရပါတယ်”လို့ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ တိုက်ခိုက်မှုမှာ အုပ်ကြီးနဲ့ သက်တော်စောင့် စစ်သားဟာ ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပြီး သူတို့ဆီက AK47 ရိုင်ဖယ် (၁) လက်၊ ကျည်ဘောက် (၁) ခု၊ ကျည် ၇တောင့်၊ ကလေးကစားစရာ ပစ္စတို (၁) လက်၊ ကလေးကစားစရာ လက်ပစ်ဗုံး (၂) လုံးနဲ့ Vivo ဖုန်းအစုတ် (၁) လုံး တို့ကို သိမ်းဆည်းရတယ်လို့ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက ထုတ်ပြန်ပါတယ်။

အုပ်ကြီးစိုးဝေဟာ ပြည်သူအပေါ် လက်နက်အတုသုံး ခြိမ်းခြောက်ငွေညှစ်တာ၊ စစ်မှုထမ်းအတင်းအကြပ် စုဆောင်းတာ၊ အနိုင်ထက်ပြုမူတာတွေ လုပ်ဆောင်နေလို့ အကြိမ်ကြိမ် သတိပေးပြီး မလုပ်ဖို့ တားမြစ်ခဲ့ပေမယ့် မလိုက်နာလို့ ရှင်းလင်းခဲ့ရတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

“ စစ်ကောင်စီရဲ့ ဒေါက်တိုင်မှန်သမျှကိုတော့ အချိန်မရွေး နေရာမရွေး လိုအပ်သလို အရေးယူဆောင်ရွက်မှာပါခင်ဗျ” လို့လည်း မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဘေးဒဏ်သင့်တံတားဦးမြို့နယ်မှာစစ်တပ်က တစ်ရွာကို စစ်မှုထမ်းဖို့ လူ ၅ ဦး တောင်းလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၆ ဦး နှုတ်ထွက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အုပ်ချုပ်​ရေး အဖွဲ့ဝင်များက ရပ်ကွက်​နေပြည်သူများ၏ အိမ်ထောင်စုစာရင်းစာရင်းစာရွက်များကို လိုက်လံကောက်ယူနေကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့မှ အမှတ်(၃)ရပ်ကွက် စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏သားဖြစ်သူ Non-CDM ဝန်ထမ်းတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက ယနေ့(မတ်လ ၁ရက်)အသိပေး ထုတ်ပြန်သည်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း (၇)နှင့် မဟာမိတ်တပ်များက နှစ်ရက်ဆက် ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီက ရေကြောင်းနှင့် လေကြောင်းပစ်ကူများပေးပြီး တပ်ပြန်ဆုတ်သွားရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင် တပ်ရင်း(၁)မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။