Connect with us

Hi, what are you looking for?

သတင်း

အာဆင်းနစ်ဓာတ် များ​နေလို့ သံလွင်မြစ်ရေကို မ​သုံးကြဖို့ ထိုင်းမှာညွှန်ကြား

သံလွင်မြစ်ရေထဲ အဆိပ်အတောက် ဓာတုပစ္စည်းတွေ ရောနှော ပါဝင်နေတာကြောင့် သောက်သုံးတာမျိုး မလုပ်ဖို့ထိုင်းအာဏာပိုင်တွေကညွှန်ကြားထားပါတယ်။

သံလွင်မြစ်တ​နေရာ။ (ဓါတ်ပုံ- Gerald Flynn/ Mongabay)

နိုဝင်ဘာ-၅၊၂၀၂၅။People’s Spring

သံလွင်မြစ်ရေထဲ အဆိပ်အတောက် ဓာတုပစ္စည်းတွေ ရောနှော ပါဝင်နေတာကြောင့် သောက်သုံးတာမျိုး မလုပ်ဖို့ထိုင်းအာဏာပိုင်တွေကညွှန်ကြားထားပါတယ်။

မယ်ဟောင်ဆောင်ပြည်နယ်၊ဆွပ်မွိုင် ခရိုင်ထဲမှာ အာဏာပိုင်တွေက ဒေသခံတွေအနေနဲ့ လတ်တလောမှာ သံလွင်မြစ်ရေကိုခပ်ယူသုံးစွဲတာ၊သောက်သုံးတာတွေ မလုပ်ဖို့နဲ့ မြစ်ထဲက ငါးတွေကိုလည်း ဖမ်းဆီးစားသောက်ခြင်းကနေ ရှောင်ရှားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

သံလွင်မြစ်ရေကို ဓာတ်ခွဲ စမ်းသပ်တဲ့အခါ လုံခြုံဘေးကင်းတယ်လို့ သတ်မှတ်ထားတဲ့ အာဆင်းနစ် အဆိပ်အတောက်ပမာဏထက်၅ဆလောက်ပိုများနေကြောင်း ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ချင်းမိုင် တက္ကသိုလ်ရဲ့ သဘာဝ ပတ်ဝန်းကျင် သိပ္ပံ သုတေသန ဌာနက သံလွင်မြစ်ရေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့တဲ့နောက် ခရိုင် အုပ်ချုပ်ရေးမှူး ကမ်ဖန် မော့ထိုင်ဆောင်က နိုဝင်ဘာ ၃ ရက်နေ့မှာ အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ယူခဲ့ပါတယ်။

တွေ့ရှိချက်တွေအရဘန်သာတာဖန်နားမှာခပ်ယူခဲ့တဲ့ သံလွင်မြစ်ရေ နမူနာဟာအာဆင်းနစ်ဓာတ် လွန်ကဲနေခဲ့တာ ဖြစ်ပါတယ်။သံလွင်မြစ်ဟာအဲဒီကမှတဆင့် မယ်ဆာရန်းကိုဖြတ်ပြီး ဆွပ်မွိုင်ကို ရောက်ရှိတာပါ။

အခုကိစ္စနဲ့ ပတ်သက်လို့ဒေသခံရွာသားတွေကြားမှာလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒေသတွင်း လူ့အဖွဲ့အစည်းအများအပြားဟာသံလွင်မြစ်အပေါ် အကြီးအကျယ် မှီခိုနေရတာကြောင့် ဒီသတင်းနဲ့ ပတ်သက်ပြီး အားလုံး စိုးရိမ်နေကြတာ မဆန်းဘူးလို့ ဘန်သာတာဖန် ရွာသူကြီး ဆူဝတ် ဆာမာဂျစ်က ပြောပါတယ်။

ရွာသားတွေက မြစ်ရေကို မသုံးဘူး၊မြစ်ထဲကငါးတွေကို မစားဘူး ဆိုရင်တောင်မှ မြစ်ကမ်းနံဘေးတလျှောက်မှာ ရှိနေတဲ့ စိုက်ခင်းတွေဟာလည်း ဓာတုအဆိပ်သင့်မှု ပြဿနာကို ကြုံနိုင်ခြေ ရှိနေဆဲလို့ သူက ထောက်ပြခဲ့ပါတယ်။

နိုဝင်ဘာဆိုရင် မြစ်ရေကျလေ့ရှိတာကြောင့် ဒေသခံတွေကစိုစွတ်နေတဲ့ သောင်ပြေတွေပေါ်မှာပဲ၊ဆေးရွက်ကြီးနဲ့ တခြား ဟင်းသီးဟင်းရွက်တွေ ပုံမှန် စိုက်ပျိုးလေ့ရှိကြောင်း၊ အဲဒီ မြေသားကနေ သီးနှံတွေကိုရော အဆိပ်သင့်မလားဆိုတာ ဘယ်သူမှ မသိနိုင်ကြောင်း ဆူဝတ်က ဆိုပါတယ်။

အခုတော့ မိသားစု အသီးသီးက ကလေးတွေကို မြစ်ထဲ ရေဆင်းကူးတာမျိုး မလုပ်ဖို့လည်း တားဆီးထားကြပါတယ်။ ဒါပေမဲ့ ကျွဲတွေကတော့ ပုံမှန်အတိုင်း မြစ်ထဲဆင်းပြီး ရေကူးနေကြဆဲပါ။ အခုထိ ဘယ်အစိုးရ အရာရှိကမှ ဒေသတွင်း ကျေးရွာတွေဆီ လာရောက်ပြီး ကြုံတွေ့နေတဲ့ ပြဿနာ ဘယ်လောက် ကြီးသလဲဆိုတာ သေချာ မရှင်းပြသေးဘူးလို့ ရွာသားတွေက ဝေဖန်ခဲ့ပါတယ်။

သံလွင်မြစ်ရေထဲမှာ အာဆင်းနစ်ဓာတ်တွေ အများအပြားရောပါလာစေတဲ့မူလရင်းမြစ်ကိုတော့ ဆက်လက် စုံစမ်းနေဆဲလို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

ကိုးကား- Transborder News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။