Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းမှာ ပျူစောထီးစခန်းနဲ့ စစ်ကောင်စီ ကင်းအဖွဲ့ကို PDF တိုက်ခိုက်

ပဲခူးတိုင်း၊ နတ်တလင်းမြိုနယ်၊ မင်းဘူးကျွန်းအောက်စု ပျူစောထီးစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့သလို တောင်ညိုရဲကင်းစခန်းက ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင် အမှတ်(၁) တပ်ရင်းက ထုတ်ပြန်ပါတယ်။

ကံစုတာဂွစခန်းမှူးနေအိမ်နဲ့ စစ်ကောင်စီကင်းပုန်းဝပ်တဲ့ ဗိုလ်တဲစခန်းကို တော်လှန်ရေးရဲဘော်တွေ မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - သာယာ၀တီခရိုင်တပ်ရင်း(၁)

နိုဝင်ဘာ-၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

ပဲခူးတိုင်း၊ နတ်တလင်းမြိုနယ်၊ မင်းဘူးကျွန်းအောက်စု ပျူစောထီးစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့သလို တောင်ညိုရဲကင်းစခန်းက ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင် အမှတ်(၁) တပ်ရင်းက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၃ရက်မနက်မှာ မင်းဘူးကျွန်းအောက်စု ပျူစောထီးစခန်းကို ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၂၂)ဗျူဟာ၊ သာယာဝတီခရိုင် တပ်ရင်း(၁)တပ်ရင်း Drone တပ်ဖွဲ့ ရဲဘော်တွေနဲ့တပ်ခွဲ(၂) ရဲဘော်တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ကံစုတာဂွ စခန်းမှူးနေအိမ်နဲ့ စစ်ကောင်စီကင်းပုန်းဝပ်တဲ့ ဗိုလ်တဲစခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း အသိပေးထားပေမယ့် စစ်ဆင်ရေး အသေးစိတ်အခြေအနေတွေ ဖော်ပြမထားပါဘူး။

Public Service Announcement

Public Service Announcement

ကံစုတာဂွစခန်းမှူးနေအိမ်နဲ့ စစ်ကောင်စီကင်းပုန်းဝပ်တဲ့ ဗိုလ်တဲစခန်းကို တော်လှန်ရေးရဲဘော်တွေ မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ – သာယာ၀တီခရိုင်တပ်ရင်း(၁)

ဒါ့အပြင် တောင်ညိုရဲကင်းစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတွေကိုလည်း နိုဝင်ဘာ ၃ရက်မနက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိတယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ဆင်ရေးအတွင်းမှာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

အဲဒီစစ်ဆင်ရေးတွေနဲ့ဒေသတွင်း စစ်ရေးအခြေအနေတွေကို မေးမြန်းဖို့ သာယာ၀တီခရိုင် အမှတ်(၁) တပ်ရင်းကို ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

သာယာ၀တီခရိုင်တပ်ရင်း(၁)ဟာ ဒေသတွင်း စစ်ကောင်စီ ထောက်တိုင်တွေကို တိုက်ခိုက်တာ၊ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်ရေးအတွက် လုပ်ဆောင်နေသူတွေကို သတိပေးတာလုပ်ဆောင်ခဲ့တဲ့ တပ်ရင်းဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က အလင်းဝင်လာသူတွေကို ကြိုဆိုလက်ခံပြီး လက်နက်ပါလာသူတွေကို ဆုငွေပေးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်သားစုဆောင်းထားတဲ့ လူငယ်တွေအနေနဲ့ အခွင့်အရေးရရင် တပ်ရင်းကိုဆက်သွယ် အလင်းဝင်ကြဖို့၊ စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားအတွက်အသုံးချခံ မဖြစ်ကြစေဖို့လည်း သာယာ၀တီခရိုင်တပ်ရင်း(၁)အနေနဲ့တိုက်တွန်း နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။