Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ဝန်ကြီးချုပ်ဦးညီပုသမီးထောင်လွတ်ရက်စေ့သော်လည်းစစ်ကောင်စီက အမှုထပ်တိုးပြီး ပြန်ဖမ်း

မတရားထောင်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၏သမီး မမိုးဆန်းစုကြည် သည် ဩဂုတ် ၇ရက်က လွတ်ရက်စေ့ဖြင့် လွတ်မြောက်လာပြီးနောက် စစ်ကောင်စီက အမှုထပ်တိုးကာ ထပ်မံဖမ်းဆီးလိုက်သည်။

ဩဂုတ်-၈၊၂၀၂၅။လူအေး/People’s Spring

မတရားထောင်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၏သမီး မမိုးဆန်းစုကြည် သည် ဩဂုတ် ၇ရက်က လွတ်ရက်စေ့ဖြင့် လွတ်မြောက်လာပြီးနောက် စစ်ကောင်စီက အမှုထပ်တိုးကာ ထပ်မံဖမ်းဆီးလိုက်သည်။

မမိုးဆန်းစုကြည်သည် ၂၀၂၁ မတ်လ ၉ရက်က ရန်ကုန်မြို့နေအိမ်၌ ဖမ်းဆီးခံရကာ ပုဒ်မ- ၅ဝ၅(က)၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)တို့ဖြင့် စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ပြီး ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

” လျှော့ရက်နဲ့ မနေ့က လွတ်ရက်ဖြစ်တယ်။ ထောင်ချနေစဉ်က အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကိုပို့ထားတာ။ မနေ့က လွတ်ရက်စေ့တော့ သာယာဝတီမြို့နယ်ကရေတပ်ဖွဲ့မှူးကိုယ်တိုင် ထောင်ထဲကိုဝင်လာပြီး ရဲစခန်းကိုခေါ်သွားတယ်။ ပြီးတော့ ထောင်ထဲကိုပြန်ပို့လိုက်တာ။ အမှုထပ်စွဲတယ်ဗျာ”ဟု မမိုးဆန်းစုကြည်၏ မိတ်ဆွေနိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂(က)ဖြင့် ရဲတပ်ဖွဲ့က တရားလိုလုပ်၍ ထပ်မံတရားစွဲထားသည်ဟု သတင်းရရှိသည်။

အသက်(၃၃)နှစ်အရွယ် မမိုးဆန်းစုကြည်သည် NLD ပါတီလူငယ်တာဝန်ခံဖြစ်ပြီး ဖခင်ဖြစ်သူ ဦးညီပုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား ချစ်ခင်လေးစားသူဖြစ်သည်။

ဦးညီပုသည် ၁၉၉၀ ရွေးကောက်ပွဲတွင် NLDပါတီကိုယ်စားပြု၍ ရွေးကောက်ခံခဲ့ရသော်လည်း စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံရပြီး ထောင်ဒဏ် ၁၀နှစ်ချမှတ်ခံခဲ့ရဖူးသည်။ ဒေါ်အောင်ဆန်းစုကြည်အားချစ်ခင်လေးသူဖြစ်၍ သမီးဖြစ်သူအား မိုးဆန်းစုကြည်ဟု အမည်ပေးခဲ့သည်။

ဦးညီပုသည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဂွမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) မှ အနိုင်ရရှိခဲ့ပြီး ၂၀၁၆ မတ်လတွင် ရခိုင်ပြည်နယ်၏ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

၂၀၂၁စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးညီပုအား ဖမ်းဆီးကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅ နှင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၁၃၀(က) ပုဒ်မများဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် ၁၀နှစ်ကျော် ချမှတ်ထားသည်။

” မမိုးဆန်းစုကြည်က တည်ငြိမ်ပြီးရဲရင့်ပြတ်သားတဲ့အမျိုးသမီးဖြစ်တယ်။ စနစ်ကျတယ်။ သူက နိုင်ငံရေးဂုဏ်သိက္ခာရှိတယ်။ အမှုထပ်စွဲတာကတော့ စစ်အုပ်စုရဲ့အကြောက်တရားပဲ”ဟု နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook