Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကကားသမားတွေကိုပါလိုက်ပစ်ပြီး လေ​ယာဥ်နဲ့ ဗုံးကြဲပစ်ကူ​ပေး​နေ

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းနဲ့ ကန့်ဘလူမြို့နယ်တို့ကို စစ်ကြောင်းထိုးခဲ့တဲ့ တပ်မ၃၃ စစ်ကြောင်း မနေ့က ညပိုင်းမှာ မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ- နန်းတွင်း)ထဲ ဝင်ရောက်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

လှိုင်သာယာမြို့နယ်ထဲကဟိုတယ်တွေအပါအဝင် အဆောက်အအုံတွေမှာ အွန်လိုင်း​ငွေလိမ်လုပ်ငန်း(ကျားဖြန့်)ဂိုဏ်းတွေ ရှိနေတာကို သတင်းပေးပေမယ့် စစ်ကောင်စီက အရေးမယူဘဲ အကာအကွယ်ပေးထားတယ်လို့ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးအချိုနဲ့ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဒေသခံတော်လှန်ပြ​ည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် Free Her လူထုလှုပ်ရှားမှုကို ဒီကနေ့ (နိုဝင်ဘာ ၂၇) ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စပါးရိတ်စက် လာလုတဲ့ စစ်အုပ်စုနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ရင်းက စစ်ကောင်စီတပ်သားသစ် ၂ဦး အလင်းဝင်လာကြောင်း PDF ဇိုလဲန်းက ထုတ်ပြန်ပါတယ်။

သတင်း

မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူတွေကို သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုအတွက် အာဏာသိမ်းစစ်တပ်တာဝန်ခံရမှာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေတရားမျှတမှုရရှိဖို့အတွက်လိုအပ်သလိုလက်တုန့်ပြန်သွားမယ်လို့ AAက ပြောပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို အာဏာသိမ်းစစ်ကောင်စီက ဒီဇင်ဘာ ၁ဝရက်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အပေါ် အာရက္ခတပ်တော်(AA)က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်တပ်ကျူးလွန်ခဲ့တာတွေထဲမှာ အဆိုးဝါးဆုံး အပြင်းထန်ဆုံးသော စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ဖော်ပြပါတယ်။

သတင်း

ရခိုင်ပြည်နယ်က မြောက်ဦးမြို့ဆေးရုံကြီးကို ‌ဗုံးကြဲမှုကြောင့် အကြမ်းဖက်စစ်ရာဇဝတ်မှုတရားခံအဖြစ် နိုင်ငံတကာအထိ နာမည်ကြီးနေတဲ့ စစ်ကောင်စီက ဂွမြို့ကိုလည်း လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ထိခိုက်ခံစားရသူတွေကို အကူအညီပေးဖို့ ချိတ်ဆက်နေဟု အသိပေး၊ စစ်အုပ်စုစစ်ရာဇဝတ်မှု ကျူးလွန်တာကို ချက်ချင်းကြားဝင်ဖို့၊ အရေးယူဖို့ နိုင်ငံတကာကို တိုက်တွန်း

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ တစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ တချို့သော အစိတ်အပိုင်းတွေကို အလည်အပတ် သွားရောက်တာမျိုး မလုပ်ဖို့ နယ်သာလန် အစိုးရက နိုင်ငံသားတွေကို သတိပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘို - မြစ်ကြီးနားလမ်းပိုင်းမှာ ၃ရက်ကြာတဲ့အထိ လမ်းပိတ်ထားလို့ ခင်ဦးမြို့နယ်မှာ ကားအစီးရေ ရာနဲ့ချီ ပိတ်မိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook