Connect with us

Hi, what are you looking for?

သတင်း

အတုအယောင်ရွေးကောက်ပွဲ တားဆီးကြရန်နှင့် စစ်ကော်မရှင်အဖွဲ့သစ်ကိုပါ ဖြိုခွဲနှိမ်နှင်းကြရန် KNPP တိုက်တွန်း

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ကန့်ကွက်တားဆီးရေးအပါအဝင် အသစ်ဖွဲ့စည်းသည့် စစ်ကော်မရှင်အဖွဲ့သစ်ကိုပါ ဖြိုခွဲနှိမ်နှင်းကြရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က တိုက်တွန်းလိုက်သည်။

(ကရင်နီတပ်မတော် (KNPP) တပ်ဖွဲ့အချို့ကို အခမ်းအနားတစ်ခုတွင် တွေ့မြင်ရစဉ်။ (ဓာတ်ပုံ − KNPP)

သြဂုတ်-၉ ၊ ၂၀၂၅။ရဲခေါင် /Peoples Spring

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ကန့်ကွက်တားဆီးရေးအပါအဝင် အသစ်ဖွဲ့စည်းသည့် စစ်ကော်မရှင်အဖွဲ့သစ်ကိုပါ ဖြိုခွဲနှိမ်နှင်းကြရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က တိုက်တွန်းလိုက်သည်။

ယနေ့(သြဂုတ် ၉ ရက်)တွင် ကျရောက်သော (၇၇)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် KNPP က အထက်ပါအတိုင်း တိုက်တွန်း တောင်းဆိုထားသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လူထုတစ်ရပ်လုံးနှင့် တော်လှန်ရေးအင်အားစုများက အပြီးတိုင်ဖျက်သိမ်းပြီး ဖြစ်သဖြင့် ယင်းကို ပြန်လည်အသက်သွင်းရန်ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်တိုက်ဖျက်ရမည်ဖြစ်၍ လွတ်လပ်ပြီး တရားမျှတမှုမရှိသည့် စစ်တပ်၏ နိုင်ငံရေးလှည့်စားမှုဖြစ်သော အတုအယောင်ဟန်ပြရွေးကောက်ပွဲကျင်းပရန်ကြိုးပမ်းမှုကို ကန့်ကွက်တားဆီးရမည်ဟုလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖြစ် အသစ်ဖွဲ့ကာ မင်းအောင်လှိုင်ကသာ ဥက္ကဌ အဖြစ်လည်းကောင်း၊ ယာယီသမ္မတ တာဝန်ဖြင့်လည်းကောင်း၊စစ်တပ်ဦးစီးချုပ်ဖြင့်လည်းကောင်း ဗိုလ်ချုပ်မှူးကြီးရာထူးများဖြင့်လည်းကောင်း နေရာ ဆက်လက်ရယူထားကြောင်း အသိပေးသည်။

ထို့ကြောင့် စစ်ကျွန်ဇာတ်သွင်းမည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့သစ်ကိုလည်း အမြတ်ဖြုတ်ဖြိုခွင်နှိမ်နှင်ရမည်ဟု KNPPက တိုက်တွန်းသည်။

“စစ်တပ် အနေနဲ့ ကရင်နီပြည်နယ်မှာ လွိုင်ကော်ကို ဗဟိုပြုပြီး ရွေး ကောက်ပွဲလုပ်နိုင်ဖို့ စီစဥ်ထားတယ်ပဲ ပြောရမယ်။ဒါကြောင့် လွိုင်ကော်မြို့ ပတ်ပတ်လည် ကို စစ်ရေးအရပြန်ပြီး အသားစီးယူထားတယ်။အခုလည်း ဒီးမော့ဆို အရှေ့ခြမ်းကို စစ်ကြောင်းတွေ တိုးလာတာရှိနေတယ်။လွိုင်ကော် မြို့နယ်ကနေ ရသလောက်ချဲ့မယ့်သဘောလို့ မြင်ရတယ်”ဟု ကရင်နီပြည်နယ်စစ်ရေးသတင်းရင်းမြစ် က လူထုနွေဦးသို့ ပြောသည်။

KNPP အနေဖြင့် ၁၉၄၈ကစ၍ ခေတ်အဆက် ဆက်အုပ်စိုးသူစစ်အာဏာရှင်များ အလိုကျ စစ်အာဏာသိမ်းပြီးနိုင်ငံအား ဆယ်စုနှစ်ပေါင်းများစွာဖျက်ဆီးခဲ့သော စစ်အာဏာရှင်စနစ်ကို အပြီတိုင်ချုပ်ငြိမ်းရေးနှင့် ပြည်နယ်၊ပြည်နယ်သူ ၊ပြည်နယ်သားများ၏ ဆန္ဒနှင့်ပါဝင်မှုကို အခြေခံကာ ပြည်နယ်၊ ဖက်ဒရယ်ယူနစ်အားကောင်းရေးကို ရှေးရှုမည်ဟု သဝဏ်လွှာ၌ ဖော်ပြသည်။

ပြည်နယ်၊ ဖက်ဒရယ်ယူနစ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေး ချဥ်းကပ်မှု ဖြင့် တော်လှန်ရေးကာလ၊ကြားကာလမှစတင်ကာ တော်လှန်ရေး၏ အန္တိမပန်းတိုင်ဖြစ်သောအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက် နိုင်သည်အထိ အခြားသော တော်လှန်ရေးအင်အားစု များနှင့် ဦးတည်လျှောက်လှမ်းမည်ဟုလည်း ကတိပြုထားသည်။

ကရင်နီပြည်နယ်၏ သီးခြားလွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖဆပလအစိုးရက ၁၉၄၈ ခုနှစ် သြဂုတ် ၉ ရက်တွင် ကျူးကျော်တိုက်ခိုက်သည့်နေ့ကစ၍ ကရင်နီအမျိုးသားများ ပြန်လည်တွန်းလှန်ခုခံရာမှ ခုခံတော်လှန်ရေးနေ့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိ ကရင်နီပြည်နယ်တွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ရှားတောနှင့် မယ်စဲ့မြို့နယ်များကိုသိမ်းပိုက်ထားပြီး တပ်ရင်းတစ်ခုတည်းကျန်သော ဖားဆောင်းမြို့နယ်ကိုလည်း ဆက်လက် တိုက်ခိုက် နေဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။