Connect with us

Hi, what are you looking for?

သတင်း

စင်းခန်းတံတားထိန်းချုပ်နိုင်ဟု စစ်အုပ်စုဝါဒဖြန့် သော်လည်း KIAက စစ်သင်္ဘောများအား တံတားပေါ်က တိုက်ခိုက်သည့် ရုပ်သံထွက်ပေါ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်းခန်းကျေးရွာအနီး ကသာ-ဗန်းမော်လမ်းပိုင်းရှိ စင်းခန်းတံတား ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖြန့်ဝေမှုရှိသော်လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲဘော်က အဆိုပါ တံတားပေါ်မှ စစ်သင်္ဘောများ ပစ်ခတ်တိုက်ခိုက်သည့် ရုပ်သံမှတ်တမ်းကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြလာသည်။

Screenshot

ဩဂုတ်-၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်းခန်းကျေးရွာအနီး ကသာ-ဗန်းမော်လမ်းပိုင်းရှိ စင်းခန်းတံတား ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖြန့်ဝေမှုရှိသော်လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲဘော်က အဆိုပါ တံတားပေါ်မှ စစ်သင်္ဘောများ ပစ်ခတ်တိုက်ခိုက်သည့် ရုပ်သံမှတ်တမ်းကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြလာသည်။

စစ်သင်္ဘောများ ရွှေကူမှ ဗန်းမော်မြို့သို့ ဆန်တက်နိုင်သည့် ဩဂုတ် ၁ရက်တွင် စင်းခန်းတံတားကို ပြန်ထိန်းချုပ်နိုင်ဟု စစ်ကောင်စီ လော်ဘီများက တံတားပုံဟောင်းအချို့ အသုံးပြု ဝါဒဖြန့် လာခြင်းဖြစ်သည်။ ဒုတိယမြစ်ကျဉ်းအနီး စင်းခန်းတံတား(ဗန်းမော်)ကို စစ်တပ်ကအပြည့်အ၀ ထိန်းချုပ်ခဲ့သည်ဟု လွန်ခဲ့သည့်တပတ်က ဝါဒဖြန့်ခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ စင်းခန်းတံတားကို စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုသောအခြေအနေနှင့်ပတ်သက်ပြီး မကြားမိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ဩဂုတ်လဆန်းကတည်းက ပြောပြထားပြီး ယခု ဩဂုတ်ဒုတိယပတ်တွင် ရုပ်သံထွက်ပေါ်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“စင်းခန်းတံတားပေါ်ကနေ … ပစ်တော့မယ်။ အမ် နိုင်းနိုင်းနဲ့” ဟု ရဲဘော်တစ်ဦးက ပြောပြီး အခြားတော်လှန်ရေးရဲဘော် တံတားပေါ် ဝပ်လျက်နေရာယူပြီး ပစ်ခတ်လိုက်သည်ကို ရုပ်သံ၌ တွေ့ရသည်။

ယင်းနှင့်ပတ်သက်၍ ကချင်သတင်းရင်းမြစ်က “အဆန်(ရွှေကူမှ ဗန်းမော်သို့အသွား)ပါ။ အပြန်လည်း တိုက်ကြတာပဲ။ တချို့မပြန်သေးဘူး”ဟု စစ်သင်္ဘောအုပ်စုသည် ရွှေကူမှ ဗန်းမော်မြို့သို့ သွားရောက်စဉ် ပစ်ခတ်တိုက်ခဲ့သည့် ရုပ်သံဖြစ်ကြောင်း ပြောသည်။

ဧရာ၀တီမြစ်ကူးတံတား (စင်းခန်း)သည် မီးရထားလမ်းနှင့် ကားလမ်းပါဝင်သည့် တံတားဖြစ်ပြီး စစ်ရေးအရအရေးပါသည့် ယင်းတံတားကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ၂၀၂၄ မေလတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် KIA ပူးပေါင်းတပ်က ဗန်းမော်မြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေးကြိုးပမ်းနေသကဲ့သို့ စစ်ကောင်စီကလည်း ဗန်းမော်မြို့မကျရေး စစ်လက်နက်ခဲယမ်းအင်အားများရေကြောင်း၊လေကြောင်းမှ ဖြည့်တင်းကာ တန်ပြန်ထိုးစစ်ဆင်လျက်ရှိ၍ဩဂုတ် ပထမပတ်အတွင်း ဗန်းမော်မြို့၌တိုက်ပွဲများ ပြင်းထန်လျက်ရှိဟု ကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောပြထားသည်။

https://www.facebook.com/LuduNwayOo/videos/782197680923634

ရုပ်သံ – Nay Thu Awng/Fb

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။