Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း၊ မကွေး၊ တနင်္သာရီနဲ့ ရှမ်းပြည်နယ်တို့မှာ ရှစ်လေးလုံးအရေးတော်ပုံ လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်း၊ မကွေး၊ တနင်္သာရီနဲ့ ရှမ်းပြည်နယ်တို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ယနေ့ (သြဂုတ် ၈) ကျရောက်တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၇)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သြဂုတ် ၈၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်း၊ မကွေး၊ တနင်္သာရီနဲ့ ရှမ်းပြည်နယ်တို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ယနေ့ (သြဂုတ် ၈) ကျရောက်တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၇)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၇)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျောင်းသားထု၊ အလုပ်သမားပြည်သူလူထုတို့ အတူပူးပေါင်းကာ “၈” ဂဏန်းထီးများကိုင်ဆောင်ပြီး “မပြီးဆုံးသေးတဲ့ရှစ်လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”၊ “၈၈ မှသည် ၂၁/၂၁ မှသည် လူထုလွတ်မြောက်ရေးဆီသို့ချီတက်ကြ” စတဲ့ ဘန်နာစာတန်းနဲ့ ချီတက်ခဲ့ကြပါတယ်။

ကလေးမြို့နယ်မှာလည်း ဒေသတွင်းတိုက်ပွဲ ပြင်းထန်တဲ့ကြားက သပိတ်ဦးဆောင်ကော်မတီနဲ့ တော်လှန်ပြည်သူတွေက ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၇)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ကနီမြို့နယ်မှာလည်း သပိတ်ဦးဆောင်ကော်မတီ၊ အမျိုးသမီးမဟာမိတ် အင်အားစု(WAB) နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ(၃၇) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ထီးသပိတ် ပြုလုပ်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် တစ်နေရာမှာလည်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီမှ ဦးဆောင်ပြီး ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၇)နှစ်ပြည့် ထီးသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

ချောင်းဦးမြို့နယ်မှာလည်း လူငယ်အင်အားစုသပိတ်ကော်မတီမှ (၃၇) ကြိမ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် အဖြစ် Umbrella Strike၊ထီးသပိတ် ပြုလုပ်ခဲ့ပြီး “မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး လူထုလွတ်မြောက်ရေးအတွက် ဒို့အတူရုန်း” ဘန်နာကိုင်စွဲကာ တပါတီအာဏာရှင်စနစ်ကို ဖြုတ်ချခဲ့သော ရှစ်လေးလုံးလုထုအရေးတော်ပုံကြီး (၃၇) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း၊ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းတို့မှ ၈၈၈၈လူထုအရေးတော်ပုံ(၃၇)နှစ်ပြည့် “ထီး”သပိတ်ကို ပြုလုပ်ခဲ့ကြပြီး “စစ်အာဏာရှင်ကျရှုံးရေး၊ ဖမ်းဆီးထားသောနိုင်ငံ့ခေါင်းဆောင်များနဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးချက်ချင်းလွှတ်” လို့ ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့နယ်တစ်နေရာမှာလည်း လူထုတိုက်ပွဲကော်မတီနဲ့ ပြည်သူလူထုတွေ ပူးပေါင်းကာ ရှစ်လေးလုံးအထိမ်းအမှတ် Umbrella Strike နဲ့ “တော်လှန်မျိုးဆက်ပုန်ကန်ရုန်းထွက်” စာသားကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

တနင်္သာတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ပြည်သူလူထု ဆန္ဒထုတ်ဖော်ပွဲနဲ့ (၃၇)နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် ချီတက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

ယင်းဆန္ဒထုတ်ဖော်ပွဲမှာ မြို့နယ်အတွင်းရှိ ပြည်သူရာချီပါဝင်ခဲ့ကြပြီး “အကြမ်းဖက်စစ်အုပ်စု၏ ရွေးကောက်ပွဲအလိုမရှိ”၊ “စစ်အာဏာရှင်စနစ်အလိုမရှိ”၊ “ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တို့အရေး” စတဲ့ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ရှမ်းပြည်နယ် အင်းလေးဒေသမှာလည်း ရှစ်လေးလုံးမှာ အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ အင်းလေးအမျိုးသမီးသမဂ္ဂ အပါအဝင် အင်းလေးလူထုလှုပ်ရှားမှုမှ (၃၇) နှစ်ပြည့် ရှစ်လေးလုံးကမ်ပိန်းလှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်၊ GSCB၊ DDMSC ၊ အင်းလေးသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ကမ္မလိုင်းရွာအခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန်တပ်ရင်းမှာ မွမ်မံသင်တန်းတက်ရောက်နေတဲ့ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦး အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၅) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ် ကျွဲထိန်ကုန်းကျေးရွာကို စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။