Connect with us

Hi, what are you looking for?

သတင်း

သြစတြေးလျ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ဆန္ဒပြ

ယနေ့ (သြဂုတ် ၈)ကျရောက်သည့် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး (၃၇)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် သြစတြေးလျ၊ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု​တို့ကို ပြုလုပ်ခဲ့ကြသည်။

သြဂုတ် ၈၊၂၀၂၅။ သုည/People’s Spring

ယနေ့ (သြဂုတ် ၈)ကျရောက်သည့် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး (၃၇)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် သြစတြေးလျ၊ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု​တို့ကို ပြုလုပ်ခဲ့ကြသည်။

သြစတြေးလျနိုင်ငံ၊ မြို့တော်ကင်ဘာရာရှိ စစ်အာဏာရှင် သံရုံးရှေ့တွင် မြန်မာ့အရေး လှုပ်ရှားသူများက ဦးဆောင်ပြီး ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုအရေးတော်ပုံ (၃၇)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဆန္ဒပြခဲ့ကြသည်။

ကင်ဘာရာမြို့က ဆန္ဒပြပွဲကို CRPH/NUG Support Group (Australia)မှ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တရုတ်သံရုံးရှေ့တွင်လည်း သွားရောက်ဆန္ဒပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဂျပန်နိုင်ငံ တိုကျိုမြို့တွင်လည်း (၃၇)နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံးထီးသပိတ်လှုပ်ရှားမှုနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ပြည်ပရောက် မြန်မာပြည်သူများက စုပေါင်းလုပ်ဆောင်ခဲ့ကြသည်။

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင်လည်း ရှစ်လေးလုံးအထိမ်းအမှတ် ထီးသပိတ်နှင့် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

ယင်းဆန္ဒပြပွဲကို နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းက ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဆန္ဒပြပွဲတွင် “ရုန်းထွက်ချင်လျှင် တော်လှန်ရမည်”၊ “တော်လှန်မှ ရုန်းထွက်နိုင်မည်” စသည့် ဘန်နာများဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့အပြင် ဒယ်ဂူးဆရာတော်က အာဏာရှင်က ယုတ်မာနေချိန်တွင် တော်လှန်ရေးသမားများ ညီညွတ်ရန် ၊ စုစည်းရန်၊ ခေါင်းဆောင်မှုလိုကြောင်း၊ စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် အာဏာရှင်စနစ်ဆိုးမှ လွတ်မြောက်ရန်အတွက် တွန်းလှန်ကြရန်လည်း မိန့်ကြားခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံက စူပါမားကက်တစ်ခုမှာ ဓားကိုင်တိုက်ခိုက်မှု တစ်ခုကြောင့် လူ ၈ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICC)ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျပန်တရားသူကြီး တိုမိုကို အက်ကာနီနဲ့ နောက်ထပ် ICC အရာရှိ ၈ ဦးကို လွှဲပြောင်းပေးဖို့ ရုရှားအစိုးရရဲ့ တောင်းဆိုမှုအပေါ် ဂျပန်အစိုးရက အပြင်းအထန် ဝေဖန် ကန့်ကွက်လိုက်ပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ တီထွင်ထုတ်လုပ်ထားတဲ့ ပထမဆုံး ဟိုက်ပါဆောနစ် ဒုံးကျည်ကို တောင်ကိုရီးယားက စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန် ရေပိုင်နက် အလွန်ကို ရောက်ရှိနေတဲ့ တရုတ် သုတေသန ရေယာဉ်တစ်စီးကို ပြန်လည် ထွက်ခွာသွားဖို့ ဂျပန် ကမ်းခြေစောင့်တပ်က ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။