Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာအာဏာသိမ်းခေါင်းဆောင်တွေအနေနဲ့ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်နိုင်ဖို့ အလှမ်းဝေးနေဆဲလို့ အာဆီယံအထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ကန့်ကွက်တားဆီးရေးအပါအဝင် အသစ်ဖွဲ့စည်းသည့် စစ်ကော်မရှင်အဖွဲ့သစ်ကိုပါ ဖြိုခွဲနှိမ်နှင်းကြရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က တိုက်တွန်းလိုက်သည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်းခန်းကျေးရွာအနီး ကသာ-ဗန်းမော်လမ်းပိုင်းရှိ စင်းခန်းတံတား ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖြန့်ဝေမှုရှိသော်လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲဘော်က အဆိုပါ တံတားပေါ်မှ စစ်သင်္ဘောများ ပစ်ခတ်တိုက်ခိုက်သည့် ရုပ်သံမှတ်တမ်းကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြလာသည်။

သတင်း

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဗားကရာလမ်းမပေါ်ရှိ ရွှေပြည်အေးရိပ်မွန်ကွန်ဒိုရှေ့တွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရသောကြောင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းက အသိပေးထားသည်။

သတင်း

စက်တင်ဘာလအတွင်း ဩစတေးလျနိုင်ငံမှာ ဖျော်ဖြေပွဲတွေပြုလုပ်မယ့် တော်လှန်အနုပညာရှင် ဒေါင်းရဲ့ မဲလ်ဘုန်းမှာပြုလုပ်မယ့်ပွဲ လက်မှတ်တွေကို ဩဂုတ် ၈ ရက်မှာ စတင်ရောင်းချနေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် တမူးမြို့နယ်မှ နမ့်မွန်းတားရွာအား ပြန်သိမ်းယူရန် စစ်ကောင်စီတပ်က အကြိမ်ကြိမ် စစ်ကြောင်းထိုးနေပြီး ယနေ့တိုက်ပွဲ၌လေကြောင်းမှ သုံးကြိမ် ဗုံးလာကြဲခဲ့သည်။

သတင်း

စစ်ဗိုလ်နဲ့ ရန်ဖြစ်လို့ အဖမ်းခံလိုက်ရတဲ့ မိတ္ထီလာကပျူ​စောထီးခေါင်းဆောင်ဒီကနေ့ညပြန်လွတ်လာတယ်လို့သတင်းရရှိပါတယ်။

သတင်း

သြဂုတ် ၈၊၂၀၂၅။သတိုး/People’s Spring ၂၀၀၇ ရွှေဝါရောင်‌တော်လှန်ရေးမှာ သံဃာတော်တွေ ညှင်းပမ်းနှိပ်စက်ခံရတာ၊ သေကြေပျက်စီးခဲ့ရတာနဲ့ သာသနာတော်နစ်နာခဲ့ရတာတွေဟာ သေဆုံးသွားတဲ့ ယာယီသမ္မတဦးမြင့်ဆွေရဲ့ လက်ချက်မကင်းဘူးလို့ ငွေကြာရံပရိယတ္တိစာသင်တိုက်မှရွှေဝါရောင်ဆရာတော်ဦးအဂ္ဂဓမ္မကမိန့်ကြားပါတယ်။ “ဦးဇင်းတို့ အသီးသီးပေါ့ နော်၊၂၀၀၇ရွှေဝါရောင်တော်လှန်‌ရေးနဲ့ ပတ်သက်ပြီး ထောင်တွေထဲကိုရောက်သွားတဲ့ အချိန်မှာလည်း စစ်ကြောရေးမှာ ညှင်းပမ်းနှိပ်စက်ခံရတာတွေ ၊ ဦးဇင်းဆို သွားတောင်မရှိတော့ပါဘူး။...

သတင်း

စစ်ကိုင်း၊ မကွေး၊ တနင်္သာရီနဲ့ ရှမ်းပြည်နယ်တို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ယနေ့ (သြဂုတ် ၈) ကျရောက်တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၇)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

ယနေ့ (သြဂုတ် ၈)ကျရောက်သည့် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး (၃၇)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် သြစတြေးလျ၊ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု​တို့ကို ပြုလုပ်ခဲ့ကြသည်။

သတင်း

မတရားထောင်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၏သမီး မမိုးဆန်းစုကြည် သည် ဩဂုတ် ၇ရက်က လွတ်ရက်စေ့ဖြင့် လွတ်မြောက်လာပြီးနောက် စစ်ကောင်စီက အမှုထပ်တိုးကာ ထပ်မံဖမ်းဆီးလိုက်သည်။

Facebook