Connect with us

Hi, what are you looking for?

သတင်း

စစ်ဗိုလ်နဲ့ ရန်ဖြစ်လို့ အဖမ်းခံရတဲ့ မိတ္ထီလာက ပျူခေါင်းဆောင်ပြန်လွတ်

စစ်ဗိုလ်နဲ့ ရန်ဖြစ်လို့ အဖမ်းခံလိုက်ရတဲ့ မိတ္ထီလာကပျူ​စောထီးခေါင်းဆောင်ဒီကနေ့ညပြန်လွတ်လာတယ်လို့သတင်းရရှိပါတယ်။

စစ်ဗိုလ်နဲ့ရန်ဖြစ်ခဲ့တဲ့ ပျူခေါင်းဆောင် ဇော်ယုထွန်းကို တွေ့ရစဥ်

သြဂုတ်-၈၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ဗိုလ်နဲ့ ရန်ဖြစ်လို့ အဖမ်းခံလိုက်ရတဲ့ မိတ္ထီလာကပျူ​စောထီးခေါင်းဆောင်ဒီကနေ့ညပြန်လွတ်လာတယ်လို့သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ မေလ(၁၅)ရက်နေ့က မိတ္ထီလာမြို့အဝင် တိုးဂိတ်မှာစစ်တပ်လက်​အောက်ခံပျူခေါင်းဆောင် ဇော်ယုထွန်းကို စစ်တပ်က လာရောက်ဖမ်းဆီးသွားခဲ့တာပါ။ နှစ်လခွဲခန့်အကြာ သြဂုတ် (၈)ရက်ညပိုင်းမှာတော့ သူလွတ်မြောက်လာကြောင်း ဒေသခံတချို့က ပြောပါတယ်။

“Confirm ပါ ကိုယ်တိုင်ကြိုလာတာပါ”လို့ ဇော်ယုထွန်း မိတ်ဆွေတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ဇော်ယုထွန်း လွတ်မြောက်လာမှုကို ပျူစောထီးနဲ့ မဘသအဖွဲ့ဝင်တွေက ဝမ်းမြောက်ကြောင်း လူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။

Public Service Announcement

Public Service Announcement

စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်တဲ့ ပျူခေါင်းဆောင် ဇော်ယုထွန်းဟာသူ့ Facebook မှာ စစ်မှုထမ်းငွေကြေးကောက်ခံတဲ့ကိစ္စကို ဝေဖန်ရေးသားလို့ နိုင်ငံတော်တည်ငြိမ်မှုကို ပျက်ပြားအောင် ဝါဒဖြန့်တယ်ဆိုပြီး စစ်တပ်က အရေးယူခဲ့တာပါ။

ဒါပေမဲ့ ဇော်ယုထွန်းဟာ မိတ္ထီလာတိုးဂိတ်မှာပဲ မလှိုင်မြို့နယ်က ဗိုလ်မှူးတယောက်မောင်းလာတဲ့ကားကို မှန်ချခိုင်းရာကနေ စကားများပြီး အခုလိုဖမ်းဆီးခံရတာလို့ သူ့အသိုင်းအဝိုင်းက ရုပ်သံမှတ်တမ်းတွေ ဖြန့်ဝေခဲ့ပါတယ်။ ရုပ်သံဖိုင်ထဲမှာ ဗိုလ်မှူးဆိုသူက ဇော်ယုထွန်းနဲ့ပျူအဖွဲ့ကို လက်

နက်နဲ့ကော လက်ပစ်ဗုံးပါ ဖောက်ခွဲပစ်မယ်လို့ အ​ကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့ပါသေးတယ်။ ဇော်ယုထွန်းပြန်လည်လွတ်မြောက်ဖို့ ပျူစောထီးတွေ ကြိုးစားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မိတ္ထီလာမြို့ဟာပျူစောထီးအင်အား အားကောင်းပြီး တော်လှန်ရေးအင်အားစုတွေကိုဖမ်းဆီးတာ၊ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ငွေညှစ်တာတွေ ပြုလုပ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဗိုလ်ချုပ်ဟောင်းမျိုးသိန်းက သူ့ရဲ့တူဖြစ်သူ မိုင်းဆွဲခံရပြီး ​သေဆုံးခဲ့တယ်လို့လူမှုကွန်ရက်မှာမနေ့က(ဒီဇင်ဘာ ၁၀ ရက်)အသိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲကို စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေပြီး ဒေသတွင်းမှာ အန္တရာယ်ကြီးတဲ့ ပျူစောထီးခေါင်းဆောင်တစ်ဦးကို အရှင်ဖမ်းမိထားတယ်လို့ တန့်ဆည် PDF ဆီကနေ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင်အိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါအဝင် ၅ ဦးသေဆုံးပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့သရက်ခရိုင်အမှတ်(၃)တပ်ရင်း၊ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အင်းစိန်လူမိုက်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ကျင်ဟုတ်နှင့် မရမ်းကုန်းမြို့နယ်၊ သမိုင်း(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးစိန်ဝင်းမြင့် တို့ပေါင်းပြီး ဘုရင့်နောင်ပွဲရုံအတွင်း၌ လောင်းကစားရုံဖွင့်လှစ်ထားကြောင်း ဒေသခံပြည်သူအချို့က လူထုနွေဦးသို့ ပြောသည်။