ဇူလိုင်-၂၃၊၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ခေါင်လန်ဖူးဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံတပ်တွေအကြား တိုက်ပွဲဆက်ဖြစ်နေတယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ရေးအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပဲ ၊ဆက်လက်မေးမြန်းထားဆဲဖြစ်ပါတယ်။ ဒါ့အပြင် ကချင်သတင်းရင်းမြစ်အချို့ကခေါင်လဲဖူးဒေသမှာ KIA နဲ့ PDF ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့မြန်မာ-တရုတ်နယ်စပ်မှတ်တိုင်အနီးက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စခန်း မီးလောင်နေတဲ့ ရုပ်သံကိုဇူလိုင် ၂၃ရက်ညပိုင်းမှာ ဖော်ပြလာပါတယ်။
ဇူလိုင် ၁၃ရက်က နယ်ခြားမှတ်တိုင် ၃၀အနီးက စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံပြည်သူ့စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်စခန်းကို ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် မီးလောင်နေတဲ့ မြင်ကွင်းကို တရုတ်ဘက်အခြမ်းက ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းဖြစ်ပါတယ်။

Public Service Announcement
အလားတူ ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲမှာ စစ်သား ရုပ်အလောင်းအချို့ကျန်ခဲ့လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ရှင်းလင်းပေးတဲ့ ရုပ်သံကိုလည်းတွေ့ရပါတယ်။
ခေါင်လန်ဖူးတိုက်ပွဲအတွင်း စစ်တပ်နဲ့ ပြည်သူ့စစ်တွေထံကနေ လက်နက်ခဲယမ်းတွေ သိမ်းရခဲ့တာလည်း ရှိခဲ့ပါတယ်။
ခေါင်လန်ဖူးအပါအဝင် ကချင်ဒေသ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းခဲ့ရာ လတ်တလော သတင်းတွေ ဖြေကြားဖို့ မရှိသေးဘဲ ဖြေကြားလို့ အဆင်ပြေတဲ့ အချိန် ပြန်လည်ဖြေကြားပေးမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောပါတယ်။


















































